ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 October 2012

ရန်ကုန်တွင် ရဟန်းသင်္ဃာများနှင့် ရခိုင်တိုင်းရင်းသားများ အမျှဝေဆုတောင်း ဆန္ဒထုတ်ဖော်



Protest Ragoon 23အောက်တိုဘာလ ၂၅ရက်နေ့ ယနေ့ နေ့လည် ၁နာရီတွင် ရန်ကုန်မြို့ရှိ ရဟန်းသင်္ဃာများနှင့် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည် ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းအမျှဝေပွဲတစ်ရပ်ကို ဆူးလေဘုရား၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆုတောင်းအမျှဝေပွဲသို့ ရဟန်းသင်္ဃာ အပါး ၂၀၀ကျော်ခန့်နှင့် လူဦးရေ ၈၀နီးပါးခန့် တက်ရောက်ကာ ဆူးလေးဘုရားပေါ်တွင် ပဋိပက္ခအတွင်း ကွယ်လွန်ခဲ့ရသူများအတွက်
ဆုတောင်း အမျှဝေခဲ့ကြောင်း သိရှိရသည်။
"ဦးဇင်းတို့ ရခိုင်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ အဓိက အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ ဒေသတည်ငြိမ်မှု ထိန်းသိမ်းရေးအလွန်ညံ့ဖျင်းတဲ့အတွက် အခုလို အသက်အိုးအိမ်ပျက်စီး၊ ဆုံးရှုံးမှုတွေဖြစ်ရတာပါ။ ပြီးတော့ တရားမ၀င်လာရောက်သူတွေနဲ့ ကိုယ့်တိုင်းပြည်က ရခိုင်ပြည်သူတွေကြားမှာ စစ်တပ်က ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်တိုင်းပြည်က ရခိုင်ပြည်သူတွေဘဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးကြရာတာဟာ တရားနည်းလမ်းမကျတဲ့ စစ်တပ်ရဲ့လုပ်ရပ်လို့မြင်ပါတယ်။ ဒါကို ဦးဇင်းတို့က သေဆုံးသွားသူတွေအတွက် ဆုတောင်းအမျှဝေပြီးတော့ ပြဿနာတွေငြိမ်းချမ်းသွားဖို့နဲ့ စစ်တပ်အခုလို မိမိပြည်သူပြည်သားတွေကို ပစ်သတ်နေတာတွေ ရပ်တန့်ပေးဖို့ ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်"ဟု သင်္ဃာတစ်ပါးက မိန့်သည်။
လွှတ်တော်ထဲမှ တရားမ၀င် ဘင်္ဂလီများအား ချက်ချင်းဖယ်ရှားပေးရန်၊ တရားမ၀င် ဘင်္ဂလီများအား မြန်မာနိုင်ငံမှ မောင်းထုတ်ပေးရန်၊ စစ်တပ်မှ တိုင်းရင်းပြည်သူများအား ပစ်သတ်နေမှုအပေါ် ချက်ချင်းရပ်တန့်ရန်၊ ရခိုင်ပြည်သူများအား မူဆလင်အစွမ်းရောက်ဘင်္ဂလီများအန္တရာယ်မှ ကာကွယ်ပေးရန်၊ ရခိုင်ပြည်ပြဿနာအား သမ္မတမှ စဉ်းစားဆုံးဖြတ်ပေးရန်၊ ရခိုင်ပြည်၏ပျက်စီးဆုံးရှုံးမှုသည် မြန်မာနိုင်ငံ၏ ပျက်စီးဆုံးရှုံးမှုဖြစ်သည်၊ တရားမ၀င်ဘင်္ဂလီများနှင့် မည်သည့်နည်းနှင့်မှ အတူယှဉ်တွဲမနေလိုပါ၊ ၁၉၈၂ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် စသည့် အချက် ၉ချက်ကိုလည်း ယင်းဆုတောင်းပွဲတွင် ရခိုင်တိုင်းရင်းသားများက တောင်းဆိုခဲ့ကြသည်။
မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် ပဋိပက္ခများတွင် စစ်တပ်မှ ပစ်ခတ်မှုများကြောင့် ဒေသခံရခိုင်တိုင်းရင်း ၁၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ အများအပြားဒဏ်ရာရရှိကာ မြို့နယ်အသီးသီးမှ ဆေးရုံများတွင် ဆေးကုသခံနေရပြီး အရေးပေါ်လူနာတချို့အား ရန်ကုန်သို့ပို့ဆောင်ခဲ့ရကြောင်း ရခိုင်လူမှုအသင်းများမှပြောပြချက်အရ သိရှိရသည်။

 
ArankanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ