ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 October 2012

ကျောက်တော် ပဋိပက္ခ ရခိုင် (၃) ဦးသေဆုံး(သတင်းအပြည့်အစုံ)


မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်ဖြူ
 မြို့နယ်တို့တွင် ဖြစ်ပွားနေသော အဓိဂ
ရုဏ်းမှာ ယခုအခါ ကျောက်တော်မြို့သို့
 တဖန် ကူးစက်သွားပြီး မီးရှို့ တိုက်ခိုက်

မူများ ဖြစ်ပွားနေရာ ရခိုင်အမျိုးသား (၃) ဦးသေဆုံး
သွားကြောင်း သတင်း ရရှိသည်။

စားသုံးသူကာကွယ်ပေးရေးက ကျနော်တို့နိုင်ငံမှာ အတော်နိမ့်ကျနေတယ်


နယ်စပ်က တရားမ၀င် မှောင်ခိုတင်သွင်းနေသူတွေကို လာမယ့် နိုဝင်ဘာလကစပြီး စစ်ဆေး အရေးယူတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။
စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းနဲ့ နယ်စပ်က တရားမ၀င်တင်သွင်းတာတွေ ရပ်တန့်သွားစေဖို့ လုပ်ငန်း လမ်းညွှန်ချက်တွေ ချမှတ်ထားပြီးဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

ရှားခဲအင်းရွာသား ၃ ဦး တရားစွဲဆိုခံရ


ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲတိုက်နယ်ကျေးရွာမှာ ဒေသခံ ရွာသား ၃ ဦးကို ငါးလုပ်ငန်းဦးစီး ဌာနက  အင်းထဲမှာ  တရားမ၀င် ငါးဖမ်းမှုနဲ့ တရားစွဲထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ရှားခဲအင်းရွာသား ကိုထွန်းထွန်းမိုး၊ ကိုကျော်ကြီးနဲ့ ကိုစိုးတင့်တို့ကို ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီး ဦးအောင်ဆန်းဝင်းက  လေလံမရှိဘဲ ငါးဝင်ရောက်ဖမ်းဆီးတဲ့ပြစ်မှု၊ ရေချိုငါး အက်ဥပဒေပုဒ်မ ၄၂ (ခ)နဲ့  ကျုံပျော်တရားရုံးမှာ မနေ့က တရားစွဲဆိုခဲ့ကြောင်း ကိုထွန်းထွန်းမိုးက ပြောပါတယ်။

ပြည်မြို့ တကိုယ်တော်ဆန္ဒပြ ရှေ့နေနှင့် ကူညီသူများ တရားစွဲခံရ



ပဲခူးတိုင်းပြည်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက  တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ရှေ့နေတဦးနဲ့ သူ့ကို အကူအညီပေးခဲ့သူ လူငယ် ၂ ဦးကို ရဲက တရားစွဲဆိုလိုက်ပါတယ်။
ပြည်မြို့က ရှေ့နေ ဦးမြင့်အေး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် နဲ့ မြို့ခံ မောင်ရေခဲ ခေါ် အောင်ဦးနိုင်တို့ ၃ ဦးကို   ပြည်မြို့ အမှတ် ၂ ရဲစခန်း စခန်းမှူး ရဲအုပ် ဦးလှထွန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) ကို ချိုးဖောက်တယ်ဆိုပြီး  ခွင့်ပြုချက်

လက်ပန်းတောင်းတောင်လုံခြုံရေး ရဲ ၂ ဦး နယ်စပ်ပြောင်းရွှေ့ခံရ


မုံရွာ ရဲစခန်းမှာ  အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ လက်ပန်းတောင်းတောင် စီမံကိန်း လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်ကို ကချင်ပြည်နယ်နဲ့ ဒုရဲတပ်ကြပ် အောင်ဝင်းထွန်းကို ချင်းပြည်နယ်တို့ကို တာဝန်ပြောင်းရွှေ့ ပေးလိုက်တယ်လို့  သူတို့ ၂ ဦးကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ပြောပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ