ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

အိန္ဒိယ မူး​ယစ်​ဆေး​ဝါး​မိမှု စစ်တပ်အရာရှိကြီး​ပါ ဖမ်း​မိ


မြန်မာပြည်ကို ​ရောင်း​ချမယ့်​ အိန္ဒိယရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိ မူး​ယစ်​ဆေး​ဝါး​တွေ ဖမ်း​ဆီး​ခံရမှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူး​ကြီး​တဦး​ ပါဝင်​နေပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​ နံနက်ပိုင်း​က ဖြစ်ပွား​ခဲ့​တဲ့​ မှုး​ယစ်​ဆေး​ဝါး​ဖမ်း​ဆီး​မှုမှာ အိန္ဒိယစစ်တပ်က ဒုတိယဗိုလ်မှူး​ကြီး​တဦး​ ပါဝင်​နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြား​နဲ့​ သတင်း​စာ​တွေမှာ တုန်လှုပ်ဖွယ်ရာ သတင်း​အ​နေနဲ့​ သတင်း​ခေါင်း​ကြီး​ပိုင်း​တွေမှာ ​ဖော်ပြခဲ့​ကြပါတယ်။
(Photo_Indiatimes)
အိန္ဒိယ-မြန်မာနယ်စပ်က မို​ရေး​မြို့​ကို ​မောင်း​နှင်လာတဲ့​ ကား​ ၃ စီး​ကို မဏိပူရပြည်နယ် ​ထောင်ဘား​ခရိုင်က ပါလဲမြို့​ စစ်​ဆေး​ရေး​ဂိတ်ကို ဖြတ်အပြီး​မှာ မဏိပူရပြည်နယ် ကွန်မန်ဒိုရဲအဖွဲ့​က လိုက်လံ ဖမ်း​ဆီး​ရရှိလိုက်တာ ဖြစ်ပါတယ်။

ကား​ ၃ စီး​ထဲမှာ အိန္ဒိယ ရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိတဲ့​ အိန္ဒိယနိုင်ငံထုတ် စီဒို အက်ဖီဒမင်း​ ဟိုက်ဒိုကလိုရိုက် မူး​ယစ်​ဆေး​တွေကို ဖမ်း​ဆီး​ရရှိခဲ့​တာပါ။ အိန္ဒိယ​ငွေ ၁ ရူပီး​ဟာ မြန်မာ​ငွေ ၁၆ ကျပ်နီး​ပါး​နဲ့​ ညီမ်ွပါတယ်။
ဒုတိယဗိုလ်မှူး​ကြီး​ အာ​ဂျေး​ကျောင်သရီး​ စီး​နင်း​လာတဲ့​ ​ဘော်လီယို ကား​အဖြူ​ပေါ်မှာ Govern of India Ministry of Defense ဆိုတဲ့​ စာတမ်း​နဲ့​အတူ အချက်ပြမီး​နီကို တင်​ဆောင်​မောင်း​နှင်လာတဲ့​အတွက် အင်ဖား​မြို့​နဲ့​ ပါလဲမြို့​အကြား​မှာရှိတဲ့​ စစ်​ဆေး​ရေး​ဂိတ်​တွေကို ​ကျော်ဖြတ်နိုင်ခဲ့​တာလို့​သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။
ဒုတိယဗိုလ်မှူး​ကြီး​ အာ​ဂျေး​ ​ကျောင်သရီး​နဲ့​အတူ ဖမ်း​ဆီး​ခံရတဲ့​ လူ ၅ ဦး​ထဲမှာ အိန္ဒိယနိုင်ငံ အင်ဒီဂို​လေ​ကြောင်း​လိုင်း​က လက်​ထောက်မန်​နေဂျာ တဦး​လည်း​ ပါဝင်​နေတယ်လို့​ သိရပါတယ်။ ဗိုလ်မှူး​ကြီး​ အာ​ဂျေး​ကျောင်သရီး​က​တော့​ ကား​ထဲမှာ မူး​ယစ်​ဆေး​ဝါး​တွေ ပါလာတာ သူ့​အ​နေနဲ့​ လုံး​ဝမသိရပါဘူး​လို့​ ငြင်း​ဆိုထား​ပါတယ်။
မဏိပူရပြည်နယ်က​နေ မြန်မာပြည်ကို တင်ပို့​မယ့်​ မူး​ယစ်​ဆေး​ဝါး​တွေအနက် အခုဖမ်း​ဆီး​ရမိတဲ့​ မူး​ယစ်​ဆေး​ဝါး​ အ​ရေအတွက်ဟာ ဒီနှစ်အတွင်း​ အကြီး​မား​ဆုံး​ဖြစ်​ကြောင်း​ သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။


dvb

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ