ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 October 2012

ကျောက်ဖြူတွင် ဘင်္ဂလီများ မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိ


ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်နှင့်
ပိုက်သည်ရပ်ကွက်တွင် ဘင်္ဂလီများ
 အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကြောင့် ရခိုင်
(၂) ဦး သေဆုံးသွားကြောင်း
သတင်းရှိရသည်။


ယနေ့နေ့လည် (၁၁)နာရီကျော်တွင်လည်း ဘင်္ဂလီများသည် အဝေးပြေးဂိတ်နားမှ
 ရွှေနံသာကျောင်းနှင့် မာရမာကြီးကျောင်းသို့ ဘင်္ဂလီများ မီးရှို့ရန်သွားသဖြင့် လုံခြုံရေးနှင့် မီးသတ်ကားများ ရောက်ရှိနေကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့ ပရဟိတ ကျောင်းဆရာတော်က " မနေ့ အခင်းဖြစ်ပွားမှုမှာ ရခိုင်
 (၂)ယောက်သေလို့ ဒီနေ့ပဲ မီးသဂြိုလ်လိုက် ပါတယ်။ အခုလမ်းတွေလည်း
အကုန်လုံး ပိတ်ထားပါတယ်။ တစ်ယောက်မှ ဝင်ခွင့်မပေးပါဘူး။ လုံခြုံရေးကို စစ်တပ်ကကိုင်ထားပြီးတော့ ကျောက်ဖြူမြို့တစ်ခုလုံးက တပ်ရင်း (၃) ခုဖြစ်တဲ့
 ခမရ (၅၄၁ ၊ ၅၄၂ ၅၄၃) က တာဝန်ယူထား ပါတယ်။

အိမ်မီးထဲပါသွားတဲ့ ဒုက္ခသည်(၂၀၀) နီးပါးခန့်ကို သာသနာ့ဗိမာန်မှာ ထားရှိထား
ပါတယ်။ မနေ့ညတုန်းက ဘင်္ဂလီ (၇၀)ကျော်လောက် စုဝေးပြီးတော့ ရွှေနံသာကျောင်းနှင့် မာရမာကြီးကျောင်းကို မီးရှို့ရန်ကြိုစားတာ ရဲနှင့် မီးသတ်တို့ ရောက်ရှိလာလို့ တား
ဆီးနိုင်လိုက်ပါတယ်။

 အခုလက်ရှိ အခြေအနေမှာ ခမရ စစ်တပ်အဖွဲ့ကမြို့ထဲကိုလှည့်၍ ပုဒ်မ (၁၄၄)
ညမထွက်ရအမိန့်ကတော့ နံနက် (၆) နာရီ ကနေ ည (၆) နာရီထိ ထုတ်ပြန်ဖြစ်မယ်
ထင်ပါတယ်။ " ဟု ပြောသည်။

ဘင်္ဂလီများသည် မိမိအိမ်ကို မိမိရှို့ကာ ဘုတ်၊ လှေ အစီး (၄၀)ခန့်ဖြင့် ထွက်ပြေးသွားပြီး ကျောက်ဖြူနှင့် ရေမိုင် (၁၀) ကျော်ခန့် အဝေးတွင်စု
ဝးနေကြကြောင်း သိရှိရသည်။

Arakan Times

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ