ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 October 2012

လက်ပန်းတောင်းတောင်ကို ဆက်လက်တူးဖော်၊ သာသနီက အဆောက်ဦများ ဖျက်ဆီး


မြေသိမ်းမှုတွေကြောင့် ဒေသခံတောင်သူတွေနဲ့ အငြင်းပွားနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် စီမံကိန်းကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြေးနီစိမံကိန်းအတွက် လိုအပ်တဲ့ မြေဇာတွေကို လက်ပန်းတောင်းတောင်ကနေ ထုတ်ယူနေပြီး သမိုင်းဝင် လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနိက အဆောက်အဦတွေ ဖျက်ဆီးခံနေရတယ်လို့ မျက်မြင်တွေခဲ့ရတဲ့ ၀က်မှေးကျေးရွာသား ကိုဇော်ဦးက ပြောပါတယ်။

“တော်တော်ဝမ်းနည်းစရာကောင်းတယ်။ တောင်ကြားချောင်းလေးကို ဘုရားလေးပဲ ခြမ်းပြီးထိုးထားတဲ့နေရာ။ လယ်တီဆရာတော်ဘုရားကြီး တည်ထားတဲ့ ဘုရားရှိတယ်။ အဲဒီအထက်က ဘုရားလေးကို လုံးဝဖျက်စီးလိုက်ကြပြီ။ လယ်တီဆရာတော် နဂိုက တရားထိုင်ခဲ့တဲ့ ဂူလည်း မရှိတော့ဘူး။ ဂူနဲ့ဘုရားလေးက တွဲထားတယ်။ လုံးဝဖျက်ဆီးလိုက်ကြပြီ။”
လက်ပန်းတောင်းတောင်ကြောမှာရှိကြတဲ့ ၀ါးရုံတောင်၊ ရေစိမ်းမန်းကျည်းပင်တောင်မှာ တောင်ဖြိုခံထားရပြီး နာမည်ကျော် ရွှေမြင်တင်တောင်မှာလည်း ထက်မံဖြိုချဖို့ ရှိနေတယ်လို့ ကိုဇော်ဦးက ပြောပါတယ်။
“အရှည်က ၀ါးနှစ်ပြန်စာလောက်ရှိမယ်။ အဲဒါကို ကျင်းတွေဖောက်ပြီး ယမ်းတွေထည့်ပြီးတော့ ဖောက်ခွဲတာ။ မြေသားတွေ ပွထွက်သွားအောင် လုပ်ပြီးတော့ ကားတွေပေါ်တင်တာ။ တောင်တွေက နှစ်လုံး၊ သုံးလုံးလောက်  ကုန်သွားပြီ။ ဖျက်ထားတဲ့နေရာတွေကိုတော့ ဘူဒိုဇာတွေနဲ့ ထိုးပြီး မြေဇာတွေကို ပစ်နေတာ တွေ့ရတယ်။”
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အမျိုးသားပိုင် ၀မ်ပေါင်ကုမ္ပဏီတို့က စုပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး မြေယာတွေ သိမ်းဆည်းထားတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ပညာရှင်တွေက အဲဒီစီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုနေချိန် ဖြစ်ပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ