ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 October 2012

ရန်ကုန်မြို့ တရားဥပဒေ စိုးမိုးမှု ရှိရဲ့လား


အခုနောက်ပိုင်း ရန်ကုန်မှာ ခပ်စိပ်စိပ် ကြားလာရတဲ့ သတင်းတွေကတော့ အုပ်စုဖွဲ့ ရမ်းကား ရိုက်နှက်မှု သတင်းတွေပါပဲ။ ဒီသတင်းဖြစ်စဉ်တွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အခြေအနေတွေကိုပါ သိနိုင်မှာမို့ ဒီ အကြောင်းတွေကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ည ဆရာစံလမ်းက မိုးအလင်းဖွင့်တဲ့ SS ကဖေးဝင်းထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ရိုက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ မနက် ၂ နာရီလောက်မှာ ညကလပ်က ပြန်လာပုံရတဲ့ လူငယ်
၇ ယောက်လောက် ၀ိုင်းဖွဲ့ပြီး မုန်ဟင်းခါးနဲ့ အစားအသောက်တွေ စားသောက်နေကြပါတယ်။ သူတို့ ပြောဆိုပုံတွေကြည့်ရင် ကလပ်မှာ ပြဿနာ တစုံတခု ပေါ်လာပုံလည်း ပေါက်ပါတယ်။ အားလုံးလိုလိုက အရက်သောက်ထားပြီး တယောက်ကတော့ အမူးတောင်လွန်နေပါပြီ။ သူတို့ ၀ိုင်းဖွဲ့ ထိုင်နေပြီး ၁ နာရီလောက် မကြာခင်မှာပဲ ဆိုင်ရှေ့ ကားလမ်းပေါ်ကို ကား ၃ – ၄ စီး ဆိုက်လာပြီး လူငယ် ၁၀ ယောက်ကျော် ပြေးဆင်းလာပါတယ်။ သူတို့ လက်ထဲမှာလည်း တုတ်တွေ၊ အုတ်ခဲကျိုးတွေ၊ သံချောင်းတွေ ကိုင်ဆောင်ထားကြပါတယ်။ တချို့က ၀င်းတံခါးကနေ ၀င်လာသလို တချို့ကတော့ ခပ်နိမ့်နိမ့် ခြံစည်းရိုးကို ခုန်ကျော် ၀င်ရောက်လာပြီး စောစောက လူငယ်တစုကို သဲသဲမဲမဲ ၀င်ရောက် ရိုက်နှက်ကြပါတယ်။ အရိုက်ခံရတဲ့ လူငယ်တွေကတော့ ဘာမှ ပြန်မလုပ်နိုင်သလို ဝေးဝေးလည်း မပြေးနိုင်ကြပါဘူး။ တချို့ခေါင်းတွေကွဲ တချို့ မြေပြင်ပေါ်လဲ၊ စိတ်တိုင်းကျ ရိုက်နှက်ရုံမက ရေနွေးပူဓာတ်ဘူးနဲ့ ခေါင်းကို ပေါက်ခွဲတာတောင် ခံကြရပါတယ်။ အနားမှာ ဆိုင်လုံခြုံရေး ၀န်ထမ်းတွေနဲ့  စားသောက်နေသူ အတော်များများ ရှိနေပေမယ့် ဘယ်သူမှ ၀င်မဟန့်တားရဲကြပါဘူး။ ရဲစခန်းကို ဖုန်းခေါ်အကူအညီတောင်းတာကိုလည်း ဘယ်သူမှ မလုပ်ရဲကြပါဘူး။ အဲဒီ လူငယ်အုပ်စုကတော့ ကျကျနန အားရအောင် ရိုက်နှက်သောင်းကျန်းပြီးမှ ပြန်ထွက်သွားကြပါတယ်။ နောက်ပိုင်း စုံစမ်းရသမျှ ဒီအမှု ရဲစခန်းကို တိုင်တာ မရှိခဲ့ပါဘူး။
နောက်ဖြစ်စဉ်တခုကတော့ စက်တင်ဘာ ၃၀ ရက်နေ့ ညက အင်းလျားကန်ဘောင်မှာ ဖြစ်ခဲ့တာပါ။ အဲဒီည ၉ နာရီလောက်မှာ လုံခြုံရေး ၀န်ထမ်းတွေက တာဝန်အရ ကန်ဘောင်ပိတ်မှာမို့ အားလုံးထွက်ခွာကြဖို့ လိုက်ပြီး နှိုးဆော်ပါတယ်။ ဒီအခါ အရက်သောက်ပြီး အမှိုက်ပုံးတွေကို ကန်ကျောက်နေတဲ့ လူတစုနဲ့ တွေ့ပြီး အဲလို မလုပ်ဖို့ တားဆီးရာကနေ အချေအတင် စကားများကြပါတယ်။ နောက်ပိုင်း ပန်းခြံစောင့်တွေဘက်က လှေလှော်အသင်းသားတွေပါ ပါဝင်လာတဲ့အခါ အဲဒီ အုပ်စု ကန်ဘောင်ကနေ ဆင်းသွားပါတယ်။ ဒါပေမယ့် ည ၁၂ နာရီလောက်ရောက်တဲ့အခါ အဲဒီအုပ်စုဟာ ဆိုင်ကယ် ၉ စီး၊ တုတ်တွေ၊ ဓားတို၊ ဓားရှည်တွေနဲ့ ရောက်လာပြီး ကန်ဘောင်ပေါ်က လုံခြုံရေးတွေ၊ စားသောက်ဆိုင်က အလုပ်သမားတွေကို တရစပ် လိုက်လံ ရိုက်နှက်ပါတော့တယ်။ အဲဒီလို စိမ်ပြေနပြေ ရမ်းကား ရိုက်နှက်ပြီးတဲ့ အခါမှာတော့ ဆိုင်ကယ် ကိုယ်စီစီးပြီး ပြန်ထွက်သွားကြပါတယ်။ အရိုက်ခံရပြီး ခေါင်းကွဲသွားတဲ့ ကန်ဘောင်လုံခြုံရေးတွေက ဆေးခန်းပြ ရဲစခန်းတိုင်ပေမယ့် ဒီနေ့အချိန်အထိ တရားခံ ဖမ်းမမိပါဘူး။ ဆိုင်ကယ်လုံးဝ မစီးရဘူးလို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်မြို့ အထင်ကရ နေရာတခုမှာ ဆိုင်ကယ်တွေ တဝေါဝေါ စီးလာပြီး မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းကြတဲ့ ဖြစ်ရပ်တခုပါ။
နောက်ဖြစ်စဉ်တခုကတော့ အင်းလျားလိတ်ဟိုတယ် ဒီဂျေကလပ်ရှေ့မှာ ဖြစ်ခဲ့တာပါ။ အောက်တိုဘာ ၃ ရက်နေ့ညက အဲဒီ ဒီဂျေဘားကလပ်ထဲမှာ ကကြခုန်ကြရင်း ကိုဇော်စိုးဝင်း ဆိုသူနဲ့ ဆေးကျောင်းသားတချို့ စကားများတဲ့အခါမှာ ရမ်းကားတယ်လို့ ယူဆတဲ့ ဇော်စိုးဝင်းကို ကလပ် လုံခြုံရေးတွေက ကပွဲခန်းမ အပြင်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူက အိမ်ပြန်မသွားသေးဘဲ ကလပ်ထဲက ပြဿနာကို လက်စားချေဖို့ အပြင်ကနေ စောင့်ပါတယ်။ အဲဒီနောက် မနက် ၃ နာရီလောက် ကလပ်ထဲက ထွက်လာတဲ့ ဆေးကျောင်းသား အုပ်စုကို သူရဲ့ လင်ခရူဆာကား အနက်ရောင်နဲ့ တိုက်ပါတယ်။ ဆေးကျောင်းသားတွေ စီးလာတဲ့ ကားကိုလည်း ပြင်းပြင်းထန်ထန် တိုက်ပါတယ်။ ဒီလိုနဲ့ ကားပျက်စီးတဲ့အပြင် ကားနဲ့ အတိုက်ခံရတာကြောင့် ဆေးကျောင်းသား မောင်ဝေအောင် ခေါင်းကွဲ၊ နံရိုးကျိုး အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံရောက်သွားပါတယ်။ ဒီဖြစ်စဉ်ကိုတော့ မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အထက်က ဖြစ်စဉ်တွေအားလုံးဟာ အခု ရက်သတ္တပတ်အတွင်း ဖြစ်ပျက်သွားတာတွေ ဖြစ်ပါတယ်။ တချို့ဖြစ်စဉ်တွေမှာ ရဲစခန်းရောက်ပြီး တချို့ဖြစ်စဉ်တွေက ရဲစခန်း မရောက်ပါဘူး။ တချို့ဖြစ်စဉ်တွေ မီဒီယာမှာ ဖော်ပြလို့ ပြည်သူတွေ သိကြပေမယ့် တချို့ဖြစ်စဉ်တွေကတော့ မီဒီယာတွေမှာ ဖော်ပြတာ မတွေ့ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အုပ်စုဖွဲ့ရမ်းကားမှု ဖြစ်စဉ်တွေကတော့ ပိုပြီးများလာတာကတော့ ငြင်းလို့မရပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိသေးဘူးဆိုတာ၊ တရားဥပဒေ စိုးမိုးဖို့ အများကြီး ကြိုးစားဆောင်ရွက်ဖို့ လိုနေပြီဆိုတာ ထင်ရှားနေပါကြောင်း တင်ပြလိုက်ရပါတယ်။

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ