ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 November 2012

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ စုံစမ်းရေးကော်မရှင်သို့ အကြံပြု စာတမ်းပေးပို့ခြင်း





သို့
ဥက္ကဋ္ဌ
ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးကော်မရှင်၊
ရန်ကုန်မြို့။
အကြောင်းအရာ ။ ။ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ အကြံပြု စာတမ်းပေးပို့ခြင်း။
လေးစားစွာဖြင့်
၂၀၁၂ ခုနှစ်၊ မေလ (၂၈)ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာနေအမျိုးသမီးတစ်ဦးအား အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလုမှုဖြင့်ကျောက်နီမော်ရွာနေ လူငယ်သုံးဦး အဖမ်းခံရ သည်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်းအရေးအခင်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုပြစ်မှုနှင့် စပ်လျဉ်း၍နိုင်ငံပိုင် ရေဒီယို၊ သတင်းစာများမှ တရားခံများကို ဖမ်းဆီးပြီး၊ပြစ်မှုကျူးလွန်သူများကို ထိရောက်ဟန့် တား
သည့် ပြစ်ဒါဏ်ချမှတ်နိုင်ရန်တရားစွဲအဖွဲ့အစည်းများက စိစစ်နေကြောင်း ထည့်သွင်းဖော်ပြခြင်းမပြုဘဲပျက်ကွက်ခဲ့သဖြင့် တောင်ကုတ်မြို့ပေါ်ရှိ ပါတီအဖွဲ့အစည်းများမှ ၀ံသာနုရက္ခိတအမည်ခံ လူငယ် အချို့ က ဘာသာလူမျိုးကို အကြောင်းပြု၍ လှုံ့ဆော်စာများရေးသားခဲ့ကြသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ ညနေပိုင်းတွင်သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွက်လာသည့် ရိုးမသစ္စာခရီးသည်တင်ယာဉ်တောင်ကုတ်မြို့၊ အေးရိပ်ငြိမ်ကားကြီးဝင်းအတွင်း ရပ်နားစဉ် မွတ်ဆလင် ကုလားများပါရှိကြောင်း ၀ံသာနုရက္ခိတလူငယ်များ၏ သတင်းလွှင့်ချက်အရမြို့နေလူထုကဓါးလှံ တုတ်စသည့်ရရာ လက်နက်ကိုင်စွဲပြီး ရောက်လာခဲ့ကြရာအတူပါရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့မှတာဝန်ရှိသူများကထိန်းသိမ်းကွပ်ကဲမှုမရှိသဖြင့်(၁၀)လောင်းပြိုင်လူသတ်မှုပေါ်ပေါက်လာခဲ့ ရသည်။
ဇွန်လ(၃)ရက်နေ့(၁၀)လောင်းပြိုင်လူသတ်မှုနှင့်စပ်လျဉ်း၍နိုင်ငံပိုင်သတင်းစာနှင့် ရေဒီယိုလိုင်းများက ၄င်းတို့နှင့် မသက်ဆိုင်သလိုနှုတ်ဆိတ်နေခဲ့ပြီး၊ ဇွန်လ(၅)ရက်နေ့တွင် နိုင်ငံပိုင်သတင်းမီဒီယာ များ ကတောင်ကုတ်မြို့တွင် အသင့်စောင့်နေသော လူ(၃၀၀)ခန့်အုပ်စုက တောင်ကုတ်မှပြည်မြို့သို့ အထွက် ခရီးသည်တင်ကားကို ပိတ်ဆို့တားဆီးကာယာဉ်ကိုရပ်တန့်စေပြီး၊ ယာဉ်ပေါ်ပါ "မွတ်ဆ လင်ဘာသာဝင်" များအားအတင်းဆွဲချရာမှ ရက်ရက်စက်စက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါမွတ်ဆလင်လူမျိုး(၁၀)ဦး သေဆုံးရသည့်အပြင် မော်တော်ယာဉ်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာသို့တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ရပ်မိရပ်ဖ များလာရောက်ထိန်းသိမ်းခဲ့၍ လူစုကွဲသွား ကြောင်း ဖော်ပြခဲ့သည်။
မွတ်ဆလင်ကုလားဆိုသည့် စကားရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ မြန်မာ မွတ်ဆလင်များက မကျေနပ်ကြောင်းဆူးလေစေတီအနီး ဘင်္ဂလီဗလီရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သတင်းစာများကမွတ်ဆလင်ကုလားဆိုသည့် စကားရပ်ကို အနည်းငယ်ပြင် ဆင်ပေးခဲ့သည်။ပြန်ကြားရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်အရ သတင်းစာတွင်ထည့်သွင်းဖော်ပြခြင်းသည် မြန်မာပြည် တနံတလျား မွတ်ဆလင်နှင့်ဗုဒ္ဒဘာသာဝင်များအကြား မလိုလားမှု၊ မုန်းတီးမှုကို ဖြစ်ပွားစေခဲ့သည်။ထိုကိစ္စနှင့်တပြိုင်တည်းပင် စစ်တွေမြို့နယ် နာဇီရွာရှိ ဈေးကောက်ကိစ္စနှင့်စပ်လျဉ်း၍ ဈေးသူဈေးသားများနှင့် ရခိုင်တိုးတက်ရေးပါတီမှအမှုဆောင်အဖွဲ့ဝင်များနှင့် ဈေးကောက်တို့အကြား ပြဿနာ ဖြစ်ပွား ရာကအစစစ်တွေအမှတ်(၁) ရဲစခန်းကိုခဲနှင့်ပေါက်ကြရာ ပြည်သူပိုင်ပစ္စည်းအချို့နှင့်မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ရသည်။
နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်ရှိအထက်ဖော်ပြပါ အရေးအခင်းများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ရာတွင် တောင်ကုတ်လူသတ်မှုတွင် အဓိကတာဝန်ရှိသောခရိုင် အုပ်ချုပ် ရေးမှူး ခရိုင်ရဲမှူးကြီး၊ ခရိုင်ဥပဒေအရာရှိကဲ့သို့သောသူများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့်ဓားပြကိုပုလိပ်မင်းကြီးခန့်သကဲ့သို့ ဖြစ်နေ၍ မွတ်ဆလင်များမကျေမနပ်ဖြစ်ကြသည်။
တောင်ကုတ်လူသတ်မှုနှင့်သက်ဆိုင်သောသတင်းဓါတ်ပုံအချို့ကိုထုတ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များသို့ပေးပို့ဖြန့်ဝေခဲ့ရာ သောကြာနေ့ (၈-၆-၂၀၁၂)နေ့တွင် အစ္စလာမ်ဘာသာအရသေဆုံးသူများအတွက် ဆုတောင်းပွဲပြုလုပ်၍ ပလီမှအတွက်လုံထိန်းနှင့်ရဲတပ်ဖွဲ့ဝင်များက မဆင်မခြင် သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီးခြောက်လှန့်ရမည့်အစား တည့်တည့်ပစ်၍ လူတစ်ဦးသေ ဆုံး သွားရာ မှ အနီးရှိတည်းခိုခန်းနှင့် ဆိုင်အချို့ပျက်စီးခံရပြီး အုံကြွမှုဖြစ်လာခဲ့ရပါသည်။ဒေသခံလူနည်းစု ရခိုင်ပိုင်အဆောက်အဦးအချို့ ပျက်စီးခံရသဖြင့် ဘူးသီးတောင်မောတောမြို့နယ်များတွင် ပုဒ်မ-၁၄၄ ထုတ်ပြန် ကြောင်း ဇွန်လ (၈)ရက်နေ့ကကြေငြာခဲ့သည်။
မောင်တောကိစ္စကိုအခြေပြု၍ စစ်တွေမြို့ပေါ်တွင်ရခိုင်ပါတီ (၂)ခု၏ လှုံ့ဆော် ချက်အရ ရခိုင်လူမျိုးများအုံကြွလာကာရခိုင်လူမျိုးလုံထိန်းများ၏ အကူအညီရယူပြီး၊ လူနည်းစု ရိုဟင်ဂျာအိမ်များမှပစ္စည်းများ လုယက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများကိုပြုလုပ်လာကြသည်။ ထိုသို့ တဖက်နှင့်တဖက် အပြန်အလှန် အမှားသံသရာလည်ပတ်သည်ကို ထိန်းသိမ်းခြင်းမပြုလျှင် နိုင်ငံတော်၏ လုံခြုံရေးကိုပါထိခိုက်လာနိုင်သဖြင့် ဇွန်လ(၁၀)ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံးအရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ ၁၉၄၂ခုနှစ်က ဖြစ်ပွားခဲ့သည့် မူစလင်-ရခိုင်အဓိကရုဏ်းအနာဟောင်းပြန်ပေါ် လာပြီးနောက် ရိုဟင်ဂျာများအားအမြစ်ပြတ်ချေမှုန်းရေး၊ လူမျိုးတုံး သုတ်သင်ရေးအထိ အစွန်းရောက်ပါတီဝင်များကစဉ်းစား ဟောပြော စည်းရုံးလာခဲ့ကြသည်။
စစ်တွေမြို့ပေါ်တွင်ဖြစ်ပွားသော ကိစ္စရပ်အားလုံးသည် အရေးပေါ်ကြေညာချက် မထုတ်ပြန်မီအချိန်အထိရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေပြီးလုံထိန်းအဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပြီး၊ပြစ်မှု ကျူးလွန်ခဲ့သဖြင့်ထိုသို့သေကြေပျက်စီး ဆုံးရှုံးများအတွက် အဓိကတာဝန်ရှိအဖွဲ့ အစည်းမှာရခိုင်ပြည်နယ်အစိုးရအဖွဲ့ပင်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုအနီးကပ်ထိမ်းကျောင်း ပေးရ မည့် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း လတ်တလောအရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပပြီး ပြဿနာကို ထိန်းချုပ်သင့် ပါလျှက်ထိုသို့ထိန်းချုပ်ခြင်းမပြုသည့်အပြင် ရခိုင်အမျိုးသားတိုးတက်ရေး ပါတီမှလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် မီးလောင်ရာလေပင့်ပြုလုပ်နေခဲ့ကြသည်။
တပ်မတော်က လုံခြုံရေးကိစ္စရပ်များကိုသာတာဝန်ယူဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါက ရခိုင်လူမျိုးသည်လည်းကမ္ဘာ့ပြည်သူများအကြား အော့နှလုံးနာဘွယ်ရာ လူရိုင်းဘ၀သို့ကျရောက်သွားမည်ဖြစ်သည်။ ၁၆ရာစုနှစ်ပင်လယ်ဓါးပြ ပြုလုပ်ရင်းကအများပြည်သူအော့နှလုံးနာခဲ့ကြသဖြင့် ထိုစဉ်က မှဲ့ခေါ်သော မာဂဓ လူမျိုး၊မောဂ်လူမျိုး၊ ရက္ခောသျှားလူမျိုး အမည်ကို မသုံးချင်၊ မသုံးစွဲချင်ဘဲစွန့်ပယ်ရန် အင်္ဂလိပ်အစိုးရထံတင်ပြခဲ့ကြသည်။
ပြည်ထောင်စုအစိုးရ၏ဆောင်ရွက်ချက်များအနက် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရမွတ်ဆလင်ကုလားလူမျိုးဟုရေးသားဖော်ပြချက် သတင်းလွှင့်ထုတ်ချက်များသည်အဓိကရုဏ်းများကို တဟုန်ထိုးဖြစ်ပေါ် စေပြီး တစ်ဖက်နှင့်တစ်ဖက်ပိုမိုနာကျည်းစေရန် ဓါတ်ဆီလောင်းပေးရာ ကျရောက်ခဲ့ပါသည်။
တောင်ကုတ်(၁၀)လောင်းပြိုင် လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်တာဝန်ပေါ့လျော့မှုအရ အရေးယူအပြစ်ပေးရမည့် ပုဂ္ဂိုလ်များကိုထည့်သွင်းခန့်ထားခဲ့သဖြင့် ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ခြင်းမပြုနိုင်ခဲ့ပါ။ တနည်းဆိုရပါလျှင် လူသတ်မှုကျူးလွန်စဉ်ရိုက်ကူးထားသော ဖုန်းကင်မရာများမှတဆင့် စုပေါင်းထုတ်ယူထားသော VCD ခွေအရလူသတ်မှုကျူးလွန်သည်ဟု ပေါ်ပေါက် နေသူ များနှင့် တာဝန်ရှိသူများကိုဥပဒေနှင့်အညီ အရေးယူရန် ပျက်ကွက်ခဲ့ကြပါက ပြစ်မှုကျူးလွန်သူများကိုပြစ်ဒဏ်မကျစေရေးအတွက် ကာကွယ်တားဆီးရန်ပျက်ကွက်ခဲ့သူများကိုပါအရေးယူရမည်ကဲ့သို့ ဖြစ် နေ သဖြင့် နိုင်ငံတကာမြင်ကွင်းတွင် Good Governence Clean Government ဟု ချီးမွမ်းခန်းဖွင့်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့်ထိုသို့တာဝန်ရှိသူများကို အဖွဲ့ဝင်လူကြီးများအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ခြင်းသည်ပင်လျှင် ပြဿနာကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ရသည့်အကြောင်းရင်းဖြစ်ပါသည်။
ရခိုင်ပြည်အရေးအခင်းတွင် အဓိကပါဝင်ပြစ်မှုကျူးလွန်သူများသည် လုံထိန်းအဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြသည်။ပြည်နယ်ခရိုင်အုပ်ချုပ်ရေး မှူးများအနက်ရခိုင်လူမျိုး အုပ်ချုပ် ရေးမှူးများ ကိုယ်တိုင် ပြဿနာတွင်ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြသဖြင့် အရာရှိအဆင့်ရှိသောရခိုင်လူမျိုးလုံထိန်းအဖွဲ့ဝင်များနှင့် ရခိုင်လူမျိုးမြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ လက်ထောက်အုပ်ချုပ်ရေးမှူးများကိုမြန်မာပြည်မသို့ ပြောင်းရွှေ့စေပြီး လစ်လပ်သော နေရာတွင် အခြားသင့်တော်သောတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားအရာရှိများဖြင့် အစားထိုးတာဝန်ပေးအပ်သင့်ပါသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းမှယင်းအရေးအခင်းတွင် ကိုယ်တိုင်ပါဝင် ပတ်သက်နေသူများကို ဖယ်ရှားပြီးအစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်ပါသည်။
ရခိုင်တိုးတက်ရေးပါတီ၏ ဆောင်ပုဒ်များ၊ သတင်းမီဒီယာများတွင် Interview များ၏နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုကို ဖြစ်ပေါ်စေရန်လှုံ့ဆော်ရာကျရောက်သဖြင့် ဟန့်တားသင့်ကြောင်းနိုင်ငံတော်အကြီးအကဲများထံသို့ပါတီအချို့မှစာများတင်သွင်းကန့်ကွက်ခဲ့ကြောင်းကိုလည်း တွေ့ရှိရသည်။
၂၀၁၁ခုနှစ်၊ ဇူလိုင်အတွင်း ဘူးသီတောင်မောင်တောခရိုင် အုပ်ချုပ်ရေးမှူးကမကထပြုလုပ်ထုတ်ဝေသည့် "ပစ္ဆိမရပ်ဝန်းမဂ္ဂဇင်း´´ (ပစ္ဆိမဆိုသည်မှာရိုဟင်ဂျာဘာသာစကားဖြင့် အနောက်ဖက်ဟု အဓိပ္ပါယ်ရရှိရာ မဂ္ဂဇင်းအမည်မှာအနောက်ဖက်ရပ်ဝန်းဟု အဓိပ္ပါယ်ရရှိသည်) ထိုမဂ္ဂဇင်းကို တာဝန်ယူထုတ်ဝေခဲ့ကြသောရခိုင်လူမျိုးခရိုင်အဆင့် နိုင်ငံဝန်ထမ်းများကိုယ်တိုင်က လူမျိုးရေး၊ဘာသာရေး ပဋိပက္ခကို ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ထားကြောင်း ထိုစာအုပ်ပါဆောင်းပါးများအရ တွေ့ရှိရသည်။ စာအုပ်နှင့်စပ်လျဉ်း၍ အရေးယူပေးပါရန်ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ကြသည်ဟုလည်း သိရှိရသည်။
(၃၀-၅-၂၀၁၂)နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီပထမအကြိမ်ညီလာခံကို ကျင်းပခဲ့ရာ ရိုဟင်ဂျာအရေးကိစ္စကို အဓိကဇောင်းပေးဆွေးနွေးခဲ့ကြသည်။(၂၅-၅-၂၀၁၂)နေ့ ကျောက်နီမော်လူသတ်မုဒိန်းမှုကိစ္စကိုဝံသာနုရက္ခိတအဖွဲ့၏ (၁-၆-၂၀၁၂)ရက်စွဲပါလှုံ့ဆော်ချက်နှင့် ပေါင်းစပ်ပေးခဲ့သဖြင့် တောင်ကုတ်လူထုမှ လူသတ်ရန်အကြောင်းဖြစ်ပေါ်လာခဲ့သည်။ တောင်ကုတ် လူထု ပယ်ဖျက်ရန်ခက်ခဲသောအမည်းစက်တစ်စက် ထင်ခဲ့ရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကို Eleven Media Group စာစောင်မှမေးမြန်းရာတွင် ဒီလိုကာလမှာ ဘာကြောင့်သံတွဲ့က ပုဂ္ဂိုလ်တွေကဗမာပြည်ဖက်ကို "ဒီလို အင်္ကျီ အ၀တ် အစားနဲ့ လူမြင်ကွင်းမှာမှန်လုံကားနဲ့သွားရတာလဲ။ ဒီဟာတွေဟာ ပလူပျံနေတယ်။ ခုနကပြောသလိုမသီတာထွေးကိစ္စမှာ ဓါတ်ပုံအထောက်အထားတွေအားလုံး တောင်ကုတ်မှာ ပျံ့နေတဲ့ ကာလလေ´´ ဟု ဖော်ပြပါရှိရာ ၎င်းတို့၏ပါတီမှ (၄-၆-၂၀၁၂)နေ့ ဈေးကောက်ကိစ္စနှင့်စပ်လျဉ်း၍ ဖြစ်ပွားနေသော ပြဿနာကို မှေးမှိန်သွားစေရန် တဖက်သို့မီးမောင်းထိုးပြခဲ့ရာ ကျရောက်ပါသည်။ ထို့ပြင် ဘင်္ဂလီ များသည် တဖက်နိုင်ငံမှလက်နက်သယ်ဆောင်ပြီး ရခိုင်များကို ရက်စက်ယုတ်မာစွာသတ်ဖြတ်နေကြောင်းဖြင့်လည်း ဒေါက်တာအေးမောင်က ပါတီကိုကိုယ်စားပြုပြောဆိုခဲ့ပါသည်။
စုံစမ်းရေးအဖွဲ့၏ အဓိကလိုအပ်ချက်မှာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ (၈-၈-၂၀၁၂)နေ့တွင်မိန့်ကြားလမ်းညွှန်ခဲ့သည့်အတိုင်း နှစ်ဦးနှစ်ဖက်ပြေငြိမ်းအေးချမ်းအောင်နှစ်ဖက်ပါတီများကို ညှိနှိုင်းပေးရန်၊ လုံခြုံမှုရှိရန်နှင့်တည်ငြိမ်အေးချမ်းရန်အတွက်အုပ်ချုပ်ရေးအာဏာပိုင်များကို ကျောသား၊ရင်သားမခွဲခြားဘဲ ပြစ်မှုကျူးလွန်သူများကို အရေးယူရန် လူမျိုးဘာသာကိုအခြေခံပြီး အစွန်းရောက်သော စကားရပ်များကို ရှေ့တန်းမတင်ဘဲလူ့အခွင့်အရေးအမြင်ကိုသာ ရှေ့တန်းတင်ပြီး ပြောဆိုကြစေရန်၊အကြမ်းဖက်မှုများဖြစ်ပွားရန် လက္ခဏာပေါ်ပေါက်လာပါက နှစ်ဖက်ညှိနှိုင်းခြင်း၊ပြစ်မှုကျူးလွန်ရန် အားထုတ်သူများကို ထိန်းသိမ်းခြင်းတို့ပြုလုပ်ရန်၊နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာ ပြည်ထောင်စုနိုင်ငံဖြစ်ပေါ်ရေးအတွက်နှင့်နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာပြုလုပ်လာနိုင်ရေးအတွက် နှစ်ဖက်စိတ်ဖြေလျော့စေရေးအတွက်ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်များကိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေဖော်ထုတ်ပြီး အကြံပြုတင်ပြရန်လို အပ်ပါ သည်။
အဓိကရုဏ်းဖြစ်ပွားရာတွင် ရိုဟင်ဂျာများနှင့်ရခိုင်လူမျိုးနှစ်ဖက်စလုံးတွင် ပျက်စီးဆုံးရှုံးမှု၊သေကြေမှုများဖြစ်ပွားခဲ့ရသည့်အပြင် ညမထွက်ရအမိန့်အရလက်လုပ်လက်စားများအနေဖြင့် ငတ်မွတ်သည့် အဆင့်သို့ ရောက်ရှိခဲ့ကြရာမြန်မာပြည်တနံတလျားက အလှူရှင်များက လှူတန်းကူညီထောက်ပံ့ခဲ့ကြသည်။မြန်မာပြည်သူများသည် မူလကပင် အလွန်ချမ်းသာကြွယ်ဝသူများမဟုတ်ကြသဖြင့်လှူဒါန်းငွေများမှ အမေရိကန်ဒေါ်လာ (၁၀)သန်းခန့်မျှ တန်ဖိုးကိုပင်မရနိုင်ခဲ့သဖြင့် ၀င်ငွေမရှိသူတိုင်းထံသို့ အလှူငွေနှင့်ပစ္စည်းများကိုပေးပို့ရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
မထင်မှတ်ဘဲတူရကီဝန်ကြီးချုပ်၏ဇနီးဦးဆောင်သောအဖွဲ့က လူမျိုးဘာသာ မခွဲခြားဘဲအမေရိကန်ဒေါ်လာ (၅၀)သန်းအထောက်အကူပြုပစ္စည်းများကိုပါ လှူဒါန်းကြောင်းနေ့စဉ်ထုတ်သတင်းစာများအရ သိရှိရသည်။ လက်လုပ်လက်စားအနက်ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ငါးဖမ်းရန် အခက်အခဲရှိနေသဖြင့်ပင်လယ်စာများ ရှားပါးလာခြင်း၊ လက်လုပ်လက်စားများ စားဝတ်နေရေး အခက်အခဲကြုံလာခြင်းတို့ကို တွေ့ရှိရသည်။
တစ်ဖက်နှင့်တစ်ဖက်ယုံကြည်မှုတည်ဆောက်ခြင်းမပြုနိုင်မီကာလအတွင်း တဖက်က ထုတ်လုပ်ရောင်းချသောပစ္စည်းကို အခြားတစ်ဖက်က၀ယ်ယူစားသုံးခြင်းမပြုနိုင်သဖြင့် ကုန်စည်စီးဆင်းမမှန်ကန် မြန်ဆန် ရေးကိစ္စကို သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့်မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရန်လိုအပ်လျက်ရှိပါသည်။
အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သောအိန္ဒိယနိုင်ငံကလည်း စစ်တွေရေနက် ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နေရာအရေးအခင်းကြောင့် ရပ်တန့်ထားသည့်အပြင် ကျောက်ဖြူမြို့မှထွက်ရှိသည့်သဘာဝဓာတ်ငွေ့ စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်ရွက်နေသည့်ကိစ္စများမှာလည်း ညမထွက်ရအမိန့်အရ ရပ်တံ့နေခဲ့ရာ အလုပ်လက်မဲ့များနှင့်ငတ်မွတ်သူ များပြားလာခဲ့ပါသည်။
မလေးရှား၊အင်ဒိုနီးရှားနိုင်ငံများကလည်း လူမျိုး၊ ဘာသာမခွဲခြားသော အကူ အညီများကိုတတ်အားသရွှေ့လာရောက် ပံ့ပိုးပေးသဖြင့်သာ ဆင်းရဲသားများအတွက်အသက်ရှုရဖြောင့်ခဲ့ရကြပါသည်။ နိုင်ငံရပ်ခြားမှ အကူအညီများကိုနှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးရရှိသည့်အချိန်အထိ ရယူကြရန်အားလုံးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
စစ်တွေမြို့ဈေးအတွင်းသို့ ကုလားမ၀င်ရဟူသော အယူအဆ၊ မြေပုံမြို့ဈေးမှဆိုင်များမှ ကုလားများကို ပစ္စည်းမရောင်းရဟူသောလူမျိုးရေးအစွန်းရောက်ပါတီအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ဆောင်ရွက်ဟန့်တားနေမှုကို အချိန်မီဖော်ထုတ်အရေးယူဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
မီးလောင်ပျက်စီးမှုမရှိခဲ့သော မြို့နယ်အချို့တွင်လူနည်းစုများနေထိုင်ရာ ဒေသသို့ ကုန်စည်စီးဝင်မှုမရှိသဖြင့်ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ထိုသို့အဖြစ်မျိုး မဖြစ်ပွားစေရန်ကာကွယ်စောင့်ရှောက်သည့် တာဝန်ကို မြို့နယ်အဆင့်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့များသို့လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်ရန်ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်သင့်ပါသည်။
၁၉၅၆ခုနှစ်၊ဖေဖော်ဝါရီလ (၂၂)ရက်တွင်ကျင်းပသော လွှတ်တော်အစည်း အဝေး၌ ရတညအမတ်ဦးဘမြိုင်က ၁၉၅၆ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပြင်ဆင်ချက်)ဥပဒေကျမ်းကိုအဆိုပြုတင်သွင်း ခဲ့ရာတွင် ဖွဲ့စည်းပုံတွင် ရခိုင်ပြည်နယ်ဟုထည့်သွင်းဖော်ပြလိုကြောင်းပါရှိခဲ့သည်။
ဦးဘမြိုင်၏အဆိုကိုဖဆပလအမတ် ဦးအဘုလ်ဘော်ရှေရ်က ပြင်းပြင်းထန်ထန်ကန့်ကွက်တင်ပြခဲ့သည်။"ပြည်နယ်ဆိုတဲ့ ရေကန်ထဲမှာ ကျွန်တော်တို့အနေနဲ့မနေချင်ဘူး။ သမုဒ္ဒရာနှင့်တူတဲ့ ပြည်မကြီးနှင့်သာ ပူးပေါင်းနေချင်ပါတယ်။ဥက္ကဋ္ဌကြီး ခင်ဗျား အကယ်၍သာအစိုးရက ပြည်နယ်အုပ်ချုပ်ရေးပေးလိုက်ပါလျှင်လူမျိုးရေးအဓိကရုဏ်းဖြစ်လာမှာ ဧကန်မုချဘဲဖြစ်ပါ သည်။
´´အကယ်၍အစိုးရက ရခိုင်တိုင်းကို ပြည်နယ်ပေးမည်ဆိုလျှင် မောင်တော၊ဘူးသီးတောင်နယ်ကို ရခိုင်ပြည်နယ်အတွင်း မထည့်သွင်းဘဲသီးခြားခရိုင်တစ်ခုအဖြစ် ပြည်မလက်အောက်တွင် ထားပေးဖို့ မေတ္တာရပ်ခံကြောင်းကိုလည်း ထည့်သွင်းတင်ပြခဲ့ပါသည်။
ဦးလှထွန်းဖြူတင်ပြသော၁၉၅၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ပြင်ဆင်ချက်)ကိုလည်းသံတွဲအမတ် ဦးကျော်ဝင်းနှင့် ၀န်ကြီးဦးဘစောတို့အပြင် မစ္စတာအဘူခိုင်တို့ကန့်ကွက် တင်ပြခဲ့ကြ သည်။(၂၆-၉-၅၈)တွင် လွှတ်တော်အတွင်းနိုင်ငံရေးအကြပ်အတည်းကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းက ကြားဖြတ်အစိုးရအဖြစ်အုပ်ချုပ်ခဲ့သည်။
(၁၅-၅-၁၉၆၁)နေ့တွင် မွန်ဘာသာ၊ ပအို့ဝ်ဘာသာ၊လားဟူဘာသာနှင့် ရိုဟင်ဂျာဘာသာတို့ကို မြန်မာ့အသံတွဲဖက်အစီအစဉ် (တိုင်းရင်းသား အစီအစဉ်) မှ အသံလွှင့်ခွင့်ရရှိခဲ့သည်။ အစီအစဉ်မှူးဦးဘထွန်း (B.A..,B.L)က ဦးစီးအသံလွှင့်ခဲ့သည်။ တော်လှန်ရေးအစိုးရတက်လာပြီးနောက် (၁-၁၀-၆၅)တွင် မွန်၊ ပအို့ဝ်၊ လားဟူနှင့် ရိုဟင်ဂျာဘာသာအစီအစဉ်များကို အသံလွှင့်ခွင့်ရပ်ဆိုင်းခဲ့သည်။
(၁၉၇၄)ခုနှစ်တွင်တော်လှန်ရေးကောင်စီမှ ပြည်သူ့အစိုးရအဖြစ်သို့ ပြောင်းလဲ ခဲ့ရာတွင်ရခိုင်ပြည်နယ်ရရှိခဲ့သော်လည်း မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်အားလုံးရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ တွင် ရွေးချယ်ခံပိုင်ခွင့်ရရှိခဲ့သည်။ မဲဆန္ဒပေးပိုင်ခွင့်ရှိခဲ့သည်။
၁၉၈၂ခုနှစ်တွင်မြန်မာနိုင်ငံသားဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းရာတွင်၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် မပါရှိသော ဧည့်နိုင်ငံသားနှင့်နိုင်ငံသား ပြုခွင့် ရသူတို့ကို ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းကို (၂၀-၉-၈၃)နေ့တွင် ထုတ်ပြန်ခဲ့ရာရခိုင်လူမျိုးပင်ဖြစ်လင့်ကစား အခြားနိုင်ငံအတွင်း ပင်ရင်းနိုင်ငံအဖြစ်အမြဲနေထိုင်ကြသူများသည် တိုင်းရင်းသား မဟုတ်ကြောင်း၊ AD ၁၈၂၃ခုနှစ်နောက်ပိုင်းနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်ကြသော အမည်တူမျိုးနွယ်တူများသည်လည်း တိုင်းရင်းသား (မွေးရာပါနိုင်ငံသား)များမဟုတ်ကြကြောင်း ပြဋ္ဌာန်းပါရှိသည်။
သို့ရာတွင် ၁၉၇၅ခုနှစ်ပတ်ဝန်းကျင်က ဘင်္ဂလားဒေ့ခ်ျနေ လူ(၅၀၀၀၀၀)ခန့်မှာ ရခိုင်ပြည်တွင်းသို့ဝင်ရောက်ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးထံသို့ပေးပို့သည့်စာတွင် ၀န်ခံထားသည်။ ဘူးသီးတောင်မောင်တောနှင့်ရသေ့တောင်မြို့နယ်များမှ အသိအမြင်ရှိ နယ်စပ်ဒေသနေ ရခိုင်တိုင်းရင်းသားများအမည်ခံ ဦးမြစိန်ထွန်းပါ(၅)ဦးတို့ ရန်ကုန်မြို့၊ ရခိုင်သဟာယအသင်းဥက္ကဋ္ဌနှင့်ရခိုင်သဟာယသတင်းစာစောင်စာတမ်းအဖွဲ့ထံသို့ (၁၀-၁-၉၇)ရက်စွဲဖြင့်ပေးပို့သည့်စာတမ်းတွင်လည်း လွန်ခဲ့သော နှစ်-၂၀/၂၅နှစ်ခန့် ကဘင်္ဂလီများပြည်တွင်းသို့ ခိုးဝင်လာခြင်းမရှိဘဲ ခိုးထွက်သူများသာရှိကြောင်း၊၀င်လာသူများမှာ ရခိုင်များသာဖြစ်ကြောင်း၊ ရခိုင်(၅)သိန်းခန့်ဝင်လာပြီး၊ပြည်နယ်အနှံ့တွင်နေထိုင်ကြောင်း၊ အချို့ရခိုင်ပညာတတ်များမှတဖက်မှတတ်မြောက်လာသော ပညာရပ်ဖြင့် အစိုးရအဖွဲ့အစည်းများ၌အမှုထမ်းနေကြဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌဗိုလ်မှူးကျော်မောင်လက်ထက်တွင် ရခိုင်ပြည်နယ်အတွင်းရှိရိုဟင်ဂျာအရာရှိ၊ အရာခံများပင် စစ်ဆေးခံရခြင်း၊ ရာထူးသစ်များတွင်ရိုဟင်ဂျာများကို ခန့်ထားခြင်း မရှိတော့ခြင်းတို့ကြောင့်နောက်နှစ်ပေါင်းများစွာ ကြာလာသည့်အခါ ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲများတွင်ရိုဟင်ဂျာဟူ၍ပင် မရှိတော့သည်အထိဖြစ်ပါသည်။
ဦးမြစိန်ထွန်းပါ(၅)ဦးရေးသားတင်ပြသည့်စာတွင် ၁၉၄၂ခုနှစ် ကုလား၊ ရခိုင်အဓိကရုဏ်းတွင် ကုလား (၇)သောင်းခန့်အသတ်ခံရကြောင်း၊ ရခိုင် (၃)သောင်းခန့်လည်းအသက်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပြီး၊ ထိုကိစ္စဖြစ်ရပ်မှန်များကိုရခိုင်သမိုင်းပညာရှင်များက ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး မွတ်စလင်ကရခိုင်ကို သတ်ဖြတ်ဟန်ဖန်တီးရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။
လွန်ခဲ့သောနှစ်(၅၀) အလျင်ကပင် ထုတ်ပေးထားသော (၃)ခေါက်ချိုးအမျိုးသားမှတ်ပုံတင်ကတ်ပြားများကို လ၀က၀န်ထမ်းများက အတင်းအကြပ်သိမ်းယူပြီး၊ယာယီနိုင်ငံ သားကတ်ပြားအဖြူရောင် ထုတ်ပေး ခဲ့ကြသည်။ ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေတွင် မပါရှိသော ´´အဖြူကတ်´´ကို နည်းဥပဒေများကိုရည်ညွှန်းထုတ်ပေးခြင်းဖြစ်သည်။ ၁၉၄၈ခုနှစ် ဥပဒေအရဆိုပါလျှင် ထိုယာယီသက်သေခံလက်မှတ်မှာ သက်တမ်း (၁)နှစ်သာရှိသော်လည်း ရိုဟင်ဂျာလူမျိုးများကိုမူနည်းဥပဒေတွင်မပါသော ချွင်းချက်ဖြင့်အချိန်ကြာမြင့်စွာကိုင်ဆောင်စေခဲ့ပါသည်။
၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် နိုင်ငံသားဖြစ်မှုဥပဒေတို့ အရ၁၉၄၇ခုနှစ် မတိုင်မီ (၁၀)နှစ်အတွင်းက ပြည်တွင်းတွင် အနည်းဆုံး (၈)နှစ်နေထိုင်သူများသည် နိုင်ငံသားအဖြစ်ကို ရရှိကြပြီးဖြစ်သော်လည်းရခိုင်ပြည်မှရိုဟင်ဂျာလူမျိုးများကို ရရှိပြီးသည့် နိုင်ငံသားအခွင့်အရေးကိုနည်းမျိုးစုံဖြင့် ရုပ်သိမ်းရန်ကြိုးပမ်းခဲ့သည်။
ရိုဟင်ဂျာရွာများတွင် မူလတန်းပညာ မသင်မနေရဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည်ဖော်ပေးခြင်းမရှိဘဲ မူလတန်းကျောင်းရှိသည့် ရွာများကိုရခိုင်ဆရာ/ဆရာမများအနေဖြင့်လည်း တစ်လလျှင် တစ်ပတ်မျှပင် ကျောင်းသို့လာရောက်ခြင်းမရှိခဲ့ကြသဖြင့် မြန်မာမှုကိစ္စများကိုရိုဟင်ဂျာများနားမလည်ခဲ့ကြပါ။ ရိုဟင်ဂျာလူမျိုး ဆရာ/ဆရာမများ ခန့်ထားရန်အထူး လိုအပ်ပါသည်။
စားခြင်း၊ သောက်ခြင်း၊မေထုံမှီဝဲခြင်းတို့ကိုသာ သိနားလည်သည့်တိရစ္ဆာန်ထက် အနည်းငယ်ပိုရုံသာဗဟုသုတရှိသော လူသားများအဖြစ် ရပ်တည်လာခဲ့ကြခြင်းမှာ ၁၉၆၅ခုနှစ်နောက်ပိုင်းက စတင်ခဲ့သည်။ မိန်းကလေးငယ်များ အသက်(၁၄)နှစ် (၁၅)နှစ်အရွယ်တွင်ရောက်လာလျှင် လင်ယူသားမွေးသည့် အလုပ်မှအပ အခြားအလုပ်မရှိ။ ပညာသင်ကြားခွင့်ရရှိသော ရခိုင်မိန်း ကလေး များအနေဖြင့် အသက် (၂၀)၊ (၂၅)အရွယ်မှလင်ယူသားမွေးခဲ့ကြသည်ဖြစ်ရာ (၁၄)နှစ် (၁၅)နှစ် အရွယ်တွင်လင်ယူသားမွေးခဲ့ကြသောသူများ၏ မွေးဖွားနှုန်းကိုမှီနိုင်ရန်အကြောင်းမရှိတော့ဘဲ လူဦးရေကွဲလွဲမှုဖြစ်လာသည်။စားဝတ်နေရေးအဆင်မပြေသော်လည်း ခလေးမွေးဖွားနှုန်းကို ထိန်းချုပ်မှုမရှိသဖြင့်စံချိန်မှီ ပညာရှင်များဖြစ်လာရန် မဖြစ်နိုင်တော့ဘဲ ပတ်ဝန်းကျင်ရှိအခြားလူမျိုးများနှင့် သဟဇာတမဖြစ်နိုင်တော့ပါ။ နိုင်ငံတော်ကထိုသို့အဆင့်အတန်းမမှီသော တိရစ္ဆာန်သာသာလူများအဖြစ်မွေးဖွားရန်ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။
သားသမီးများအိမ်ထောင်ခွဲရာတွင်းလည်းလ၀က၏ နိုင်ငံမျိုးချစ်ဝန်ထမ်းများ က အိမ်ထောင်စုစာရင်းခွဲပေးခြင်းမရှိဘဲအဘေး၊ အဘိုး၊ အဖေ၊ ညီအစ်ကိုမောင်နှမ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့်သမ္မတကြီးတို့ပြောဆိုသကဲ့သို့ မိသားစုအတွင်း လူဦးရေ (၈၀)ခန့်ရှိနေခဲ့သည်။အခြားလူမျိုးများ၏မိသားစုတို့ ဘိုးဘေး သား သမီး မြေး မြစ်များကိုပေါင်းကြည့်လျှင် လူဦးရေ (၈၀)ရှိမည်မှာ အမှန်ဖြစ်ပါသည်။
ရိုဟင်ဂျာများအား အခြားတိုင်းရင်းသားများကဲ့သို့ အခွင့်အရေးမပေးဘဲ သံသယနိုင်ငံသားအဆင့်ကိုသာထားရှိသဖြင့် အခြားပြည်နယ်နှင့်တိုင်းများသို့လွတ်လပ်စွာခရီးသွားလာ စီးပွား ရှာဖွေ လုပ်ကိုင်ခွင့်မရရှိသဖြင့် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာများတွင် ထွက်ပေါက်ကိုအမြဲရှာနေကြရသည်။ အဆင်ပြေလျှင်ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ မိသားစုတိုင်းတွင်အနည်းဆုံး (၁) ဦးမှ (၄)ဦးအထိ ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။ ခိုးဝင်လာသူမရှိသည့်အပြင်၊ပြင်ပသို့ထွက်သွားသူများ သာရှိနေကြသည်။
ဆရာဝန်နှင့်သူနာပြုများကို ဆေးပညာသင်ကြားပေးခဲ့စဉ်က တဖက်ရန်သူစစ်သား တိုက်ပွဲတွင်ဒဏ်ရာနှင့်ဖမ်းမိသည်ဆိုလျှင်ပင် လုံလောက်စွာဆေးဝါး ကုသပေးပါမည်ဟုကျိန်ဆိုထားသူများဖြစ်ရာ အစွန်းရောက်အယူအဆများကို ဖယ်ရှားရန် လိုအပ်ပါသည်။အချို့ဆေးရုံများတွင် မူလကပင် တက်ရောက်ကုသနေသော ရိုဟင်ဂျာလူနာအချို့ကိုတာဝန်ကျသူနာပြုများက ကူညီဆောင်ရွက်ပေးရန် ပျက်ကွက် လစ်လျူရှုထားခဲ့ကြသဖြင့်လူနာအချို့ဆေးရုံက ဆင်းလာခဲ့ရသည်။ ကွယ်လွန်သေဆုံးခဲ့ရသည်။
အထက်ပါကိစ္စရပ်များကို အမျိုးသားရေးအဆင့် စီမံချက်ဖြင့်ဆောင်ရွက်သင့်ပါသည်။ကျေးရွာအုပ်စုကြီးများတွင် လူဦးရေမည်မျှရှိပါကတိုက်နယ်ဆေးရုံတည်ဆောက်ပေးမည်။ ဆရာဝန်နှင့် သူနာပြုများထားရှိမည်ဆိုသည့်ကိစ္စရပ်ကိုလည်း စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်သင့်ပါသည်။
ဘာသာလူမျိုး မတူညီသော ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများနှင့်အခြားဝန်ထမ်းများ၏ စားဝတ်နေရေးနှင့်အဆက်အနွယ်မရှိရေးကိုမူ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက တာဝန်ယူပြီး ကျေးရွာအုပ်ချုပ်ရေးနှင့်ပြည်သူများအား အပြည့်အ၀တာဝန်ယူစေသည့် စီမံချက်များ ချမှတ်ဆောင်ရွက်သင့်ပါသည်။
ဘူးသီးတောင်မောင်တော ဒေသအတွင်း ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ရိုဟင်ဂျာအမျိုးသမီး သူနာပြုများ၊ ရှေးဦးသူနာပြုများခန့်ထားရေးကို စီမံကိန်းတွင်ထည့်သွင်းဆောင်ရွက်ပေးသင့်ပါသည်။ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမိစသည့်လူမျိုးစုများနှင့်ရိုဟင်ဂျာများမှာ နှစ်ကာလရှည်ကြာစွာကပင် အတူတကွ လက်တွဲနေထိုင် လာခဲ့ကြရာစစ်အစိုးရအုပ်ချုပ်သည့် နှစ်(၄၀)ခန့်ကာလ အတွင်း ရိုဟင်ဂျာများ၏လူ့အခွင့်အရေးများ ကန့်သတ်ခံလာခြင်း ဌာနဆိုင်ရာဝန်ထမ်းများအား အတင်းအကြပ်အငြိမ်းစားယူစေခဲ့ခြင်း အသစ်ခန့်ထားသည့် ၀န်ထမ်းများတွင်ရိုဟင်ဂျာလူမျိုးများကို ခန့်ထားခြင်း မပြုတော့ခြင်းတို့ အကြောင်းပြု၍လူမျိုးစုကြီး နှစ်မျိုးအတွင်း ကွာဟမှုကြီးမားလာခြင်းဖြစ်သဖြင့် အမှိုက်ကစပြဿဒ် မီးလောင်ဆိုသကဲ့သို့ ဖြစ်လာခဲ့ရခြင်းသာဖြစ်၍ လူ့အခွင့်အရေးရှုထောင့်ကပြန်လည်ထိန်းညှိပေးသင့်ပါသည်။
အနောက်သားရခိုင်၊ မရမာကြီး၊ မြို့၊ဒိုင်းနက်နှင် ခမိတို့မှာ ရိုဟင်ဂျာများ ပြောဆိုသော စကားအတိုင်းပင်ပြောဆိုကြသူများဖြစ်ရာ ဘင်္ဂလီစကားဟု စွပ်စွဲခြင်းမပြုဘဲ ရခိုင်ပြည်နယ်နှင့်စစ်တကောင်း အရှေ့ဖက်ကမ်းတစ်ဝိုက် သီးခြားပြောဆိုသော ဘာသာစကားတစ်မျိုးသာဖြစ်၍အထက်က တင်ပြခဲ့သော ရှေးရခိုင်ကြီးများ၏ စကား၊ "ဝေသာလီခေတ်စကား´´ ပြောဆိုတတ်သူများဟု သုံးသပ်ကာ ညီအစ်ကိုမောင်နှမအရင်းအခြာကဲ့သို့ပြန်လည်ရင်ကြားစေ့ရေးကို အကြံပြုတင်ပြအပ်ပါသည်။
ရခိုင်ဒေသ၌မတည်မငြိမ်ဖြစ်နေသည့် အချိန်တွင် ရိုဟင်ဂျာလူမျိုးများ၏ ဂုဏ်သိက္ခာကိုလွန်စွာနစ်နာစေပြီး ရိုဟင်ဂျာလူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများလူမျိုးတူသကဲ့သို့ ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားဖြစ်မှုကိုပင်ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအနေဖြင့်သမိုင်းအထောက်အထားဖြင့် တင်ပြဖြေရှင်းပေးရန် လိုအပ်လာ၍ ဖြေရှင်းပေးရတော့မည်ဖြစ်ပါသည်။
ရှားဘရိဒ်ခန်က ၁၆ ရာစုတွင် ရေးသားထားသော"ဟာနီဖာနှင့်ခိုင်ယာ ပူရီ" စာအုပ်တွင် မောင်တောမြို့ လဘောစားကျေးရွာသို့ အေဒီ-၆၈၈ခုနှစ် မိုဟာမတ်ဟာနိဖ် နောက်လိုက်ရဲဘော်များနှင့် ရောက် ရှိခဲ့ သည်။ထိုအချိန်တွင် ခိုင်ယာပူရီ ဘုရင်မသည် မေယုတောင်တန်းတစ်လျှောက်မင်းမူအုပ်စိုးနေခဲ့သည်။ ဘုရင်မ ခိုင်ယာပူရီနှင့်တကွ ဘုရင်မ၏အခြွေအရံများအားလုံး တိုက်ခိုက်သိမ်းယူပြီး အေးချမ်းစွာ အတူတကွ ပူးပေါင်းနေထိုင်လာခဲ့ကြောင်း ယနေ့အထိဖော်ပြပါ ´´မေယုတောင်တန်း´´ တွင် "ဟာနီဖာတောင်ကီ´´ နှင့် "ခိုင်ယာပူရီတောင်ကီ´´ဟူ၍ အထင်အရှားတွေ့မြင်နိုင်သည်။
၁၉၉၇-ခုနှစ် မတ်လ စာမူခွင့်ပြုချက်အမှတ် ၃၄/၉၇(၃)


ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ