ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 October 2012

လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးရှိတဲ့ ဥပဒေစနစ်တစ်စုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား





Luoadawဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး တရားသူကြီးကိုးဦးအား အရေးယူဖိအားပေး နုတ်ထွက်စေလိုက်ပြီးနောက် လွှတ်တော်သည် ဥပဒေစနစ်တစ်စုံလုံးကိုပါ အနှစ်သာရအားဖြင့် ဖျက်သိမ်းတော့မည့် စိုးရိမ်ဖွယ်အနေအထားများအား တွေ့မြင်နေရသည်။ မြန်မာနိုင်ငံသည် ငါးပါးသာမက
သံဃာစင်ပါမှောက်ပါတော့မည်။ အဘယ်ကြောင့်နည်း။
လွှတ်တော်တစ်ရပ်ချင်းစီက ဖွဲ့စည်းလိုက်သည့် ကော်မတီများသည် ပြည်ထောင်စုအဆင့်မရှိကြောင်း တိုင်းပြည်၏ အမြင့်ဆုံးခုံရုံးက ချမှတ်လိုက်သော စီရင်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ဖြစ်နေပါလျှက် ဤဆုံးဖြတ်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်း၏ ကော်မတီများအား ပြည်ထောင်စုအဆင့်ဖြင့် ဇွတ်အတင်းကျင့်သုံးစေလျှင်၊ မြန်မာနိုင်ငံ၏ ဥပဒေစနစ်အား အခြေခံအားဖြင့် ဖျက်သိမ်းပြီးရာ ရောက်သွားသောကြောင့်ဖြစ်သည်။
ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးအားလုံး နုတ်ထွက်သွားပြီဖြစ်သဖြင့် ၄င်းတို့ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်မှာ အလိုအလျှောက် ပျက်ပြယ်သွားပြီဟူ၍ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က ပြောဆိုသွားခဲ့ကြောင်း ဘီဘီစီက စက်တင်္ဘာလ (၆)ရက်နေ့တွင် အသံလွှင့်သွားခဲ့သည်။ ဤအတိုင်းပင် လွှတ်တော်အမတ်အများစုကလည်း ထင်မှတ်နေကြပုံရသည်။ ယင်းအချက်မှာ လုံးဝလွဲမှား နေပါသည်။ ယင်းကို သာမန်လူထုများ နားလည်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဥပဒေစနစ်ကို ပြန်လည်လေ့လာဖို့ လိုပါမည်။
ကမ္ဘာတွင် အဓိကအားဖြင့် ဥပဒေစနစ်နှစ်ခုသာရှိပါသည်။ အင်္ဂလိပ်ဘာသာအားဖြင့် Common Law နှင့် Civil Law ဥပဒေစနစ်များ ဟူ၍ခေါ်သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်တွင် နေခဲ့ရစဉ်အတွင်း ကွန်မွန်းလော Common Law ဥပဒေစနစ်ကို အမွေဆက်ခံခဲ့သည်။ နယ်ချဲ့စနစ်ကို မည်သူမျှ မကြိုက်ကြပါ။ သို့ရာတွင် နယ်ချဲ့စနစ်အောက်မှ ရရှိခဲ့သော ကွန်မွန်းလော ဥပဒေစနစ်ကိုမူ မြန်မာနိုင်ငံသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မည်သည့် နိုင်ငံရေးခေါင်းဆောင်၊ မည်သည့် ဥပဒေပညာရှင်ကမျှ တိုက်ခိုက်ပြောဆိုခဲ့ခြင်း မရှိ၊ ယနေ့တိုင် တန်ဘိုးထားကာ လက်ခံကျင့်သုံးနေဆဲဖြစ်သည်။
ကွန်မွန်းလော ဥပဒေစနစ်၏ကြောရိုးကြီးမှာ တရားစီရင်ရေးနှင့် ၄င်းကစီရင်လိုက်သည့် စီရင်ထုံးများဖြစ်သည်။ ဘက်နှစ်ဘက်အငြင်းပွားကြသော မှုခင်းများ အားလုံးတွင် တရားသူကြီးသည် ဘယ်ဘက်ကမှ မနေဘဲ အလယ်မှာတည့်တည့်ရပ်ခါ တရားရုံးရှေ့တွင်တင်ပြလာသော သက်သေအထောက်အထားများအပေါ် အခြေခံပြီး မှုခင်းများကို ဆုံးဖြတ်ကြရသည်။ သက်ဆိုင်ရာမှုခင်းများတွင် အမြင့်ဆုံး တရားရုံးကြီးများ၏ ဆုံးဖြတ်ချက်များကို စီရင်ထုံးများအဖြစ် ရွေးချယ်မှတ်တမ်းတင်ပြီး တရိုတသေ လေးစားလိုက်နာကျင့် သုံးကြရသည်။ အမြင့်ဆုံးတရားရုံးကြီးတစ်ရုံး၏ ဆုံးဖြတ်ချက်အပေါ် ဥပဒေအကြောင်းအရာအရ တူညီသော မှုခင်းအသစ်တစ်ရပ်တွင် နောက်ထပ် စီရင်ထုံးအသစ်ထွက်ပေါ်လာပြီး ပြင်ဆင်ဆုံးဖြတ်မှုမပြုမချင်း ပထမစီရင်ထုံးကို တစ်ပြည်လုံးလက်ခံ ကျင့်သုံးကြရသည်။
စီရင်ချက်ချမှတ်ပြီးနောက် အဆိုပါချမှတ်သူ တရားသူကြီးများ နုတ်ထွက်သွားရုံမျှ၊ (သို့မဟုတ်) သေဆုံးသွားရုံမျှဖြင့် ၄င်းတို့ချမှတ်ခဲ့သည့် စီရင်ချက်ပျက်ပြယ်သွားပြီဟူ၍ ကမ္ဘာတစ်ခြမ်းနီးပါး ကွန်မွန်းလော ဥပဒေစနစ်ကို ကျင့်သုံးလျှက်ရှိသော မည်သည့်နိုင်ငံကမျှ လက်ခံမည်မဟုတ်ပါ။ ရယ်မောလှောင်ပြောင်ဘွယ်ပင် ဖြစ်ပါဦးမည်။ ဥပဒေ နယ်ပယ်တွင် Living by the dead ဟူသော စကားလုံးပင် ရှိပါသေးသည်။ " သေသွားသူတို့ကို အခြေပြု၍ ရှင်သန်ခြင်း။ " ဟူသော အဓိပ္ပါယ်ရှိသည်။ ဆိုလိုသည်မှာ စီရင်ချက်ချမှတ်လိုက်သော တရားသူကြီးများ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သော်လည်း ၄င်းတို့ချမှတ်လိုက်သည့် စီရင်ချက်များအား (နောက်ထပ်စီရင်ထုံးအသစ်တစ်ခု မထွက်မခြင်း) လေးစားလိုက်နာကျင့်သုံးကြရခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံကြောရိုးကြီးဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ပါ။ လွတ်လပ်ရေးရပြီးနောက် ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံကြောရိုးကြီးကို အားကောင်းစွာ ဖေါ်ဆောင်ခဲ့သည်။ လွတ်လပ်သည့် တရားစီရင်ရေးစနစ် ကျင့်သုံးခွင့်ရခဲ့သည့် ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဥပဒေစနစ်ကို အာရှနိုင်ငံများက လေးစားကြရပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ကွန်မွန်းလောဥပဒေစနစ်က များစွာကျားကန်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းခံခဲ့ရပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် နိုင်ငံရေးစနစ်တစ်စုံလုံးကို ဖျက်ဆီးခဲ့သော်လည်း ကွန်မွန်းလော ဥပဒေ စနစ်ကို မထိပါးခဲ့။ ယခုအချိန်အထိ ဆက်လက်ရှင်သန် ကျင့်သုံးနေဆဲဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း ဖျက်ဆီးခဲ့သည်များအနက် အခြေခံကြီးတစ်ရပ်မှာ လွတ်လပ်သော တရားစီရင်ရေးဖြစ်သည်။
မြန်မာနိုင်ငံအား ဟောင်ကောင်နှင့် နိုင်းယှဉ်ကြည့်ပါ။ ဟောင်ကောင်သည်လည်း ဗြိတိသျှ ကိုလိုနီအောက်တွင် နေခဲ့ရပြီး စီးပွားရေးအရ တောင့်တင်းလာသဖြင့် အာရှကျားလေးကောင် စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် တရုတ်ပြည်မကြီးနှင့် ပေါင်းသွားပြီးနောက်ပိုင်း ဟောင်ကောင်၏ စီးပွားရေးအားကို ရှန်ဟိုင်းနှင့် နိုင်းယှဉ်ကြည့်ကြသည်။ ရှန်ဟိုင်းသည် မြို့အလွန်ကြီးသောကြောင့် စီးပွားရေးထုထည်မှာမူ ဟောင်ကောင်ထက် ပိုကြီးသည်။ သို့ရာတွင် စီးပွားရေး၌ အားကောင်းထက်မြက်မှုအရ ဟောင်ကောင်ကိုမမှီဟု သုံးသပ်ကြသည်။ အဘယ်ကြောင့်နည်းဟု အဖြေရှာသောအခါ ဟောင်ကောင်တွင် ကွန်မွန်းလော ဥပဒေ စနစ်အခြေခံ၌ လွတ်လပ်သော တရားစီရင်ရေးစနစ် ကျင့်သုံးနိုင်မှုကိုတွေ့ခဲ့ ကြသည်။ ဟောင်ကောင် တက္ကသိုလ်အား အာရှတိုက်၌ အကောင်းဆုံးတက္ကသိုလ် အဖြစ်ပင်သတ်မှတ်ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအကြားဖြစ်ပွားခဲ့သော အငြင်းပွားမှု အပေါ်အခြေခံကာခုံရုံးက ချမှတ်ခဲ့သော စီရင်ချက်သည်အလိုအလျှောက် ပျက်ပြယ်ခြင်းရှိမရှိ အကြီးမားဆုံး ဥပဒေပြဿနာ ပေါ်လျှက်ရှိသည်။ ယင်းနှင့်စပ်လျှဉ်း၍ ဟောင်ကောင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ Simmon Young က အောက်ပါအတိုင်းသုံးသပ်သည်။
" တကယ်လို့ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ကွန်မွန်းလော ဥပဒေစနစ်အရ သက်ဆိုင်ရာ ဥပဒေကိုပြင်ပြီး (တရားရုံးနဲ့ဆွေးနွေး ညှိနိုင်းတဲ့အခြေခံမှာ) အမှုကိုနောက်တစ်ကြိမ်ပြန်စီရင်၊ ဒါမှမဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့သာရှိတယ်။ ကွန်မွန်းလော ဥပဒေစနစ်အရ ဆိုရင်တရားသူကြီးတွေ ပြောင်းလဲသွားပေမယ့် တရားရုံးရဲ့စီရင်ချက်က မပြောင်းဘူး။ ဆက်လက်တည်ရှိနေတယ်။ ဒါကို ပြောင်းနိုင်ဖို့ဆိုရင် သင့်တော်တဲ့ မှုခင်းတစ်ခုမှာ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ တရားရုံးတစ်ခုက တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု ထပ်မံချမှတ်ဖို့ လိုအပ်မှာဖြစ်တယ်။ " စာရေးသူသည် မြန်မာနိုင်ငံတွင် ကွန်မွန်းလော ဥပဒေစနစ်နောက်ခံ၌ လက်ရှိပေါ်ပေါက်လျှက်ရှိသော ဤဥပဒေရေးရာ ပြဿနာကြီးနှင့်စပ်လျှဉ်း၍ နိုင်ငံတကာမှ ဥပဒေပညာရှင်များထံ ထပ်မံချည်းကပ် လေ့လာပါသည်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်း တက္ကသိုလ် ဥပဒေပညာဌာနမှ နိုင်ငံတကာ ဥပဒေပါမောက္ခ ဒေါက်တာ ဒေးဗစ် ဖစ်ရှာနှင့် အင်္ဂလန်နိုင်ငံတွင် အခြေစိုက်နေထိုင်လျှက်ရှိသော ၀တ်လုံတော်ရနှင့် ဥပဒေပညာရှင်တစ်ဦး (အိုင်ယာလန်နိုင်ငံ မြောက်ပိုင်း၏ ဥပဒေကော်မရှင်နာ မင်းကြီး ဖြစ်သော) ဒေါက်တာ ဗင်းခက် အိုင်ယာတို့ကလည်း ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ ဆိုင်မွန်ယန်းနှင့် အလားတူသဘောထားများ ပေးကြသည်။
(၄င်းတို့၏ သဘောထားမှတ်ချက် မူရင်းများအား စာရေးသူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဤဆောင်းပါးတွင်ရှုပါ။
http://www.dvb.no/analysis/rule-of-law-and-reality-in-burma/24042)
ထိုနည်းတူပင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာပညာရှင် ပါမောက္ခ ဒေးဗစ် ၀ီလီယမ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ အရ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ကြောင်း ထောက်ပြ၍ အောက်ပါအတိုင်း မှတ်ချက်ပြုသည်။
"In a common law system, the tribunal's decision stands even though the justices have been impeached. The decision is precedent unless and until a future tribunal overturns it. Though the Hluttaw may have the power to impeach judges, it does not have the power to overturn judicial decisions, which is purely judicial business, not legislative. Clearly, the 2008 constitution contemplates that arrangement. Section 322 gives the constitutional tribunal the power to interpret the constitution, and Section 324 says that decisions of the tribunal shall be final and conclusive."
အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် တရားစီရင်ရေးကဏ္ဍတွင် အထင်ကရထည့်သွင်း ပြဌာန်းတည်ဆောက်ထားသော တရားရုံးကြီးဖြစ်သည်။ အင်မတန်မှ သေချာသောအချက်မှာ လွှတ်တော်အနေဖြင့် ခုံရုံးတရားသူကြီး များအားဖြုတ်ထုတ် နိုင်သော်လည်း ခုံရုံးမှ ချမှတ်ထားခဲ့ပြီးဖြစ်သော ဆုံးဖြတ်ချက်ကို ၄င်းတို့အလိုကျ ပြောင်းပြန်လှန်၍ မရပါ။ တရားသူကြီးများကို ဖြုတ်လိုက်ရုံဖြင့် ခုံရုံး၏ဆုံးဖြတ်ချက်သည် အလိုအလျှောက်ပျက်ပြယ်မသွားပါ။ ဤတွင် ပြဿနာရှိလာပါသည်။ လွှတ်တော်သည်လည်းကောင်း သမ္မတသည်လည်းကောင်း ဘာဆက်လုပ်ကြမည်နည်း ဟူ၍ဖြစ်သည်။
လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးတရားသူကြီးများအား ဖြုတ်ထုတ်စေလိုက်ခြင်းဖြင့် တရားစီရင်ရေးမဏ္ဍိုင်သည် ကြီးကြီး မားမားယိမ်းယိုင်သွားခဲ့ပြီ။ လွတ်လပ်သော တရားစီရင်ရေး၏ အခြေခံကို ပြောင်ပြောင်တင်းတင်း ရိုက်ချိုးလိုက်ခဲ့ပြီ။ အမြင့်ဆုံးတရားရုံးကြီး၏ တရားသူကြီးများသည် နိုင်ငံရေးအစုအစည်းဖြစ်သော လွှတ်တော်ကို ဒူးထောက်ခဲ့ရပြီ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးရာဇ၀င် ရိုင်းသွားခဲ့ပြီဖြစ်သည်။ လူထုအတွက် အားကိုးရာ လွတ်လပ်သည့် တရားစီရင်ရေးမဏ္ဍိုင်ဟူသည်မှာ စိတ်ကူးအိပ်မက် ဖြစ်သွားခဲ့ပြီ။ ထိုမှတဖန် လွှတ်တော်သည် ဘာဆက်လုပ်ဦးမည်နည်း။ အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်းဘာသာချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဇွတ်အတင်း အကောင်အထည် ဖေါ်သွားမည်ဆိုလျှင် ကွန်မွန်းလော ဥပဒေစနစ်အခြေခံတွင် တည်ဆောက်ထားသည့် ဥပဒေစိုးမိုးရေး ပျက်သွားပြီဟု ပြောရပါမည်။ မှုခင်းများ၏ အပြီးအပြတ်အဆုံးအဖြတ်သည် တရားစီရင်ရေးတွင် မရှိတော့ဘဲ လွှတ်တော်ကယူလိုက်သည့် သဘောသက်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဥပဒေစနစ်တစ်စုံလုံး ပျက်သွားပါမည်။
အကျိုးဆက်အနေဖြင့် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများ ကြီးကြီးမားမား လာရောက်ရန် မမျှော်လင့်ပါနှင့်တော့။ ဥပဒေစိုးမိုးရေး ကင်းမဲ့သောနိုင်ငံတွင် မည်သည့် နိုင်ငံခြားကုမ္မဏီကြီးများကမျှ ရေရှည်အခြေတကျ လာရောက်မြုပ်နှံရန်မရှိ။ ပေါ်ပင် အညွန့်ခူးစားနိုင်သည့် လုပ်ငန်းမျိုးတွင်သာ လုပ်ကိုင်ကြမည်။ လူထုများ ဆင်းရဲတွင်း ဆက်နက်နေပါမည်။
အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည်ဆက်လက်၍ မိုက်တွင်းနက်နေမည်၊ တရားစီရင်ရေးကဏ္ဍ၏ အရေးပါမှုကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုထားမည်ဆိုလျှင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်သွားပါတော့မည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရများအကြား၊ ပြည်နယ်အစိုးရအချင်းချင်းအကြား၊ နိုင်ငံသားတစ်ဦးချင်းစီနှင့် အစိုးရများအကြား ဖြစ်ပွားသည့် ပြဿနာများမှာ အစိုးရ၏တာဝန်၊ နိုင်ငံသားများ၏ အခွင့်အရေး၊ ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ရပိုင်ခွင့်စသည်တို့နှင့် သက်ဆိုင်နေလျှင် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၏ဖြေရှင်းမှုကို အပြီးသတ်နှင့် နောက်ဆုံးအနေနှင့် လက်ခံရပါမည်။ ဤနည်းဖြင့်သာ နိုင်ငံရေးပြဿနာကြီးများအား လက်နက်ကိုင်ဖြေရှင်းစရာ မလိုတော့ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းခွင့်ရခြင်းအားဖြင့် စစ်မှန်သော ငြိမ်းချမ်းမှု၏ အခြေခံကို တည်ဆောက်နိုင်ပါမည်။
ယင်းသို့ဖြစ်စေရန် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတို့မှာ လွတ်လပ်၊ ထက်မြက်၊ အားကောင်း နေဖို့လိုပါသည်။ ဤအခြေခံကို ပြန်လည်တည့်မတ်ရန် နည်းလမ်း မရှာဖွေနိုင်ပါက တစ်စစီပြိုကွဲလျှက်ရှိသော ပြည်ထောင်စုကြီးကို ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်ရန် မမျှော်မှန်းပါနှင့်တော့။ ယခုကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လည်းကောင်း၊ ပင်လုံကဲ့သို့ အလားတူညီလာခံကြီး တစ်ခုကျင်းပရန်ကြိုးစားနေကြသည် စသည်တို့သည်လည်းကောင်း၊ တံလျှပ်ကိုရေထင်၊ ရွှေသမင် အလိုက်မှားသည့် ကိန်းဖြင့်သာနိဂုံးကမ္ပတ် အဆုံးသတ်ဘွယ်ရှိပါသည်။
သမ္မတ ဦးသိန်းစိန်သည် များမကြာမီ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးများကို ခန့်ရပါတော့မည်။ ခန့်ပြီးလျှင် သမ္မတအနေဖြင့် ဘာဆက်လုပ်မည်နည်း။ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီများအား လွှတ်တော်၏ အလိုကျပြည်ထောင်စု အဆင့်သတ်မှတ်ကာ ခံစားခွင့်များထုတ်ပေးတော့မည်လော။ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ခုံရုံး၏ဆုံးဖြတ်ချက်မှာ အပြီးအပြတ်နှင့် အတည်ဖြစ်သည်ဟူသော အချက်ကိုလက်ခံကာ လွှတ်တော်၏ဆန္ဒကို အတိအလင်းငြင်းဆန်မည်လား။ ခုံးရုံးဆုံးဖြတ်ချက်ကြီး အထင်အရှားရှိနေပါလျှက် လွှတ်တော်၏အလိုကို လိုက်နာမည်ဆိုလျှင် သမ္မတသည်လည်း ဥပဒေစိုးမိုးရေးကို ဖျက်ဆီးသည့် ကြံရာပါဘ၀နှင့် နိဂုံးချုပ်သွားပါမည်။
ယင်းသို့ မဖြစ်စေလိုလျှင် သမ္မတသည် အသစ်ခန့်လိုက်သော ခုံရုံးတရားသူကြီးများရှေ့မှောက်တွင် မှုခင်းကို ပြန်လည်တင်သွင်းပြီး ထပ်မံ ဆုံးဖြတ်စေရပါမည်။ ဤတွင် ခုံရုံးအသစ်သည် ခုံရုံးအဟောင်း၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုရပ်တည်သွားမည်ဆိုပါက လွှတ်တော်သည် ဘာဆက်လုပ်မည်နည်း။ ခုံရုံးတရားသူကြီးအသစ်များကို ထပ်မံဖြုတ်ဦးမည်လော။ ယင်းသို့ဖြစ်ပါက မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းသည် ရိုင်းသည့်အဆင့်ထက်ပင်ကျော်လွန်ကာ ပျက်ရယ်ပြုဘွယ်ဖြစ်သွားပြီး လွှတ်တော်သာမက တစ်နိုင်ငံလုံးပါ နိုင်ငံတကာရှေ့မှောက်တွင် အရှက်ကွဲပါတော့မည်။
အထက်ပါ အကြပ်အတည်းများကို ကျော်လွှားရန်မှာ တစ်နည်းသာရှိသည်။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားစီရင်ရေး ကဏ္ဍမှစတင်၍ ထိထိရောက်ရောက် ပြင်လိုက်ရန်ဖြစ်သည်။ မိမိတို့ယုံကြည်လေးစားသည့် တရားသူကြီးများ ရရှိရေးအတွက် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများအား ရွေးချယ်ခန့်အပ်မှု မည်သို့ဖြစ်သင့်သည်ဟူသည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန်လိုသည်။ ခန့်အပ်ပြီးသော တရားသူကြီးများ ရာထူးနေရာ တည်မြဲမှုအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဌာန်းရပါမည်။ လွှတ်တော်၏ရေးရာကော်မတီများမှာ မည်သည့်အဆင့်ဖြစ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံပြီး ဖွဲ့စည်းပုံတွင်အတိအလင်း ဖေါ်ပြရပါမည်။
၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေးကဏ္ဍမှ စတင်ပြင်ဆင်မည်ဆိုလျှင် တစ်ဆက်တည်းလုပ်သင့်သည်မှာ စစ်ဘက်ဆိုင်ရာ တရားရုံးများ ဟူသည်ကို လုံးဝထုတ်ပယ်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများသီးခြားခွဲ တည်ထောင်ထားမှုမှာ လုံးဝမဖြစ်သင့်ပါ။ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲတည်ထောင်ပြီး အယူခံစီရင်ပိုင်ခွင့်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူထားခြင်းအားဖြင့် ၄င်းသည် ဥပဒေ၏ အထက်တွင် ရောက်နေပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မည်သည့်တရားရုံးကမျှ စီရင်ပိုင်ခွင့်မရှိတော့သောကြောင့် ဖြစ်သည်။ ယင်းသို့ ဖြစ်နေသမျှ မြန်မာနိုင်ငံသည် မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများသည် အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးတရားရုံးကြီးများ၏ ကြီးကြပ်ကွပ် ကဲမှုအောက်တွင် ရှိရပါမည်။ ဤအတိုင်းပင် တည်ဆဲဖြစ်သော ၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေတွင် ပြဌာန်းထားရှိပြီး ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများ သီးခြားခွဲတည်ထောင်ထားမှုကို ဖျက်သိမ်းပြီး ၁၉၅၉ ခုနှစ် တပ်မတော် ဥပဒေအတိုင်း ပြန်လည်အသက်သွင်း ကျင့်သုံးခြင်းဖြင့်သာ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေး ကဏ္ဍမှ စတင်ပြင်ဆင်ရန်ကိုပင် လွှတ်တော်အမတ်ဟူသော ပုဂ္ဂိုလ်များက မသိကျိုးကျွန် ပြုနေကြပါက တစ်ချိန်တွင် လူထုသည်အုံကြွကာ (၁၉၇၄ ဖွဲ့စည်းပုံတစ်ခုလုံးအား ဆုတ်ဖြဲလွှင့်ပစ်ခဲ့သကဲ့သို့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးအား သမိုင်းအမှိုက်ခြင်းထဲသို့ ထည့်ပစ်လိုက်နိုင်ဘွယ် အရိပ်အယောင်များ စတင်တွေ့မြင်နေရပါပြီ။

Arankan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ