ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

19 September 2012

ဖားကန့်ဒေသတွင် မေလကုန်မှ ရပ်ဆိုင်းထားသော ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကွက် ၆၀၀၀ ကျော်အား ပြန်လည်တူးဖော်ခွင့်ပေးရန် အစီအစဉ်မရှိသေးဟု သိရ

 
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာအား စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့မြင်ရစဉ် ဓာတ်ပုံ မင်းသန့်
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မေလကုန်ပိုင်းမှ ရပ်ဆိုင်းထားသော ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကွက် ၆၀၀၀ ကျော်အား ပြန်လည်တူးဖော်ခွင့်ပေးရန် အစီအစဉ်မရှိသေးဟု လုံးခင်းမြို့နယ် သတ္တု တွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ

ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ယင်းနေ့တွင်ပင် ဖားကန့်မြို့အ၀င် အဓိကလမ်းပိုင်းတစ်ခုတွင် ပေါက်ကွဲမှုနှစ်ကြိမ်နှင့် တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့







ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသော ဒေါ်လပ်ဆိုင်း(အသက်၅၁)၏ အသုဘ အခမ်းအနားကို တွေ့မြင်ရစဉ်
_DSC0106ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့က ဖားကန့်မြို့အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်နှင့် ဖားကန့်၊ တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အသက်(၂၀)အရွယ်အမျိုးသမီးတစ်ဦးကို လိမ်လည်၍ အင်တာဗျူးမည်ဟု ဆိုကာအဓမ္မပြုကျင့် မှုဖြစ်ပွါး


စက်တင်ဘာ၊၁၉ ရက်၊ကွာလာလမ်ပူ 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော်တွင် 
မလေးနိုင်ငံသူ တရုတ်အမျိုးသမီးတစ်ဦး 
အား အလုပ်အင်တာဗျူး မည်ဟု အင်တာနက်

 အီးမေးလ် မှတဆင့် အကြောင်းကြားကာ ၎င်းအမျိုးသမီးအား ဟိုတယ်တခုသို့ ချိန်းဆို၍ အဓမ္မပြုကျင့်
မှုဖြစ်ပွါးခဲ့ပါသည်။

အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံထားရသူ စာရင်းမှ သမ္မတ ဦးသိန်းစိန်ကို ဖယ်ရှားပေး




အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံထားရသူများစာရင်းမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖယ်ရှားပေးခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကိုလည်း တားမြစ်ခံထားရသူများစာရင်းမှ ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။

ALD ဥက္ကဌ ဦးအေးသာအောင် အမေရိကန်သို့ ခရီးထွက်ခွာ






၁ copyရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဥက္ကဌ ဦးအေးသာအောင်သည် စက်တင်ဘာ (၁၉) ရက်နေ့ ညနေ (၄း၄၀)တွင် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ SILK AIRLINE လေကြောင်းဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ထွက်ခွာသွားခဲ့သည်။
အဆိုပါလေယာဉ်သည် အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ စက်တင်ဘာ (၂၀)ရက်နေ့ (၁၁း၀၀)နာရီတွင် ဆင်းသက်မည်ဖြစ်သည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ