ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 October 2012

မြေပုံမြို့ နယ်တွင် မီရို့မှု ဆက်လက်ဖြစ်ပွားနေ

မနေ့ည(၈)ခွဲကျော်ခန့်မှ စတင်ဖြစ်ပွားခဲ့သောမြေပုံမြို့နယ်၊ မြို့မဈေးအနောက်ဖက်ရှိ ရခိုင်ရွာများရှိရာနေအိမ်များကို ယနေ့အချိန်ထိ ဘင်္ဂလီများကဆက်လက် မီးရှို့တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
မီးရှို့တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူများမှာ(၃၀)နီးပါးခန့် ရှိနေပြီဖြစ်ကြောင်းရခိုင်အိမ်ခြေ ပျက်စီးဆုံးရှုံးမှုများမှာ ခန့်မှန်းခြေ (၂၀)နီးပါးခန့် ရှိနေပြီး အသက်ဆုံးရှုံးမှုတစ်ချို့ ရှိနေသော်လည်း အတိအကျအတည်မပြုနိုင်သေးပေ။

မြေပုံမြို့ အခြေအနေ စိုးရိမ်နေရပုံကို ဒေသခံတစ်ဦးအား မေးမြန်းရာ "ထိခိုက် ဒဏ်ရာရတဲ့သူတွေကတော့ (၂၀)ကျော် (၃၀)နီးပါးလောက် ရှိနေပြီးတော့ အိမ်ခြေပျက်စီးဆုံးရှုံးမှုကတော့ (၂၀)ထက်မနည်း ရှိနေပါတယ်။ ဘင်္ဂလီတွေက သချုင်္ံင်းတောင်ကုန်းပေါ်ကနေပြီးတော့ မီးခွေတွေ၊ ဂျင်ကလိတွေနဲ့ ပစ်ခတ်နေကြတော့ အနားကို ကပ်လို့မရ ဖြစ်နေကြပါတယ်။လုံခြုံရေးအင်အားကလည်း အရမ်းနည်းနေပါတယ်၊ ဘယ်လောက်ချထားတယ်ဆိုတာ ခန့်မှန်းပြောလို့ မရဖြစ်နေပါတယ် " ဟု ပြောပြသည်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဆက်လက်၍ " အသေအပျောက်တော့ မကြားရသေးပါဘူး၊ ဆေးရုံမှာတော့ မီးလောင်ပြီးတစ်ယောက်ရောက်တယ်လို့ ကြားရပါတယ်။ နောက် ဂျင်ဂလိတွေ ထိပြီးတော့ ရောက်နေကြတဲ့သူတွေ ရှိတယ် လို့ ကြားရပါတယ်။ ကျမတို့လည်း ကြောက်လို့ အပြင်ကို မထွက်ဝံ့ ဖြစ်နေပါတယ်။"ဟု ပြောသည်။
မနေ့ညကတည်းကဖြစ်နေသော ဘင်္ဂလီမီးရှို့တိုက်ခိုက်မှုသည် ယခုအချိန်ထိ ဖြစ်ပွားလျှက်ရှိနေပြီး ရွာသူ ရွာသားများလည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းသိရသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ စစ်တပ်များကလည်း လုံခြုံရေးများ ယူပေးလျှက် ရှိနေကြောင်းသိရသည်။  
Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ