ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

25 October 2012

တောင်ကြီးနှင့် မြစ်ကြီးနားတွင် မီးလောင်


တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံ ၀န်ထမ်းအိမ်ရာမှာ ရိုးရာမီးပုံးပျံပွဲအတွက် ပြင်ဆင်ရင်း  ဒီနေ့ မနက် ၁၀ နာရီလောက်က မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ၂ ခန်းတွဲအိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားပြီး
ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
မီးပေါ့ဆမှုကြောင့် နတ်စောင်း မီးပုံးပျံအဖွဲ့ခေါင်းဆာင် ဦးသက်နိုင်ထူးကို တိုင်ချက်ဖွင့်ထားတယ်လို့ မြို့နယ်မီးသတ်ဌာန ဒု-ဦးစီးမှူး ဒေါ်ရီရီလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမှာတော့ ဒီမနက် ၂ နာရီလောက်က  မြစ်ကြီးနားလေဆိပ်  ဈေးဆိုင်ခန်းတခုမှာ လောင်ကျွမ်းခဲ့တယ်လို့ မြို့နယ် မီးသတ်ဝန်ထမ်းတဦးက ပြောပါတယ်။
မီးအားမြှင့်စက် အသုံးပြုရာကနေ အပူလွန်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့  မြစ်ကြီးနား မီးသတ်ဌာနက ပြောပါတယ်။


DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ