ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 October 2012

လက်ပန်းတောင်းတောင်လုံခြုံရေး ရဲ ၂ ဦး နယ်စပ်ပြောင်းရွှေ့ခံရ


မုံရွာ ရဲစခန်းမှာ  အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ လက်ပန်းတောင်းတောင် စီမံကိန်း လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်ကို ကချင်ပြည်နယ်နဲ့ ဒုရဲတပ်ကြပ် အောင်ဝင်းထွန်းကို ချင်းပြည်နယ်တို့ကို တာဝန်ပြောင်းရွှေ့ ပေးလိုက်တယ်လို့  သူတို့ ၂ ဦးကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ပြောပါတယ်။

ရဲဒု-တပ်ကြပ် အောင်ဝင်းထွန်းနဲ့ ရဲအုပ်အောင်ကြည်စိန်
“ကချင်ပြည်နယ်လို့ပဲပြောထားတယ်။ ဟိုကျမှ ဘယ်မှာကျမယ်ဆိုတာသိရမယ်။ နောက်ရက်မှကို သွားလို့မရဘူး၊ ချက်ချင်းသွားခိုင်းတာတဲ့။ သူတယောက်တည်း သွားခိုင်းတာ၊ ဘေးကအဖော်တွေလည်း မပါဘူး။”
ရဲတပ်ဖွဲ့ဝင်နှစ်ဦး မူလ ရာထူးတွေကို လျှော့ချတာ မခံရပေမယ့် ၀န်ထမ်းမှတ်တမ်းမှာ ထိခိုက်ပြီး ရာထူးတိုးဖို့ လွယ်ကူတော့မှာ မဟုတ်ဘူးလို့  သိရပါတယ်။
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ဝေဖန်ပြောဆိုတဲ့ ဒီဗွီဒီ မှတ်တမ်း ထွက်ပေါ်ခဲ့ပြီးနောက် သူတို့ နှစ်ဦးကို မုံရွာအမှတ် ၂ ရဲစခန်း၊ ခရိုင်နဲ့ တိုင်း ရဲတပ်တပ်ဖွဲ့တွေမှာ ထိန်းသိမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကတော့ အောက်တိုဘာ ၂၁ ရက်မှာ ပြည်တွင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် နိုင်ငံဝန်ထမ်းတွေကို မီဒီယာတွေ့ဆုံရာမှာ မကြောက်ဖို့နဲ့ အမှန်အတိုင်း ပြောဆိုဖို့ကိုလည်း မီဒီယာကတွေကတဆင့် တိုက်တွန်းထားပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ