ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

အိန္ဒိယ မူး​ယစ်​ဆေး​ဝါး​မိမှု စစ်တပ်အရာရှိကြီး​ပါ ဖမ်း​မိ


မြန်မာပြည်ကို ​ရောင်း​ချမယ့်​ အိန္ဒိယရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိ မူး​ယစ်​ဆေး​ဝါး​တွေ ဖမ်း​ဆီး​ခံရမှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူး​ကြီး​တဦး​ ပါဝင်​နေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​ နံနက်ပိုင်း​က ဖြစ်ပွား​ခဲ့​တဲ့​ မှုး​ယစ်​ဆေး​ဝါး​ဖမ်း​ဆီး​မှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူး​ကြီး​တဦး​ ပါဝင်​နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြား​နဲ့​ သတင်း​စာ​တွေမှာ တုန်လှုပ်ဖွယ်ရာ သတင်း​အ​နေနဲ့​ သတင်း​ခေါင်း​ကြီး​ပိုင်း​တွေမှာ ​ဖော်ပြခဲ့​ကြပါတယ်။
(Photo_Indiatimes)
အိန္ဒိယ-မြန်မာနယ်စပ်က မို​ရေး​မြို့​ကို ​မောင်း​နှင်လာတဲ့​ ကား​ ၃ စီး​ကို မဏိပူရပြည်နယ် ​ထောင်ဘား​ခရိုင်က ပါလဲမြို့​ စစ်​ဆေး​ရေး​ဂိတ်ကို ဖြတ်အပြီး​မှာ မဏိပူရပြည်နယ် ကွန်မန်ဒိုရဲအဖွဲ့​က လိုက်လံ ဖမ်း​ဆီး​ရရှိလိုက်တာ ဖြစ်ပါတယ်။

မာလီ မြောက်ပိုင်းတွင် စစ်သွေးကြွများနှင့် မာလီ မဟာမိတ် တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ဖြစ်ပွား

မာလီ မြောက်ပိုင်းတွင် စစ်သွေးကြွများနှင့် မာလီ မဟာမိတ် တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ဖြစ်ပွား
ဘာမာကို ဖေဖော်ဝါရီ ၂၄
မာလီနိုင်ငံ မြောက်ပိုင်း လူနေ ခေါင်းပါးသော ဒေသ တစ်ခုတွင် စစ်သွေးကြွ များနှင့် မာလီနိုင်ငံ၏ မဟာမိတ်  ချဒ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ချဒ်တပ်ဖွဲ့ ဝင်ပေါင်း ၁၃ ဦးနှင့် စစ်သွေးကြွ ၆၅ ဦး သေဆုံး ခဲ့ရကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ချဒ် စစ်ဘက်ဌာနမှ ထုတ်ပြန် ခဲ့သည်။

မြစ်ကြီးနား မြို့ပတ်လမ်း စတင်ဖောက်လုပ်ရာမှာ အိမ်တွေပြောင်းရွှေ့ခိုင်း


ကချင်ပြည်နယ် အစိုးရအဖွဲ့က မြို့ပတ်လမ်းဖောက်လုပ်ဖို့ဆိုပြီး မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၉) မှာ လမ်းတွေရှင်းနေတာကြောင့် အဲ့ဒီအနားတ၀ိုက်မှာနေထိုင်တဲ့ တောင်သူတွေရဲ့ အိမ်ခြေ (၃၀) ကျော်ကို မြေတူးစက်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ပြီး ရှင်းလင်းတူးဖော်နေပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြေတူးစက်တွေနဲ့ ရှင်းလင်းနေတဲ့ အခြေအနေတွေကို ဒေသခံတွေကို ကူညီပေးနေတဲ့ သူတစ်ဦးက အခုလို ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးကို ရွှေလီ အစည်းအဝေးမှာ သဘောတူထားတဲ့အတိုင်း ဖေဖော် ၀ါရီလကုန်ပိုင်းမှာ တွေ့ဆုံနိုင်မှာမဟုတ်ပဲ မတ်လထဲကို ရက်ရွှေ့ဆိုင်းဖို့ အကြောင်းကြားထားတယ်လို့ KIO က ပြောပါတယ်။

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား


ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံသူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားပုံမှာ တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ

facebook မှကြည့် ချင်ရင် like လုပ်ပါ