ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

14 February 2013

နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည့် တာတိုပစ် ဒုံးကျည် တစ်စင်း ပါကစ္စတန် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်

နျူကလီးယား ထိပ်ဖူးများ သယ်ဆောင်နိုင်သည့် တာတိုပစ် ဒုံးကျည် တစ်စင်း ပါကစ္စတန် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်
အစ္စလာမ်မာဘတ် ဖေဖော်ဝါရီ ၁၂
နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်သည့် Hatf IX (NA-SR) အမည်ရှိ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် တစ်စင်းကို ပါကစ္စတန် နိုင်ငံက ဖေဖော်ဝါရီ ၁၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့ ကြောင်း စစ်ဘက်မှ တာဝန်ရှိ သူ များက ပြောကြား ခဲ့သည်။

စစ်တွေ ငါးခြောက် ဈေးကွက်သို့ ငါးခြောက် မျိုးစုံ ဝင်ရောက်


စစ်တွေ ဖေဖော်ဝါရီ ၁၂
ကမ်းရိုးတန်း ဒေသ တစ်ခု ဖြစ်သော စစ်တွေမြို့တွင် ကမ်းနီး ငါးဖမ်းလှေ များဖြင့် ငါးမျိုးစုံ ဖမ်းယူကာ ရရှိ လာသော ငါးမျိုးစုံမှ အချို့ ငါးများကို စစ်တွေ ဈေးကွက်သို့ တင်ပို့ ရောင်းချကြပြီး အချို့ငါး များကို ငါးခြောက်အဖြစ် ပြုလုပ်ကာ ဈေးကွက်သို့ တင်ပို့ ရောင်းချကြသည်။

သမ္မတ အိုဘားမား လာမည့် နှစ်ကုန်ပိုင်းတွင် အာဖဂန်ရှိ အမေရိကန် စစ်ပွဲ အဆုံးသတ် မည်ဟု ကြေညာ


သမ္မတ အိုဘားမား လာမည့် နှစ်ကုန်ပိုင်းတွင် အာဖဂန်ရှိ အမေရိကန် စစ်ပွဲ အဆုံးသတ် မည်ဟု ကြေညာ
ဝါရှင်တန် ဖေဖော်ဝါရီ  ၁၃
အာဖဂန် နစ္စတန်နိုင်ငံ အတွင်း အမေရိကန် စစ်ပွဲများ ဆင်နွှဲနေမှုကို ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ အဆုံး သတ်မည် ဖြစ်ပြီး အာဖဂန် နစ္စတန် နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင် ၃၄ဝဝဝ ခန့်သည် လာမည့် နှစ်ကုန်ပိုင်းတွင် ရုပ်သိမ်းမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ထုတ် ပြန် ကြေညာ ခဲ့သည်။

ဆူဒန် နိုင်ငံတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသည့် ပိရမစ်များ ရှေးဟောင်း သုတေသန ပညာရှင်များ တူးဖော်တွေ့ရှိ

ဆူဒန် နိုင်ငံတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသည့် ပိရမစ်များ ရှေးဟောင်း သုတေသန ပညာရှင်များ တူးဖော်တွေ့ရှိ
အမ္မန် ဖေဖော်ဝါရီ ၁၃
ဆူဒန် နိုင်ငံရှိ ဆီဒိန်ဂါ ဒေသတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသော ပိရမစ် ပုံစံငယ် ၃၅ ခုကို ဂူသင်္ချိုင်း များနှင့်အတူ ရှေးဟောင်း သုတေသန ပညာရှင်များ က တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ 

ထိုင်းတောင်ပိုင်းရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက် စစ်သွေးကြွ ၁၇ ဦးသေဆုံး

ထိုင်းတောင်ပိုင်းရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက် စစ်သွေးကြွ ၁၇ ဦးသေဆုံး
ဗန်ကောက် ဖေဖော်ဝါရီ ၁၃
မငြိမ်မသက် ဖြစ်နေသာ ထိုင်းနိုင်ငံ တောင်ပိုင်း အစွန်အဖျား နေရာရှိ စစ်ဘက် ဆိုင်ရာ အခြေစိုက် စခန်း တစ်ခုကို စစ်သွေးကြွ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၁၇ ဦး  သေဆုံးခဲ့ ရသည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုင်းကြည်းတပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး တစ်ဦးက ပြောကြားသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ