ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂအဖွဲ့ဝင် ငါးနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ



နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် (၉) နာရီတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ ခရီးစတင်ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဦးသန်းဌေး၊ ဦးအေးမြင့်နှင့် ဦးမောင်မြင့်၊ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် နော်ဝေ နိုင်ငံ သံရုံးမှ လီလန်အော့တို တို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ်  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့၏ ဥရောပသမဂ္ဂငါးနိုင်ငံခရီးစဉ်သည် (၁၂) ရက် ကြာမြင့်မည် ဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့် ခိုင်မာရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာစေရေးတို့အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ