ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 October 2012

ချင်းအမျိုးသားတပ်ဦးက လူထုသဘောထားရရန် ကြိုးပမ်း


အပစ်ရပ် ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) က   အစိုးရနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးရင် ချင်းလူထုရဲ့ဆန္ဒကို ကျယ်ကျယ်ပြန့်ပြန့် သိရအောင် ကော်မတီတွေဖွဲ့စည်းပြီး တွေ့ဆုံ ဖို့ ဆောင်ရွက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာရွှေခါးက ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦးဟာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ပြီးတဲ့အပြင် လူထုတွေ့ဆုံဆွေးနွေးရေး ကော်မတီတွေကိုလည်း မြို့နယ်အလိုက် ဖွဲ့စည်းနေတာပါ။
ဒေါက်တာ ရွှေခါး
ဒီကော်မတီတွေ ဖွဲ့စည်းမှုဟာ ပြည်သူ့ဆန္ဒအပေါ် မူတည်တယ်လို့   ချင်းအမျိုးသားတပ်ဦးရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာရွှေခါးက ပြောပါတယ်။
“ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲ တကယ့်ဆွေးနွေးပွဲဖြစ်လာဖို့ အစကတည်းက အားလုံးပါဝင်တဲ့ inclusive process ဖြစ်စေချင်တယ်။ ဒါက စီအန်အက်ဖ်က လုပ်တာမဟုတ်ဘဲနဲ့ လူထုနဲ့ စီအန်အက်ဖ်ပေါင်းပြီး လုပ်တယ်ဆိုတာမျိုးပေါ့။”
ဗဟိုအဆင့် လူထုတွေ့ဆုံရေး ဗဟိုကော်မတီမှာတော့ ချင်းအမျိုးသားတပ်ဦးအပါအ၀င် နိုင်ငံရေးပါတီနဲ့ ချင်းလူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က  ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဩဂုတ်လကစပြီး  ထန်းတလန်၊ မတူပီမြို့နဲ့ ဟားခါးမြို့တွေမှာ ဖွဲ့စည်းခဲ့ပြီးဖြစ်သလို ကျန်မြို့တွေမှာလည်း ဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
လူထုတွေ့ဆုံဆွေးနွေးရေး ကော်မတီတွေဟာ လာမယ့် လပိုင်းအတွင်းမှာ ချင်းအမျိုးသားတပ်ဦးက ကျင်းပမယ့် လူထုတွေ့ဆုံဆွေးနွေးပွဲအ တွက်  ကြိုတင်ပြင်ဆင်မယ် လို့ ဒေါက်တာရွှေခါး က ပြောပါတယ်။
၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်းပြီး အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ ဒီနှစ်ဆန်းပိုင်းက အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

dvb

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ