ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

1 January 2013

ရာသီသွေးပေါ်ချိန် အမျိုးသမီးတွေကို ခွဲခြားထားတဲ့ နီပေါကျေးလက်ဓလေ့


ဘတ်ဂက်ဆ၀ါဆိုတဲ့ ရွာကလေးက ဘုရားကျောင်းမှာ လူတွေ ဒါဇင်နဲ့ချီပြီး ရောက်နေပါတယ်။ ရိုးရာဗုံတွေ တီးရင်၊ ရိုးရာသီချင်းတွေကို သီဆိုနေကြပါတယ်။
“ချောင်ဗဒီ” လို့ ခေါ်တဲ့ အမျိုးသမီးတွေကို ရာသီသွေးပေါ်ချိန်မှာ ပတ်ဝန်းကျင်နဲ့ သီးသန့် ခွဲထားတဲ့ ဓလေ့ကို အဆုံးသတ်ဖို့ စည်းရုံးလှုပ်ရှားနေကြတာပါ။ “ချောင်ဗဒီ” ဆိုတဲ့ ဒီဓလေ့အောက်မှာ ရာသီသွေးပေါ်ချိန်မှာ အမျိုးသမီးတွေကို ယုတ်ညံ့သူတွေလို့ သတ်မှတ်ကြ ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေကို မိသားစုနဲ့ ခွဲထုတ်ပြီး နွားမတွေကို ထားတဲ့တဲတွေမှာ ၄ ရက်လောက်အထိ ထားကြပါတယ်။ အဲဒီတဲတွေမှာ ပြတင်းတံခါးတွေ မရှိသလို၊ ကြမ်းခင်းတွေကလည်း သန့်ရှင်းမှုမရှိပါဘူး။

တရားဥပဒေစိုးမိုးရေးကော်မတီကို တိုင်စာ ၂၅၀၀ ကျော်ရောက်ပြီ


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို ပြည်သူတွေဆီကနေ တိုင်ကြားစာ စုစုပေါင်း ၂၅၀၀ ကျော် ရောက်လာပြီလို့ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
အဲဒီ တိုင်စာတွေထဲမှာ လယ်ယာမြေ အသိမ်းခံရတဲ့ တိုင်စာတွေက အများဆုံးဖြစ်ပြီး

လွတ်လပ်ရေးယူစဉ်ကလို ညီညွတ်မှုမျိုးနှင့်စိန်ခေါ်မှုများကို လက်တွဲကျော်လွှားရန် သမ္မတပြော

တိုင်းပြည်လွတ်လပ်ရေးရယူစဉ်ကလို ညီညွတ်မှုမျိုးနဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ကျော်လွှားသွားကြဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ မြန်မာပြည်သူ တရပ်လုံးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ မနက်မှာ  သမ္မတ ဦးသိန်းစိန်က  ရေဒီယိုအစီအစဉ်တွေကနေ တဆင့် ပြည်သူကို ပထမဆုံး တိုက်ရိုက် ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားတာပါ။

ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီးတင်ရန် ရခိုင်ကို ထပ်သွားမည်


၂၀၁၃ မတ်လကုန်မှာ ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီး တင်ပြနိုင်ဖို့ လာမယ့် ဇန်န၀ါရီ ဒုတိယအပတ်မှာ မင်းပြားနဲ့ မြေပုံဘက်ကို သွားဖို့ရှိတယ်လို့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

မြောက်ဦးမြို့တွင် ရှေးဟောင်းဌာပနာ ဘုရားအဆူ ၈၀ တူးဖော်တွေ့ရှိ


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့ မြတန်ဆောင်းဘုရားမှာ ဌာနပနာဆင်းတုတော် အဆူ ၈၀ ကို တူးဖော်တွေ့ရှိတယ်လို့ ပြည်ထောင်စုအစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ