ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 October 2012

မနန်းခင်ဇေယျာ ၏ ကျော်ကြား မှု က “၀ါးလုံးခေါင်းထဲ လသာ” သည့် ခေတ် ကုန်သွား ပြီ ဆိုသည် ကို သတိပေးလိုက်ခြင်း ဖြစ်


536299_461204710596795_920110987_nဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ ဉ် အောက်တိုဘာ လ ၁ ရက်နေ့ မှ
အောက်တိုဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International)
ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ မနန်းခင်ဇေယျာ ၏ ကျော်ကြား
မှု သည် မြန်မာ လူမျိုး များ အတွင် ယခင် လို  ၀ါးလုံးခေါင်းထဲ လသာ နေ ၍ မဖြစ်တော့ ဆိုသည်
ကို သတိ ပေး ခေါင်းလောင်း သံ ထိုး လိုက် ခြင်း ဖြစ်သည်။

တံခါးပိတ် စီးပွားရေး စနစ် နှင့် စစ်အာဏာရှင် အစိုးရ အုပ်ချုပ် ခဲ့ စဉ် က မြန်မာ တို့  သည့် နိုင်ငံ တကာ
ကစားကွင်း အတွင်း သို့  ပါဝင် ဆင်နွှဲ ရန် အခွင့် မသာ သောကြောင့် နိုင်ငံ တွင်း နှင့် မြန်မာ ပြည်သူ
များ အတွက် သာ ၎င်း တို့  ၏ အစွမ်း အစ ကို ပြ ခဲ့ ရသည်။ ထို့  အတွက် ကြောင့် ဘောလုံး စကား နှင့်
ပြောရ လျှင် အိမ် ကွင်း တွင်း သာ လူ စွာများ ဖြစ် ကြ ပြီး အဝေး ကွင်း တွင် မျက် နှာ ပန်း မလှ တနည်း
အားဖြင့် ဆိုသော် ပွဲ မတိုး ဖြစ်ခဲ့ ကြရသည်။
အဓိက အားဖြင့် မျိုးဆက် သစ် လှိုင်း တို့  ၏ တွေး ခေါ် ရှု မြင်ပုံ ၊ ရည်မှန်းချက် အယူအဆ နှင့် သဘော
ထား စိတ်ကူး များ သည် ခောတ်ဟောင်း က မြန်မာ တို့  နှင့် လုံးဝ ပင် ဆန့် ကျင် ဘက် အနေအထား
ဖြစ်နေကြသည်။
နိုင်ငံတွင်း ဉ် လူစွာ လုပ် နိုင်ခဲ့ သော  သူများ မှ တစ်ချိန် က မော်ကြည့် ခံ ဘ၀ မှ  အိမ်နိမ့် စံ အဖြစ် သို့ 
တဖြည်းဖြည်း ရောက်ရှိ သွား ပြီ ဖြစ်သည်။
“ကမ္ဘာ့ စင်မြင့် ထက် မဟုတ် သည့် တိုင်အောင် နိုင်ငံ တကာ  အဆင့် တွင် ပါဝင် နိုင်ခြင်း မရှိ ပါ က မှတ်
ကျောက် တင် ခံရသည့် အရည် အသွေး မဟုတ်သေး ဟု” ဂျာဗား ကွန်ပျုတာ ပရိုဂရမ် မာ တစ်ဦး ဖြစ်
သူ ကို ကျော်သူရဦး က FNG ကို ပြောသည်။
နောက်တွင် ပို၍ ပွင့်လင်း မှု များ ဖြစ်လာသည့် အခါ မိမိ နှင့် အပြိုင် ကစား ရမည့် သူများ သည် အဘက်
ဘက်  က အရည် အသွေး ထက် မြက် နေသည့် နိုင်ငံ တကာ အတွေ့ အကြုံ ရှိ များ ဖြစ်ကြ ရာ အစစ အရာ
ရာ ပြင်ဆင် ထား ဖို့  အရေး ကြီး သည်။
မြန်မာ နှင့် လုံးဝခြား နား သည့် နိုင်ငံ တကာ ကစား ကွင်း တွင်  အောင်မြင် မှု အတွက် ရိုးသားမှု မရှိစွာ အား
ထုတ်သည့် အလေ့အထ များ ဖြစ်သည့် ၊ လာဘ် သပ် ပကာ ထိုးခြင်း ၊ ရင်းနှီး မှု ရယူခြင်း တို့  မရှိရာ ထိုယဉ်
ကျေးမှု အမြစ် တွယ် နေသည့် မြန်မာ များ အတွက် အတော် ပင် ခက် ခဲ အုံး မည် ဟု ဆို ၍ ရ နိုင်သော် လည်း
တဖြည်းဖြည်း ချင်း တိုးတက် ပြောင်းလဲ မှု က နိုင်ငံ တကာ တွင် ထင် ပေါ် စေလိမ့်မည်။
တရုတ် ၊ အိန္ဒိယ ကို မဆိုထားဘိ မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် ထိုင်း နိုင်ငံ ပင် လျှင် နိုင်ငံ တကာ
ကစား ကွင်း တွင် ၀င်ရောက် နေသည် မှာ ဆယ် စု နှစ် နှစ် ခု နီး ပါ ပင် ဖြစ်သည်။
မြန်မာ တို့  အတွက် နိုင်ငံ တကာ သို့  ထိုးဖောက် ရန် မှာ အနု ပညာ နယ်ပယ် သာမက ထုတ်ကုန် ပစ္စည်းများ
လျှပ်စစ် နှင့် စက်မှု ၊ ဆေးဝါးများ စသည့် ထုတ် ကုန် များ အထိ နိုင်ငံ တကာ တွင် ထိုးဖောက် နိုင် ဖို့  ရည်
မှန်းချက် ထား နိုင်ရပေမည်။
ယခင် က လို ပြည်တွင်း ဈေးကွက် မှာ ပင် လူ စွာ လုပ်သည့် ခောတ် ကတော့ ကုန်သွား ပေပြီ။


487011_461206957263237_226130581_n




FNG

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ