ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 February 2013

ပိုက်လိုင်းဖြတ်သန်းမြေ နစ်နာကြေးပေးရာ၌ မသမာမှုများရှိနေခြင်းအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု RNDP ဗဟိုကော်မတီဝင် တစ်ဦးကဆို






Tway Tway Soe Ann CC of RNDPတရုတ်ကုမ္ပဏီ CNPC ၏ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ၌ ဥယျာဉ်ခြံ မြေများပါဝင်သွားခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်ကုမ္ပဏီကိုယ်စား လျော်ကြေးငွေများထုတ်ပေးနေသည့် မြေယာနှင့်သီးနှံလျော်ကြေးပေးရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် မသမာမှုများရှိနေခြင်းအပေါ် ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ၏ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး (အမ်း)က ဆိုသည်။

ခမရ ၃၅၃ တပ်ရင်းမှ ရေယာဉ်ခွန်များ အတင်းအဓမ္မ ကောက်ခံနေ






ရခိုင်ပြည် စစ်တွေခရိုင်၊ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတစ်ဖက်ကမ်းရှိ ရွာညာ ကုလားရွာ၌ အခြေစိုက် ခမရ ၃၅၃ တပ်ရင်းမှ စစ်ဝန်ထမ်းများသည် မြစ်အတွင်းသွားလာနေသည့် ခရီးသည်ရေယာဉ်များအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ အတင်းအဓမ္မ အခွန်များကောက်ခံနေကြောင်း သတင်းရရှိသည်။
Checkpoint along the river 2 copy
ကုလားတန်မြစ်အတွင်း ရေတပ်မှ ဖြတ်သန်းသွားလာနေသည့် စက်လှများအား အခွန်ကောက်နေစဉ်
ဖေဖောက်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲက ကျွဲနင်းကန်ကျေးရွာမှ ကျောက်တော်မြို့သို့ သွားသော စက်လှေတစ်စီးအား သေနတ်ပစ်၍ အခွန်တောင်းခံခဲ့ကြောင်း ၄င်းစက်လှေပိုင်ရှင် ကိုဌေးကျော်က ပြောသည်။

ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်သစ် ရွေးချယ်

အမျိုးသားလွှတ်တော်အမျိုးသားလွှတ်တော်

ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေကိုတော့ တရားဝင် ပြန်လည် ခန့်အပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

အခုလို ခန့်အပ်နိုင်ပေမဲ့ အပြန်အလှန် ညှိနှိုင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ အစိုးရနဲ့ လွှတ်တော်အကြား စာတွေ ပိုပြီးတော့သာ ရွေးချယ် ခဲ့တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂအဖွဲ့ဝင် ငါးနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ



နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့နံနက် (၉) နာရီတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ ခရီးစတင်ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့ ပြည်သူ့အသံကဏ္ဍမှတစ်ဆင့်ပေးပို့လာကြသော စာများနှင့်ပတ်သက် ၍



၁။ ပြည်သူများအား မိဘပြည်သူသဖွယ်သဘောထားသော နိုင်ငံတော် သမ္မတကြီး၏ စိတ်ရင်းစေတနာကို အလေးထား၍လည်းကောင်း၊ ပြည်သူများ ၏ အမှန်တစ်ကယ် ထိခိုက်ဆုံးရှုံးနစ်နာမှုများကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးရန်လည်းကောင်း၊ ပြည်သူ လူထုနှင့် နိုင်ငံတော် သမ္မတကြီးအကြား ပေါင်းကူး ဆက်သွယ်ထိတွေ့နိုင်သည့် Communication Channel တစ်ခု ဖြစ်ပေါ်လာစေရန်လည်းကောင်း နိုင်ငံတော်သမ္မတရုံး ဝက်ဆိုက်တွင် ပြည်သူ့အသံကဏ္ဍအား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ