ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

ယာယီနိုင်ငံကူး​လက်မှတ် အတုလုပ်သည့်​ မြန်မာရဲဝန်ထမ်း​ဟောင်း​တဦး​ ဖမ်း​ဆီး​ခံရ


မြန်မာ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေကို ယာယီနိုင်ငံကူး​လက်မှတ်အတု လုပ်​ပေး​နေတဲ့​ မြန်မာရဲဝန်ထမ်း​ဟောင်း​တဦး​ကို တာ့​ခ်ခရိုင် မဲ​ဆောက်မြို့​နယ် လူဝင်မှုကြီး​ကြပ်​ရေး​ (လဝက) က ဖမ်း​ဆီး​လိုက်တယ်လို့​ ထိုင်း​သတင်း​ဌာနမှာ ​ဖော်ပြသွား​ပါတယ်။
မဲ ​ဆောက်မြို့​နယ် လဝက ညွှန်ကြား​ရေး​မှူး​ ရဲမှူး​ကြီး​ ဖုန်း​နခွန်း​ နခွန်း​ဆန်တိဖပ်က “အလုပ်သမား​တွေအတွက် ယာယီနိုင်ငံကူး​လက်မှတ်အတု လုပ်​ပေး​နေတဲ့​အဖွဲ့​က ဦး​အောင်ကိုလတ် (ရန်ကုန်က ရဲဝန်ထမ်း​ဟောင်း​) ကို ဒီက​နေ့​ပဲ သူငှား​ရမ်း​နေထိုင်ရာ မဲ​ဆောက်မြို့​ ထာ့​ဆိုင်လွတ်ရပ်ကွက် ထိုင်း​-မြန်မာချစ်ကြည်​ရေး​ တံတား​လမ်း​ကြား​ထဲက တိုက်ခန်း​မှာ သွား​ရောက်ဖမ်း​မိခဲ့​တယ်” လို့​ ထိုင်း​သတင်း​ထောက်​တွေကို ​ပြောကြား​ခဲ့​ပါတယ်။

ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​က မြဝတီက​နေ မဲ​ဆောက်မြို့​အဝင် ထိုင်း​လဝက ဂိတ်မှာ မဖြိုး​ဖြိုး​ဝင်း​ (အသက် ၁၆) နှစ်ရဲ့​ ယာယီနိုင်ငံကူး​လက်မှတ် MWD 075821 မှာ မဲ​ဆောက် လဝကတံဆိပ်တုံး​ အတုကို စစ်​ဆေး​မိရာက ​ခြေရာခံ လိုက်လံဖမ်း​ဆီး​ခဲ့​တာလို့​ ဆိုပါတယ်။
ဒီကိစ္စမှာ ဦး​အောင်ကိုလတ်ရဲ့​ ဇနီး​ဖြစ်သူ မ​အေး​ (အသက် ၅၀) နှစ်က အဓိက တရား​ခံဖြစ်ပြီး​ သူမနဲ့​တကွ နိုင်ငံကူး​လက်မှတ်အတုလုပ်တဲ့​ ဂိုဏ်း​တခုလုံး​ကို ဖမ်း​ဆီး​ရမိဖို့​ ဆက်ကြိုး​စား​သွား​မယ်လို့​ ဒုဗိုလ်မှူး​ကြီး​ ဖုန်း​နခွန်း​ နခွန်း​ဆန်တိဖပ်က ထိုင်း​သတင်း​ထောက်​တွေကို ​ပြောပါတယ်။

dvb

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ