ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့်ပေးပို့လာကြသော စာများနှင့်ပတ်သက် ၍



၁။ ပြည်သူများအား မိဘပြည်သူသဖွယ်သဘောထားသော နိုင်ငံတော် သမ္မတကြီး၏ စိတ်ရင်းစေတနာကို အလေးထား၍လည်းကောင်း၊ ပြည်သူများ ၏ အမှန်တစ်ကယ် ထိခိုက်ဆုံးရှုံးနစ်နာမှုများကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လည်းကောင်း၊ ပြည်သူ လူထုနှင့် နိုင်ငံတော် သမ္မတကြီးအကြား ပေါင်းကူး ဆက်သွယ်ထိတွေ့နိုင်သည့် Communication Channel တစ်ခု ဖြစ်ပေါ်လာစေရန်လည်းကောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဆိုက်တွင် ပြည်သူ့အသံကဏ္ဍအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အင်တာနက်မှ တစ်ဆင့် ပေးပို့လာသော တင်ပြချက်စုစုပေါင်း ထောင်ကျော် ရှိရာ အချက်အလက် ပြည့်စုံမှုမရှိခြင်း၊ အကြောင်းအရာ ပြည့်ပြည် စုံစုံ ဖော်ပြထားမှု မရှိခြင်း စသည်တို့ကို စိစစ်ပြီးနောက် အချို့သော ပစ်စာသဘော ပေးပို့ချက်များကို စိတ်မကောင်းစွာဖြင့် ချန်လှပ်ခဲ့ရပါသည်။

၃။ ပြည့်စုံမှန်ကန်သော တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း စုံစမ်းမေးမြန်းခြင်း များ ပြုလုပ် ခဲ့ပြီး ဖြေရှင်းချက်များ ရရှိလာသော ကိစ္စရပ်များကို မူလ ပေးပို့သော အီးမေးလ်လိပ်စာများသို့ ပြန်ကြားလျက် ရှိပါသည်။ နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့တင်ပြထားသူများအား မိမိတို့၏ Mail Inbox များအား ပြန်လည်စစ်ဆေးကြပါရန် အသိပေးအပ်ပါသည်။

၎။ လက်ရှိအချိန်တွင် စိစစ်ဆဲတင်ပြချက် (၂၂၁)ခု ရှိပြီး စိစစ်ရန် ကျန် တင်ပြချက် (၁၆၆)ခု ရှိပါကြောင်း၊ ယင်းတို့ကိုလည်း ဖြေရှင်းချက်များ၊ အရေးယူဆောင်ရွက်ချက်များ ရရှိပါက ဆက်လက် ပြန်ကြားပေး သွားမည် ဖြစ်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

၅။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက် သွား ရမည် ဖြစ်ပါ၍ တိကျခိုင်လုံသော အထောက်အထားများ၊ မှန်ကန်သော ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ရန် လိုအပ်သလို အမည်၊ ဆက်သွယ်ရန် နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ကို ပြည့်ပြည့်စုံစုံ ထည့်သွင်းကြမှသာ တိကျမှန်ကန်သော တင်ပြချက်များ ဖြစ်လာ မည် ဖြစ်ကြောင်း အထူးမေတ္တာရပ်ခံအပ်ပါသည်။

၆။ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် လွှင့်တင်သော နောက်ဆုံးရ သတင်းများကို Register တစ်ကြိမ်လုပ်ထားပြီးနောက် အလို အလျောက် ပေးပို့သည့်စနစ်ကို လည်း စမ်းသပ်ဆောင်ရွက်လျက် ရှိပြီး Facebook Mail Address များ ထည့်သွင်းစေပြီး မိမိတို့ Facebook တွင် သတင်းများ Update ပေးပို့နိုင်ရန်လည်း ဆောင်ရွက်လျက် ရှိပါသည်။

၇။ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့ ပေးပို့ချက်များတွင် မူဝါဒရေးရာ အကြံပြုချက်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး ပို့လာသည်ကို လည်း တွေ့ရှိရသဖြင့် မူဝါဒ ချမှတ်မှုများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုပါသဖြင့် လှိုက်လှဲ ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ ထိုသို့ မူဝါဒရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယခုထက်ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မည့် ဖိုရမ်များကိုလည်း နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ထည့်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ