ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 October 2012

စားသုံးသူကာကွယ်ပေးရေးက ကျနော်တို့နိုင်ငံမှာ အတော်နိမ့်ကျနေတယ်


နယ်စပ်က တရားမ၀င် မှောင်ခိုတင်သွင်းနေသူတွေကို လာမယ့် နိုဝင်ဘာလကစပြီး စစ်ဆေး အရေးယူတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောပါတယ်။
စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းနဲ့ နယ်စပ်က တရားမ၀င်တင်သွင်းတာတွေ ရပ်တန့်သွားစေဖို့ လုပ်ငန်း လမ်းညွှန်ချက်တွေ ချမှတ်ထားပြီးဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

အဓိက နယ်စပ်လမ်းကြောင်း ၂ ခုဖြစ်တဲ့ မန္တလေး-လားရှိုး-မူဆယ်လမ်းနဲ့ ရန်ကုန်-ဘားအံ-မြ၀တီလမ်းကြောင်းတို့မှာ လက်ရှိ ကုန်သွယ်ကူးသန်းနေတဲ့သူတွေကို အခုလကုန်ထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေပြီး နိုဝင်ဘာလကစလို့ အရေးယူတော့မှာ ဖြစ် ပါတယ်။
အဓိကလမ်းကြောင်း ၂ ခုအပြင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၂ ခုမှာလည်း တပြိုင်တည်း လုပ်ဆောင်သွားမှာဖြစ်ပြီး၊ အရေးယူတဲ့ လုပ်ငန်းကိုတော့ စီးပွားကူးသန်းနဲ့ ပြည်ထဲရေးဌာန ၀န်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကို နယ်စပ်ကုန်သွယ်ရေးစခန်း ၁၂ ခုမှာ လာမယ့် တလခွဲနှစ်လအတွင်း အပြီးလုပ်ဆောင်သွားမှာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်ထဲမှာတော့ ပင်လယ်ရေကြောင်းက ၀င်ရောက်တဲ့ စားသုံးကုန်ပစ္စည်းတွေကို ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။စီးပွားကူးသန်းဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
တရုတ်နယ်စပ်ဘက်ကနေ မှောင်ခိုဝင်တဲ့ ကိစ္စတွေကို ဒုတိယ သမ္မတ မူဆယ်ဘက် လာသွားတုန်းကလည်း မှောင်ခိုတွေ နှိမ်နင်းဖို့ ဆောင်ရွက်ပါမယ် လို့ ပြောသွားတယ် ဆို၊ ဒီရက်ပိုင်းမှာလည်း အဲဘက်က ကုန်သည်တွေ အဆိုအရ သူတို့လည်း နစ်နာပါတယ်တဲ့။ တချို့ မုန့်လုပ်ငန်းရှင်တွေလည်း မန္တလေးမှာပြိုကွဲသွားတယ်ကြားတယ်။ ဆိုလိုတာက စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ နယ်စပ်ကနေ မှောင်ခို တရားမ၀င် ၀င်နေတာတွေကို နှိမ်နင်းဖို့ ဘယ်လိုစီမံဆောင်ရွက်ထားတယ်ဆိုတာ အစီအစဉ်ရှိရင် ပြောပြပေးပါ။
“ဒါက ပြီးခဲ့တဲ့ ၂ လလောက်က ဒု-သမ္မတရဲ့ ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်မှာရော၊ ရေဘေးကယ်ဆယ်ရေး သွားတဲ့ ရှမ်းမြောက်ဘက် ခရီးစဉ်မှာရော ဒါနဲ့ ပတ်သက်တာကို ခေါင်းစဉ်တခုအနေနဲ့ ဆွေးနွေးပါတယ်။ ဒါနဲ့ ပတ်သက်လို့ သီးခြား စစ်တမ်းအစီရင်ခံစာလုပ်ပါဆိုလို့ ကျနော်တို့နဲ့ ပြည်ထဲရေးပေါင်းပြီး သီးခြားစစ်တမ်းလုပ်ပါတယ်။ အဲစစ်တမ်းသည် မူဆယ်နယ်စပ်လမ်းကြောင်း တခုတည်းမဟုတ်ဘဲ အဓိက ကုန်သွယ်ရေးလမ်းကြောင်းကြီးတွေဖြစ်တဲ့ မူဆယ်-မြ၀တီ နှစ်ဘက်စလုံးကို လုပ်ပါတယ်။ လုပ်တဲ့အခါ သီးသန့်စစ်တမ်းအနေနဲ့ လုံးဝအကြောင်းမကြားဘဲနဲ့ ပကတိအခြေအနေ သိအောင် ကျနော်တို့ဆီက ၀န်ထမ်းတချို့နဲ့ သွားလုပ်တဲ့သဘောပါ။ ဒီအနေအထားအပေါ်မှာလည်း ဓာတ်ပုံမှတ်တမ်း အထောက်အထားနဲ့ သက်ဆိုင်ရာ အကြီးအကဲတွေကို အစီရင်ခံစာပြန်တင်ပြီးပါပြီ။ ဒါနဲ့ပတ်သက်လို့လည်း မရှင်းလင်းတာတွေကိုလည်း ထပ်ပြီးတော့ ရှင်းလင်းတင်ပြခိုင်းလို့ ဒုတိယအကြိမ်၊ တတိယအကြိမ် အသေးစိတ် သွားပြီး ရှင်းပြီးပါပြီ။ ရှင်းတဲ့အခါမှာ သက်ဆိုင်တဲ့ ၀န်ကြီးဌာန တာဝန်ရှိသူတွေကို အကြီးအကဲတွေက တပါတည်း ခေါ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ လမ်းညွှန်ချက်တခုလည်း ထွက်ပါပြီ။ အဓိက လုပ်ရမယ့်အကြောင်းအရာက ခေါင်းစဉ် ၂ ခုနဲ့ ခွဲပါတယ်။ တခုက စားသုံးသူကာကွယ်ပေးရေး ဆိုတာသည် ကျနော်တို့ နိုင်ငံမှာတော့ တော်တော်လေး နိမ့်ကျနေတဲ့ အနေအထားပါ။ သူများနိုင်ငံတွေမှာတော့ သူတို့နိုင်ငံတွေမှာရှိတဲ့ ပြည်သူတွေပြည်သားတွေအတွက်ကို ထိုက်သင့်တဲ့တန်ဖိုး၊ မှန်ကန်တဲ့ အစားအသောက်ပေါ့။ ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ ၀န်ဆောင်မှု တနည်းအားဖြင့် ပေးရတဲ့တန်ဖိုးနဲ့ ကိုက်ညီတဲ့ စိတ်ချရတဲ့ အစားအသောက်တွေ၊ လူသုံးကုန်ပစ္စည်းတွေရဖို့ဆိုတာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားပါ။ ကျနော်တို့နိုင်ငံမှာကျတော့ ဒါတွေကို အဆင့်အတန်းမီမီနဲ့ ကာကွယ်မပေးနိုင်တဲ့ ပျက်ကွက်မှုတွေလည်း အများကြီးရှိနေပါတယ်။ အဲအတွက် စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းသည် တနည်းအားဖြင့် နိုင်ငံတနိုင်ငံရဲ့၊ လူမျိုးတခုရဲ့ level ကို သတ်မှတ်တဲ့ စနစ်ပါ။ သူများနိုင်ငံမှာတော့ အန္တရာယ်ရှိတဲ့ အစားအသောက်တွေ ပေးမစားဘူး။ ကျနော်တို့နိုင်ငံက ပို့လိုက်တဲ့ ပို့ကုန်ကို ဥပမာ ထိုင်း၊ တရုတ်တို့က လက်ခံတယ်ဆိုရင် သူတို့စံနှုန်းတွေနဲ့ ကိုက်ညီပြီလား ညီမှပေးဝင်တယ်။ ကျနော်တို့ဆီမှာ ဒါတွေက အားနည်းတဲ့အတွက်ကြောင့် အဆင့်မမီတာတွေ၊ မြန်မာပြည်ထဲ ကုန်ပစ္စည်း ဖြန့်မယ်ဆိုရင်တောင် တဆင့်နှိမ့်ပြီးမှထုတ်ပြီး ၀င်လာတယ်ဆိုတာမျိုးတွေ က နောက်ပိုင်းမှာ မကြာ မကြာ တွေ့နေရပါတယ်။ ဒါကြောင့် စားသုံးသူကာကွယ်ပေးရေး လုပ်ငန်းစဉ်အရ ကျနော်တို့နိုင်ငံ၊ လူမျိုးရဲ့ level တခုကို မြှင့်တင်ဖို့ မဖြစ်မနေလုပ်ဖို့ လိုအပ်လာပါတယ်။”
“ဒုတိယအချက်က တရားဝင် ၀င်ရောက်ခြင်းနဲ့ တရားမ၀င် ၀င်ရောက်ခြင်း။ တရားမ၀င်ဝင်ရောက်ခြင်းဆိုတဲ့ နောက်ကွယ်မှာ မှန်မှန်ကန်ကန်လုပ်ချင်တဲ့သူတွေ လုပ်လို့မရတဲ့အပြင် ဈေးကွက်တွင်းမှာလည်း မှန်ကန်တဲ့ယှဉ်ပြိုင်မှုက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ပြီး မမှန်မကန်လုပ်တဲ့သူတွေကပဲ ပစ္စည်းကို အခွန်သက်သာစွာနဲ့ သွင်းလာတယ်၊ ပြီးရင် ဈေးနှုန်းကို ချရောင်းတယ်၊ တကယ်တမ်း မှန်မှန်ကန်ကန်သွင်းလာတဲ့သူတွေကျတော့ အခွန်တွေက ပေးနေရတယ်။ အဲအတွက်ကြောင့် သူတို့နဲ့အတူ ယှဉ်ပြီးရောင်းဖို့ မဖြစ်နိုင်ဘူး။ အဲတော့ တဖြည်းဖြည်းနဲ့ မှန်မှန်ကန်ကန်လုပ်နိုင်တဲ့ ကုမ္ပဏီတွေက လုပ်နိုင်တဲ့စွမ်းရည်တွေ ပျောက်ကုန်ပြီးတော့ လုပ်ငန်းတွေ ပျက်စီးသွားတယ်ဆိုတဲ့ အနေအထားမျိုးတွေကို ကာကွယ်ဖို့ ကျနော်တို့ လိုအပ်လာပါတယ်။ အဲခေါင်းစဉ် ၂ ခုအရ ကျနော်တို့ ၁၁ လပိုင်းမှာ အဓိကလမ်းကြောင်းကြီးတွေကို စပြီးလုပ်ပါမယ်။ အဲနေရာမှာလည်း ပညာပေးကာလ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖြစ်အောင် ကျနော်တို့ ဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းဆိုတဲ့ဟာတွေကို ကျနော်တို့ စလုပ်နေတာ  ၃ ကြိမ်ရှိပါပြီ။ လာမယ့် ရက်ပိုင်းတွေမှာလည်း အဓိကလုပ်မယ့် မန္တလေး-လားရှိုး-မူဆယ်ဆိုတဲ့ လမ်းကြောင်းရယ် ရန်ကုန်-သထုံ-ဘားအံ-ကော့ကရိတ်-မြ၀တီ လမ်းကြောင်းတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ ကုန်ပစ္စည်းသယ်ယူတဲ့သူတွေနဲ့ ပတ်သက်တဲ့သူတွေ သိအောင် ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေ သွားလုပ်ပါ့မယ်။ အဲဒါတွေအားလုံးကို ဒီလကုန်အတွင်းမှာ ပစ်မှတ်ထားပြီး လိုက်လုပ်နေပါတယ်။ လိုက်လုပ်ပြီးတာနဲ့ ဒီဟာတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ရမယ့် စနစ်တွေကိုလည်း သက်ဆိုင်ရာနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ၄ ကြိမ်မြောက် ကျနော်တို့ အသေးစိတ် ညှိနှိုင်းဆွေးနွေး ရှင်းလင်းပြီးပါပြီ။ လုပ်ငန်းစီမံချက်တွေလည်း ထွက်နေပါပြီ။
ပညာပေးကာလ အောက်တိုဘာလကုန်မှာ ပြီးမယ်၊ နိုဝင်ဘာမှ စစ်ဆေးအရေးယူသွားမှာလား။
“ဒီသဘောပဲဖြစ်ပါတယ်။ ကျနော်တို့ တိုက်ရိုက်အရေးယူခြင်းမဟုတ်သေးဘဲ ပညာပေးတဲ့ကာလတခု ကျနော်တို့ ပေးဦးမှာပါ။”
နယ်စပ်တရားဝင်ကုန်သွယ်မှုနဲ့ အစားအသောက်တွေ စစ်ဆေးမှု အရည်အသွေးမမီတာတို့၊ ကျန်းမာရေးထိခိုက်တာတို့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာ ရှိရင် ပြောပေးပါ။
“အစားအသောက်နဲ့ပတ်သက်လို့ စားသုံးသူ အကာကွယ်ပေးရေးဆိုတဲ့ လုပ်ငန်းစဉ်မှာ အတိုင်းအတာ နည်းနည်းလေးနဲ့ လုပ်နိုင်တဲ့ဟာကတော့ FDA လို့ခေါ်တဲ့ အစားသောက် ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက် တခုပဲ ရှိပါသေးတယ်။ တကယ်တမ်း အက်ဖ်ဒီအေ စစ်ဆေးမှုသည် စားသုံးသူကာကွယ်ပေးရေးဆိုတဲ့ လုပ်ငန်းစဉ်ထဲမှာ အကြောင်းအရာ တချက်အနေနဲ့ပဲ ပါပါတယ်။ သူ့ထက်ကျယ်ပြန့်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ အက်ဖ်ဒီအေအပါအ၀င် တခြားတခြားသော စားသုံးသူကာကွယ်ပေးရေးဆိုတဲ့ လုပ်ငန်းစဉ်တွေကို လာမယ့်လပိုင်းတွေကစပြီးတော့ တဖြည်းဖြည်းချင်းဆွဲတင်ပြီး တချိန်မှာ သူများနိုင်ငံတွေနဲ့ တန်းတူရအောင် ကျနော်တို့ စပြီး လုပ်ပေးပါ့မယ်။



DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ