ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

12 October 2012

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့်ပူးပေါင်းရေး မဖြစ်မနေတည်ထောင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆို


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး
ပါတီသို့ ကမ်းလှမ်းထားသည့် ပူးပေါင်းရေး
အဆိုကို မဖြစ်မနေတည်ဆောက်သွား
မည်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က

 ကြေညာချက်ထုတ်ပြန်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League For
Democracy) ပါတီ၏ (၂၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို

အောက်တိုဘာလ ၁၂ ရက်နေ့တွင်ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်၍ ၄င်းအချက်အလက်အပါအဝင် အချက် (၉) ချက်ပါသည့် ကြေညာစာတမ်း
ကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင်-

(၁) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီအခြေခံမူများ စစ်မှန်သောပြည်ထောင်
စုစနစ်နှင့် ဒီမိုကရေစီအခြေခံမှုများ စစ်မှန်သော ပြည်ထောင်စုစနစ် နှင့် မကိုက်ညီသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရန်၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး
တည်ဆောက်နိုင်ရန်၊

(၃) စက်တင်ဘာလတွင်းက ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ရခိုင်ပြည်သူလူထု အစည်းအဝေး၏ ကြေညာချက်ကို ထောက်ခံကြောင်း၊

(၄) ရခိုင်ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများနှင့် ညီညွတ်ရေးတည်ဆောက်ရန်၊

(၅) ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော
ပဋိပက္ခနှင့်ပတ်သက်၍ ပြည်သူ့ခံစားချက်နှင့်တစ်သားတည်းဖြစ်ကြောင်း၊

(၆) ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော ရခိုင်လူမျိုးတို့အပေါ်
 ကျရောက်နေသည့် အဖြစ်ဆိုးများ၏ခါးသီးမှုကို ကျွန်ုပ်တို့အနေဖြင့်
ထပ်တူခံစားရကြောင်း၊

(၇) Sep(၁၁) ရက်နေ့က ကျောက်တော်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်သူတစ်ဦး
သတ်ဖြတ်ခံရမှုကြောင့် ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးမှု အားနည်းသဖြင့် လုံခြုံမှုမရှိဟု ပြည်သူတို့ခံစားရသည့်နည်းတူ ကျွန်ုပ်တို့လည်း ထပ်တူခံစားရကြောင်း၊


(၈) ရခိုင်ပြည်တွင် ဖော်ဆောင်နေသော စီမံကိန်းများ၊ ဌာနေပြည်သူများ အကျိုး
ခံစားနိုင်ရန်နှင့် ဆိုးကျိုးများကာကွယ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်

(၉) ပြည်သူများ၏အကျိုးကို ပါတီဖွဲ့စည်းပုံပါ မူဝါဒနှင့်လုပ်ငန်းစဉ် ၁၉ ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိသည်။



Popular News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ