ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

ချန်ပီယံ တိုက်ပွဲ မပြီးဆုံးသေးဘူး ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ( မိုက်ကယ် ကာရစ် )


MichaelCarrick_20120919
မန်ယူအသင်းရဲ့ ကွင်းလယ်လူ မိုက်ကယ် ကာရစ်က အသင်းရဲ့ အ၀တ်လဲခန်း ထဲမှာ ကစားသမား အားလုံးက ချန်ပီယံတိုက်ပွဲ မပြီးဆုံးသေးဘူး ဆိုတာကို သိရှိနားလည် ထားကြောင်း ဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန် ပွဲစဉ်၁၁ပွဲကစားဖို့ ကျန်နေချိန်မှာ ၁၂မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ လက်ကျန်ပွဲစဉ် အားလုံးကို မပေါ့လျော့ပဲ အာရုံစိုက် ကစားသွားမဲ့ အကြောင်း ကာရစ်က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

လက်ကျန် ပွဲစဉ်တွေမှာ ကျွန်တော်တို့ လုပ်နိုင်သမျှ အားလုံး အကောင်းဆုံး လုပ်ဆောင် သွားမှာပါ။ မန်နေဂျာရဲ့ ညွှန်ကြားချက် အတိုင်း ကျွန်တော်တို့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင် နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရှေ့လာမဲ့ ပွဲစဉ်ကိုသာ အာရုံစိုက် ထားပြီး အဲဒီပွဲစဉ်ကိုပဲ အနိုင်ရဖို့ တွေးတော နေပါတယ်။ သင့်အနေနဲ့  ရှေ့ကို အများကြီး ကျော်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ ဒါက တခါတရံ သင့်ကိုဒုက္ခပေး သွားနိုင်ပါတယ်။ ” လို့ MUTV ကို ဖွင့်ဟပြောဆို သွားခဲ့ပါတယ်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ