ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 October 2012

ရခိုင်ဒေသ လူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား နိုင်ငံတော် အစိုးရထံသို့ ပေးပို့






ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊ ၂၆ ရက်နေ့က ကျင်းပခဲ့သော လူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား စက်တင်ဘာ(၃၀) ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရထံသို့ အမြန်ချောပို့ဖြင့် ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။



ရခိုင်ဒေသလူထုအစည်းအဝေး ကျင်းပရေးကော်မတီ
( ရ သေ့ တောင် မြို့ နယ် ) ရ သေ့ တောင် မြို့
ရက်စွဲ ။ ၂၀၁၂ - ခုနှစ် ၊ စက်တင်ဘာလ ( ၃၀ )ရက်
သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
( နိုင်ငံတော်သမ္မတရုံး )
နေပြည်တော်။
အကြောင်းအရာ။   ။ရခိုင်ဒေသလူထုအစည်းအဝေး၏ တောင်းဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များအား တင်ပြပေးပို့ခြင်းကိစ္စ။
၁။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့နယ်(၁၇)မြို့နယ်အပြင်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအ၀င် စုစုပေါင်း (၁၈) မြို့ နယ်မှ မြို့ မိမြို့ဖ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပညာရှင်များပါဝင်သည့် မြို့ နယ်ကိုယ်စားလှယ်များဖြင့် ရခိုင်ဒေသလူထုအစည်းအဝေးကို ၂၀၁၂-ခု စက်တင်ဘာလ (၂၅) ရက်နေ့ မှ (၂၆) ရက်နေ့ထိနှစ်ရက်ကျင်းပခဲ့ပါ သည်။
၂။ ဖိတ်ကြားထားသောသူများအပြင် စိတ်ပါဝင်စား တက်ရောက်သူများ လေ့လာသူအဖွဲ့ အစည်းများအနေဖြင့် ရခိုင် စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌနှင့်အဖွဲ့ ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားကွန်ယက် (ရန်ကုန်)၊ ရခိုင်ကျောင်းသားသမဂ္ဂ (ယာယီ)၊ ရခိုင်ပြည်နယ်ဝံလက်ဖေါင်ဒေးရှင်း၊ အလိုတော်ပြည့် ရခိုင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ ၊ ရန်ကုန်မြို့ ရခိုင်ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ ဝင်များ၊ စစ်တွေမြို့ ရခိုင်သဟာယအသင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စသည့် အဖွဲ့ အစည်းများမှလည်း လေ့လာတက်ရောက်ခဲ့သည်ကို တွေ့ ရှိရပါသည်။
၃။ အစည်းအဝေး၏ နောက်ဆုံးနေ့ ဖြစ်သည့် ၂၀၁၂-ခု စက်တင်ဘာလ (၂၆) ရက် နေ့ တွင် အောက်ဖေါ်ပြပါ မြို့  နယ်(၅) ခုမှ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး တောင်းဆိုချက် (၁၈)ချက်၊ ကန့် ကွက်ချက် (၆)ချက်၊ အကြံပြုချက် (၃)ချက်တို့ ကို မြို့ နယ်ကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးခဲ့ပြီး ထောက်ခံတင်ပြချက်အပေါ် သဘာပတိမှ အတည်ပြု ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။
(က)သဘာပတိ (၅)ဦးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ဦးစံလှမောင် ရသေ့တောင်မြို့ 
(၂) ဦးစိုးမင်းလှိုင် သံတွဲမြို့
( ၃) ဦးသိန်းဇော် ကျောက်ဖြူမြို့
(၄) ဦးဝေစိုး အမ်းမြို့
( ၅) ဦးဘချမ်းဖြူ ရန်ကုန်မြို့
(ခ) နိုင်ငံတော် အစိုးရသို့  တင်ပြမည့် တောင်းဆိုချက် (၁၈)ချက်အား စစ်တွေမြို့ နယ်မှ ကိုယ်စားလှယ် ဦးခိုင်ကောင်းစံမှ တင်ပြဆွေးနွေးပြီး သံတွဲမြို့ မှ အရှင်ဘဒ္ဒ န္တစန္ဒိမာမှ ထောက်ခံဆွေးနွေးသွားပါသည်။
(ဂ) နိုင်ငံတော်အစိုးရသို့  တင်ပြမည့် ကန့် ကွက်ချက် (၆) ချက်အား တောင်ကုတ်မြို့ နယ် ခရိုင်ကျွန်း မှ အရှင်ထေရ၀ါဒ ဘိက္ခူနန္ဒသာရမှ တင်ပြဆွေးနွေးပြီး ကျောက်တော်မြို့နယ်မှ ဦးဘသောင်း(သူမြတ်-မဟာ အောင်မြေ)မှ ထောက်ခံဆွေးနွေးသွားပါသည်။
(ဃ) ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ အကြံပြုတိုက်တွန်းချက် (၃)ချက်အား သံတွဲမြို့ မှ အရှင်ကုသလ(ငွေသဇင်-သံတွဲ)မှ တင်ပြဆွေးနွေးပြီး ဘူးသီးတောင်မြို့ မှ ဦးထွန်းအောင်သိန်းမှ ထောက်ခံဆွေးနွေးသွား
ပါသည်။
၎။ ရခိုင်ပြည်နယ် (၁၇)မြို့နယ်မှ လူထုကိုယ်စားလှယ်များအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လူထု ကိုယ်စား လှယ်များ၊ အသင်းအဖွဲ့ များအပါအ၀င် ဆန္ဒဖေါ်ထုတ်တင်ပြခြင်းမှာ ရခိုင်ပြည်နယ် ဒေသတခုလုံးရှိ ရခိုင်ပြည်သူ ပြည်သားများ၏ ကိုယ်စား တောင်းဆို/ ကန့် ကွက်/ အကြံပြုချက်များပင် ဖြစ်ပါသည်။
၅။ သို့ ဖြစ်ပါ၍ ရသေ့တောင်မြို့ ၊ ရခိုင်ဒေသလူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်တင်ပြချက်များအပေါ် အလေးထား ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
ဥက္ကဌ
(ဦးခင်မောင်သန်း)
ပူးတွဲတင်ပြသည့်စာများ -
(က) နိုင်ငံတော် အစိုးရသို့  တင်ပြသည့် တောင်းဆိုချက် (၁၈)ချက် ပူးတွဲပါ - ပုံစံ (က)
(ခ) နိုင်ငံတော် အစိုးရသို့  တင်ပြသည့် ကန့် ကွက်ချက် (၆) ချက် ပူးတွဲပါ - ပုံစံ (ခ)
(ဂ) ရခိုင်ဒေလူထုအစည်းအဝေးကြီးမှ တင်ပြသည့် အကြံပြုတိုက်တွန်းချက် ပူးတွဲပါ - ပုံစံ (ဂ)
(ဃ) သဘာပတိအမည်စာရင်းနှင့် မြို့ နယ်အမည်များ ပူးတွဲပါ - ပုံစံ (ဃ)
(င) အစည်းအဝေးတက်ရောက်သူများစာရင်း
မိတ္တူ-
(၁) ဦးခင်အောင်မြင့်၊ နာယက၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။
(၂) သူရဦးရွှေမန်း၊ ဥက္ကဌ၊ ပြည်သူ့ လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။
(၃) ဦးခင်အောင်မြင့်၊ ဥက္ကဌ၊ အမျိုးသားလွှတ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည်တော်။
(၄)ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ရုံး၊ နေပြည်တော်။
(၅) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၀)၊ နေပြည်တော်။
(၆) ဦးဝဏ္ဏမောင်လွင်၊ ၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော်။
(၇)ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနရုံး၊ နေပြည်တော်။
(၈) ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ၀န်ကြီး၊ ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်။
(၉) ဗိုလ်ချုပ်ကိုကိုနိုင်၊ တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့ ၊ ရခိုင်ပြည်နယ်။
(၁၀) ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ နေပြည်တော်။
(၁၁) ဒေါက်တာမျိုးမြင့်၊ ဥက္ကဌ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ နေပြည်တော်။
(၁၂) ဦးလှမောင်တင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ စစ်တွေမြို့ ။
(၁၃) ဦးဇေ၀ဏ္ဏလှိုင်၊ မြို့ နယ်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရသေ့တောင်မြို့ ။
(၁၄) လက်ခံစာတွဲ။
ပူးတွဲ - ပုံစံ (က)
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၂၅/၂၆)ရက်နေ့များတွင် ရသေ့တောင်မြို့၌ ကျင်းပပြုလုပ်သော ရခိုင်ဒေသလူထုအစည်းအဝေးက နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆိုသည့် ဆုံးဖြတ်ချက်များ
၁။ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်နယ်စပ်ဒေသü တရားမ၀င်ခိုးဝင်သူများ ရှိနေပါ၍ ပင်လယ်ပြင်နှင့်
နယ်စပ်အား လုံခြုံရေးကို အခိုင်အမာတည်ဆောက်ပေးပါရန်။
၂။ ရခိုင်ပြည်နယ်တွင် နည်းပါးနေသည့် ရခိုင်လူဦးရေကို ပြန်လည်ဖြည့်တင်းနိုင်ရန် ရခိုင်ဒေသတွင် စီးပွါးရေးဇုံများကို
ရခိုင်တိုင်းရင်းသားများက ဦးဆောင်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်မှအပြည့်အ၀ ကူညီပေးရန်။
၃။ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သယံဇာတများအား ဒေသခံပြည်သူများသို့ ရသင့်ရထိုက်သော အခွင့်အရေးများ
ကို နိုင်ငံတကာ၏ စံချိန်စံနှုန်းများအတိုင်း ပြည်ထောင်စုအစိုးရမှ ခံစားခွင့်ပေးပါရန်။
၎။ မြန်မာနိုင်ငံရှိ ဘင်္ဂလီများ၏ လူဦးရေပေါက်ပွားနှုန်းကို ထိန်းချုပ်နိုင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပေးပါရန်။
၅။ နိုင်ငံသားမဟုတ်သူများ၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်မှုကို ဥပဒေအရကန့်သတ်ပေးပါရန်။
၆။ တိုင်းရင်းသားကျေးရွာတိုင်းတွင် ပြည်သူ့စစ်များဖွဲ့စည်းပြီး ခေတ်မီလက်နက်များတပ်ဆင်ပေးပါရန်။
၇။ ၁၉၈၂-ခုနှစ်၊ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန်။
၈။ UN နှင့် INGOs အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာအစိုးရမှ အနီးကပ်ကြီးကြပ်
ဆောင်ရွက်ပေးပါရန်။
၉။ မြန်မာနိုင်ငံအတွင်းရှိ အစွန်းရောက် အစ္စလမ်များ၏ အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍ တိတိကျကျအရေးယူ
ဆောင်ရွက်ပေးပါရန်။
၁၀။၁၉၄၂-ခုနှစ်၊ ကုလား-ရခိုင်အဓိကရုဏ်းနှင့် ၁၉၄၈နောက်ပိုင်း မူဂျာဟစ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့်
ရခိုင်ဒုက္ခသည်များ၏ ပိုင်ဆိုင်ခဲ့သော လယ်ယာ၊ ဥယျာဉ်၊ခြံမြေများကို ယင်းတို့၏မျိုးဆက်များအား ပြန်လည်ပေး
အပ်၍ ရပ်ရွာတည်ထောင် နေရာချထားပေးပါရန်။ ဤသို့နေရာချထားမှုကို ကုလားနှင့် ရခိုင်လူဦးရေအချိုး
အစားညီမျှ သည့်အဆင့်အထိ ထိမ်းညှိပေးရန်။
၁၁။ ရခိုင်ပြည်နယ်အတွင်း အများပြည်သူသွားလာနေကြသော အဓိကဆက်သွယ်ရေး လမ်းကြောင်းများရှိ ဘင်္ဂလီ
ကျေးရွာ/ရပ်ကွက်များနှင့် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြား နိုင်ရန်
တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား ဖယ်ရှားပေးရန်။
၁၂။ ဒေသခံပြည်သူများအတွက် စိုင်းဒင်ရေတံခွန်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အမြန်ဆုံးအကောင်အထည်
ဖော် ဆောင်ရွက်ပေးပါရန်။
၁၃။ နယ်စပ်ဒေသများရှိ အစိုးရ၀န်ထမ်းအားလုံး၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးပါရန်။
၁၄။ မဒရ်ဆာ(Madressar) စာသင်ကျောင်းများ၏ သင်ရိုးညွန်းတမ်းများအား သက်ဆိုင်ရာဌာနများမှ စိစစ်ခွင့်ပြုပြီး
၎င်းအတိုင်း သင်ကြားမှုရှိ/မရှိ အချိန်ပြည့်စောင့်ကြပ်စီစစ်မှု ပြုလုပ်ပေးပါရန်။
၁၅။ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးမှ ( ၁၁ - ၇ -၂၀၁၂ ) နေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးအား ပြောကြားခဲ့သည့် ဘင်္ဂလီနှင့်ပတ်သက်သော စကားရပ်များကို ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ
တစ်ရပ်လုံးမှ အလေးအနက်မှတ်တမ်းတင် ထောက်ခံပြီး ၄င်းစကား အရပ်ရပ်အတိုင်း ဆက်လက်အကောင်
အထည်ဖော်ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆို အပ်ပါသည်။
၁၆။ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများမှ သိမ်းယူထားသော လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်
ခြံမြေ၊ ချောင်းမြောင်းအင်းအိုင်များကို သက်ဆိုင်သူ ပြည်သူများထံသို့ ပြန်လည်ပေးအပ်ရန်။
၁၇။ အများပြည်သူ မှီခိုအားထား အသက်မွေးဝမ်းကျောင်းပြုနေရသော မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်များကို
လေလံကွက်များအဖြစ် ဖန်တီး၍ လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းပေးရန်။
၁၈။ ရခိုင်ပြည်နယ်အတွင်း မြို့ချင်းဆက် ၊ ရွာချင်းဆက် ရထားလမ်း၊ ကားလမ်းများကို မြန်မြန်ဆန်ဆန်ပြီးစီးအောင်
ဆောင်ရွက်ပေးပါရန်။
ပူးတွဲ - ပုံစံ (ခ)
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၂၅/၂၆)ရက်နေ့များတွင် ရသေ့တောင်မြို့ ၌ကျင်းပပြုလုပ်သော ရခိုင်ဒေသလူထုအစည်းအဝေးက နိုင်ငံတော်အစိုးရသို့ ကန့်ကွက်တင်ပြသည့် ဆုံးဖြတ်ချက်များ
၁။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအခြေအနေများအရသော်လည်းကောင်း၊ ဘင်္ဂလီများ၏ အတွင်းစိတ်သန္တာန်
မမှန်ကန်မှုအရသော်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကျေးဇူးသစ္စာကို
မစောင့်သိ မရိုသေ၍သော်လည်းကောင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီများ
အတူယှဉ်တွဲ နေထိုင်ရန် မဖြစ်နိုင်ပါသောကြောင့် ရခိုင်၊ ဘင်္ဂလီ အတူယှဉ်တွဲနေထိုင်ရေးကို လုံးဝ ကန့်
ကွက်သည်။
၂။ မြန်မာပြည်၏ ပြည်တွင်းရေးတွင် O.I.C ၏ နိုင်ငံရေးအရ မတရားဝင်ရောက်စွက်ဖက်မှုကို လုံးဝ ဆန့်
ကျင် ကန့်ကွက်သည်။၎င်းအပြင် ရခိုင်ပြည်နယ်ရှိ မည်သည့်နေရာတွင်မဆို O.I.C ရုံးစိုက်ခြင်းကိုလည်း
လုံးဝကန့်ကွက်သည်။
၃။ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွါးရေးကို ထိခိုက်ပျက်စီးစေနိုင်သော
"လေးမြို့'' ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လုံးဝကန့်
ကွက်သည်။
၎။ မြန်မာနိုင်ငံတွင် လုံးဝမရှိသော လူမျိုးဖြစ်သည့် "ရိုဟင်ဂျာ" ဟူသောဝေါဟာရကို ပြည်တွင်း/ပ
မီဒီယာများက သုံးစွဲနေမှုအပေါ် ရခိုင်ပြည်သူ၊ ရဟန်းရှင်လူ တစ်ရပ်လုံးက လုံးဝကန့်ကွက်သည်။
၅။ နိုင်ငံသားစီစစ်ရေးကဒ်ကို မသမာသောနည်းဖြင့်ရယူ၍ လွှတ်တော်အရပ်ရပ်တွင် တက်ရောက်နေကြ
သည့် ဘင်္ဂလီကိုယ်စားလှယ်(အမတ်)များကို ရခိုင်ပြည်နယ် လူထုတစ်ရပ်လုံးမှ လုံးဝကန့်ကွက်သည်။
၆။ ရခိုင်တစ်မျိုးသားလုံး၏ အထွဋ်အမြတ်ထားသော ဘာသာရေး၊ယဉ်ကျေးမှုဆိုင်ရာသင်္ကေတ၊ လက္ခဏာ
အမှတ်အသားများအား ဘင်္ဂလီလူမျိုးခြားများက ပုံတူကူးယူအသုံးပြုခြင်းကို ပြင်းပြင်းထန်ထန် ကန့်
ကွက်သည်။
ပူးတွဲ- ပုံစံ (ဂ)
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၂၅/၂၆)ရက်နေ့များတွင် ရသေ့တောင်မြို့ ၌ကျင်းပပြုလုပ်သော ရခိုင်ဒေသလူထုအစည်းအဝေးက နိုင်ငံတော်အစိုးရသို့ တင်ပြအကြံပြုတိုက်တွန်းသည့် ဆုံးဖြတ်ချက်များ
၁။ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သော
(က) RNDP (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)
(ခ) ALD ( ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)
(ဂ) ALP (ရခိုင်ပြည် လွတ်မြောက်ရေးပါတီ)
(ဃ) USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
(င) NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(စ)တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့မှလည်း ရခိုင်ဒေသလူထုအစည်း အဝေးမှ နိုင်ငံတော်သို့ တင်ပြတောင်းဆိုချက်များ / ကန့်ကွက်ချက်များ/ အကြံပြုချက်များကို အင်တိုက် အားတိုက် ထောက်ခံကူညီပေးပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။
၂။ ရခိုင်လူမျိုးအတွက် ရခိုင်အကျိုးအတွက် ကိုယ်စားပြုပါတီများသည် အကွဲကွဲအပြားပြား မဆောင်ရွက် ကြဘဲ ပူးပေါင်းဆောင်ရွက်ကြရန် ရခိုင်ဒေသလူထုအစည်းအဝေးမှ အလေးအနက်အကြံပြုတိုက်တွန်း အပ်ပါ သည်။
၃။ ရခိုင်ပြည်နယ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်း များ၊ အသင်းအဖွဲ့များနှင့် ပြည်ပတွင်ရောက်ရှိနေကြသည့် ရခိုင်လူမျိုးအသင်းအဖွဲ့အစည်းတို့သည် ကွန် ယက်သဖွယ် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန် ဤရခိုင်ဒေသလူထုအစည်းအဝေးကြီးမှအလေး အနက်ထား၍ တိုက်တွန်းအကြံပြုအပ်ပါသည်။
ပူးတွဲ- ပုံစံ (ဃ)
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၂၅/၂၆)ရက်နေ့များတွင် ရသေ့တောင်မြို့ ၌ကျင်းပပြုလုပ်သော ရခိုင်ဒေသလူထုအစည်းအဝေးတွင် ပါဝင်ဆောင်ရွက်သည့် သဘာပတိအမည်စာရင်းနှင့် မြို့နယ်များ၏ အမည်စာရင်း
(၁) (၂၅-၉-၂၀၁၂)နေ့ (၀၈း၀၀နာရီမှ(၁၁း၀၀)နာရီထိ-
(က) ဦးစံလှမောင် ရသေ့တောင်မြို့
( ခ) ဦးထွန်းစိန် ဘူးသီးတောင်မြို့
( ဂ) ဦးလှသောင်း' ဂွမြို့
(ဃ) ဦးအောင်ကျော်ဝင်း သံတွဲမြို့
( င) ဦးဘစော ပလက်ဝမြို့
(၂) (၂၅-၉-၂၀၁၂)နေ့ (၁၃း၀၀)နာရီမှ (၁၇း၀၀)နာရီထိ
(က) ဦးစောရွှေမောင် ကျောက်တော်မြို့
( ခ) ဦးမောင်ကျော်ဇော မြောက်ဦးမြို့
( ဂ) ဦးအောင်လှစိန် ပေါက်တောမြို့
(ဃ) ဦးထွန်းအေးခိုင် ပုဏ္ဏားကျွန်းမြို့
( င) ဦးဖြူလုံး ရမ်းဗြဲမြို့
(၃) (၂၆-၉-၂၀၁၂)နေ့(၀၈း၀၀)နာရီမှ (၁၁း၀၀)နာရီထိ
(က) ဦးဒိုးအောင်ကျော် မင်းပြားမြို့
( ခ) ဦးဦးကျော်အေး ပုဏ္ဏားကျွန်းမြို့
( ဂ) ဦးမောင်သိန်း ကျောက်ဖြူမြို့
(ဃ) ဦးမောင်မောင်စိုး တောင်ကုတ်မြို့
( င) ဦးစံလှမောင် ရသေ့တောင်မြို့
(၄) ) (၂၆-၉-၂၀၁၂)နေ့(၁၃း၀၀)နာရီမှ (၁၇း၀၀)နာရီထိ
(က) ဦးစံလှမောင် ရသေ့တောင်မြို့
( ခ) ဦးစိုးမင်းလှိုင် သံတွဲမြို့
( ဂ) ဦးသိန်းဇော် ကျောက်ဖြူမြို့
(ဃ) ဦးဝေစိုး အမ်းမြို့
( င) ဦးဘချမ်းဖြူ ရန်ကုန်မြို့


Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ