ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 October 2012

ပန်းမြောင်းရွာသား ရခိုင်နှစ်ဦးအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်


ဘင်္ဂါလီများ ဆူပူမှုဖြစ်ပွား နေသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်း ရွာသားနှစ်ဦးကို စစ်တပ်က ပစ်သတ် သောကြောင့် သေဆုံးသွားသည် ဟု
စစ်တွေ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်မြကျော်က ဆိုသည်။
မနေ့က ညနေ ၃ နာရီ ခန့်တွင် ပန်းမြောင်း ရွာသားများ မိမိရွာသို့ ပြန်အလာတွင် ခလရ (၃၇၃) မှ စစ်သည်များက ကျေးရွာသားများအား မေးမြန်းမူ တစ်စုံတရာ မလုပ်ဘဲ သေနတ်ဖြင့်
အချက်ပေါင်းများစွာပစ်လိုက်သောကြောင့် လူအုပ်တွင် နောက်ဆုံးဖြစ်နေသော လူငယ်နှစ်ဦးအား အခင်းဖြစ်နေရာတွင်ပင် သေဆုံးကျန် ရစ်ခဲ့ပါသည် ဟု ဦးအောင်မြကျော်က ၄င်း၏ Facebookစာမျက်နှာတွင် ရေးသားထားသည်။
ရွာလူကြီးများက အလောင်းကို တောင်းသောကြောင့် မနေ့က ည ရှစ်နာရီလောက် တွင် ခလရ (၃၇၃) မှ ထုတ်ပေးရာ အလောင်းမှာ ပန်းမြောင်းကျေးရွာသို့ ရောက်ရှိနေပြီ ဟု ဆိုသည်။
တစ်လောင်းတွင် သေနတ်ဒဏ်ရာ ၃ ချက် နှင့် နောက်တစ်လောင်းတွင် သေနတ် ဒဏ်ရာ ၅ ချက်ဖြင့် အသီးသီး သေဆုံးနေသည်ဟုသိရှိရပါသည်။
သေဆုံးသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ မောင်အောင်မြင့် အသက် (၂၈)နှစ် ပန်းမြောင်းကျေးရွာ ၂။ မောင်စိုးစိုး အသက် (၂၇) နှစ် ပန်းမြောင်းကျေးရွာ
Coral Arakan News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ