ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

မာလီ မြောက်ပိုင်းတွင် စစ်သွေးကြွများနှင့် မာလီ မဟာမိတ် တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ဖြစ်ပွား

မာလီ မြောက်ပိုင်းတွင် စစ်သွေးကြွများနှင့် မာလီ မဟာမိတ် တပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှု ဖြစ်ပွား
ဘာမာကို ဖေဖော်ဝါရီ ၂၄
မာလီနိုင်ငံ မြောက်ပိုင်း လူနေ ခေါင်းပါးသော ဒေသ တစ်ခုတွင် စစ်သွေးကြွ များနှင့် မာလီနိုင်ငံ၏ မဟာမိတ်  ချဒ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ချဒ်တပ်ဖွဲ့ ဝင်ပေါင်း ၁၃ ဦးနှင့် စစ်သွေးကြွ ၆၅ ဦး သေဆုံး ခဲ့ရကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ချဒ် စစ်ဘက်ဌာနမှ ထုတ်ပြန် ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် စစ်သွေးကြွများ ပုန်းခိုနေသည့် အယ်လ်ဂျီးရီးယား နယ်စပ် အနီး ကီဒယ်ဒေသ အတွင်းရှိ သဲကန္တာရ နယ်မြေ တစ်ခု ဖြစ်သော အိုင်ဖိုးဂါး တောင်တန်း ဒေသတွင် ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီ သီတင်းပတ်များ အတွင်းက စစ်သွေးကြွများ ထိန်းချုပ်ထားသည့် မာလီနိုင်ငံ မြောက်ပိုင်း ကို ပြင်သစ် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့များက ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး စစ်သွေးကြွ များကို မောင်း ထုတ် ခဲ့ရာတွင် စစ်သွေးကြွ များသည် အဆိုပါ တောင်တန်း ဒေသသို့ ဆုတ်ခွာ သွားခဲ့ ကြသည်။
မာလီနိုင်ငံ မြောက်ပိုင်းကို စစ်သွေးကြွများ သိမ်းပိုက် ပြီးချိန်မှ စ၍ အာဖရိက နိုင်ငံများမှ တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာသည် မာလီနိုင်ငံ အတွင်း၌ တပ်ဖြန့် ခဲ့ကြပြီး ချဒ်နိုင်ငံ မှလည်း တပ်ဖွဲ့ဝင်ပေါင်း ၂ဝဝဝ ခန့် ၎င်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ယခုလ အစောပိုင်းတွင် ချဒ် တပ်ဖွဲ့ဝင်ပေါင်း ၁၈ဝဝ သည် ကီဒယ်မြို့ကို ကင်းလှည့် စစ်ဆေးသည့် တာဝန်ကို စတင် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၂ ရက် တိုက်ပွဲ တွင် မိမိတို့သည် စစ်သွေးကြွ ၆၅ ဦးကို သုတ်သင် နိုင်ခဲ့ပြီး ၎င်းတို့၏ ယာဉ်ငါးစီး ကိုလည်း ဖျက်ဆီး နိုင်ခဲ့ ကြောင်း၊ မိမိတို့ တပ်ဖွဲ့မှလည်း တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး ခဲ့ရကြောင်း ချဒ် စစ်ဘက်ဌာနမှ ထုတ်ပြန် ခဲ့သည်။     
 

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ