ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

15 November 2012

အချစ်နဲ့အိမ်ထောင်ရေး


===============

ယနေ့ အလုပ်ကအပြန်မှာ ထွေရာလေးပါး စဉ်းစားရင်းနဲ့ မဆီမဆိုင်
ရင်ဂိုသီချင်းစ်ပုဒ်ကို အမှတ်မထင်သတိရလာခဲ့၏ ။ သို့ဖြစ်၍
အိမ်သို့ရောက်လျှင် ဆောင်းပါးတစ်ပုဒ်ရေးမည်ဟု အားခဲလာ၏ ။
သီချင်းအမည်က...အချစ်နဲ့ပေါင်မုန့်
ယခု
ကျွန်ုပ်ရေးမည့်ဆောင်းပါးအမည်က...အချစ်နဲ့အိမ်ထောင်ရေး
ဆိုတော့ မည်သို့မည်ပုံ ကွာဟချက်ရှိမည်ကို စာရှုများအကဲဖြတ်
သုံးသပ်စေဖို့ ရေးသားတင်ပြလိုက်ရပါ၏ ။
အချစ်နဲ့အိမ်ထောင်ရေးသည် ဆက်စပ်မှုရှိနေပါသလားလို့ တစ်ဦး
တစ်ယောက်က မေးလာသည်ဆိုပါစို့။ဤသို့ဆိုလျှင် ဆက်စပ်မှုရှိနေ
သည်ဟုဖြေဆိုရမည်ပင်။အမြဲတမ်းဆက်စပ်မှု ရှိနေပါသလားလို့
ထပ်ပြီးမေးလာခဲ့သော် - အမြဲတမ်းလည်းဆက်စပ်မှု မရှိနှိုင်ပါဟု
ပြန်၍ဖြေဆိုရပေမည်။အကြောင်းမှာ - ချစ်တိုင်းလည်းမညား...
ညားတိုင်းလည်းမချစ်...ဆိုသည့် စကားပုံက သက်သေထူနေ၍ပင်ဖြစ်၏။
ထိုစကားပုံကို ပို၍ထင်ရှားစေရန် စာရှုသူတို့ကိုယ်တိုင် မကြုံဖူးသော်လည်း
အနီးအနားပတ်ဝန်းကျင်တွင်ရှိသော အိမ်ထောင်သည်အချို့ကို လေ့လာဆန်း
စစ်ကြည့်ပါက သိနှိုင်မည်ဟုထင်ပါသည်။မှန်ပါ၏။အချို့မှာ မည်ရွေ့မည်မျှပင်
ချစ်ကြိုက်ခဲ့ကြသော်လည်း အိမ်ထောင်ဖက်မဖြစ်ကြဘဲ အကြောင်းအမျိုးမျိုး
ကြောင်း လမ်းလျှော်ခဲ့ကြသည်လည်းရှိ၏။တစ်ချို့ကျပြန်တော့ ဤသို့မဟုတ်
တော့ပေ။ချစ်ခြင်းမေတ္တာ ပဲရွေးသားမျှမပါဘဲ အိမ်ထောင်ဖက်ဖြစ်လာခဲ့ကြ၏။
ဤသို့အိမ်ထောင်ပြုကြရာ၌ တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတရားကို
မဖော်ကျူးနှိုင်ပါက စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံစားကြရပုံ (၂)မျိုးကို
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရေးထားသော ဇိနတ္ထပကာသနီကျမ်း၌
ယခုလို့တွေ့ရ၏။
(၁) ပိယေဟိ ၀ိပယောဟော ဒုက္ခော။
ပိယေဟိ = ချစ်ခင်၊နှစ်သက်၊စုံမက်သူနှင့်
ဝိပယောဟော = ကွေကွင်းရခြင်းသည်လည်း
ဒုက္ခော = ဒုက္ခဆင်းရဲခြင်း
(၂) အ ပိယေဟိ သမ္ပယောဟော ဒုက္ခော။
အ ပိယေဟိ = မချစ်၊မခင်၊မနှစ်သက်သူနှင့်
သမ္ပယောဟော = ပေါင်းဖော်ဆက်ဆံ နေရခြင်းသည်လည်း
ဒုက္ခော = ဒုက္ခဆင်းရဲခြင်း
လူ့လောက၌ အိမ်ထောင်ပြုကြပုံ အမျိုးမျိုးရှိနှိုင်သော်လည်း ကျွန်ုပ်တွေး
ကြည့်သလောက် (၄)မျိုးလောက်သာ အဖြစ်များမည်ထင်၏။
(၁)ရာထူး၊အာဏာ၊ပါဝါကို အသုံးချပြီး အိမ်ထောင်ပြုခြင်း။တစ်နည်းပြောရလျှင်
တစ်ဖက်သားချစ်ချစ်/မချစ်ချစ် ကိုယ်ပိုင်ဆိုင်ရရင်ပြီးရော ဆိုသည့်အတိုင်း
အချစ်ကို ဓါးပြတိုက်ယူသည့် သဘောပင်ဖြစ်ပေလိမ့်မည်။
(၂)ငွေကြေးဥစ္စာဖြင့်သိမ်းပိုက်ပြီး အိမ်ထောင်ပြုခြင်း။တစ်နည်းပြောရလျှင်
ကိုယ်ပိုင်ဖို့တစ်ခုတည်းသာ စဉ်းစားပြီး တစ်ဖက်သား၏ အားနည်းချက်ကို
အခွင့်ကောင်းယူကာ ငွေဝယ်ကျွန်စနစ်လို အိမ်ထောင်ပြုခြင်းပင် ဖြစ်ပေလိမ့်မည်။
(၃)နှစ်ဖက်မိဘသဘောတူ၍ အိမ်ထောင်ပြုခြင်း။ဤအချက်မှာကား မိဘ
စကားကိုမလွန်နှိုင်၍လည်းကောင်း၊မလွန်ဆန်ချင်၍သော်လည်းကောင်း
မိမိ၏ချစ်သူခင်သူ မဟုတ်သော်လည်း မိဘနှစ်ပါးကို စိတ်ချမ်းသာစေချင်၍
မချစ်သော်လည်းအုံ့ကာနမ်းဆိုသည့် စကားအတိုင်း
ခေါင်းညိတ်လက်ခံလိုက်ရခြင်းပင် ဖြစ်ပေလိမ့်မည်။
(၄)တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မေတ္တာမျှ၍ အိမ်ထောင်ပြုခြင်း။
ဤအချက်ကား အထူးပြောစရာမလိုပေ။မိမိ၏ချစ်သူခင်သူနှင့် အေးအတူ
ပူအမျှလက်တွဲမည်ဟုဆုံးဖြတ်ပြီး အိမ်ထောင်ပြုကြခြင်းပင်ဖြစ်သည်။
တစ်နည်းပြောရလျှင် ကိုယ်ထင် ကုတင်ရွှေနန်း၊ကိုယ့်သမိုင်းကို ကိုယ်ရေး
မည်ဟု ရွေးချယ်လိုက်ခြင်းပင်ဖြစ်ပေလိမ့်မည်။
နောက်ထပ် အရွယ်အလိုက် အိမ်ထောင်ပြုကြပုံကိုလည်း ကျွန်ုပ်အနေနှင့်
ယခုလို သုံးသပ်မိ၏။
(၁)သက်တူရွယ်တူ အိမ်ထောင်ပြုခြင်း။
ဤသို့ သက်တူရွယ်တူ အိမ်ထောင်ပြုကြလျှင် တစ်ဦးအပေါ်တစ်ဦး မိတ်ဆွေ
သူငယ်ချင်းကဲ့သို့ ချစ်ချစ်ခင်ခင်စိတ်မျိုးထားရှိမှသာ အိမ်ထောင်ရေးလည်း
အရှည်သဖြင့် ခိုင်မြဲကြလိမ့်မည်ဟု ယူဆမိပါသည်။
(၂)အသက်မတိမ်းမယိမ်း အိမ်ထောင်ပြုခြင်း။
ဆိုလိုသည်မှာ တစ်ဦးနှင့်တစ်ဦး အသက်(၁၀)နှစ်အောက်ကွဟ၍ အိမ်ထောင်
ပြုကြခြင်းပင်ဖြစ်သည်။ဤသို့အိမ်ထောင်ပြုခြင်းမှာ တစ်ဦးအပေါ်တစ်ဦးက
မောင်ချစ်နှမချစ်စိတ်မျိုးထားရှိမှသာ အိမ်ထောင်ရေးလည်း အရှည်သဖြင့် ခိုင်မြဲ
ကြလိမ့်မည်ဟု ယူဆမိပါသည်။
(၃)အသက်များစွာကွာဟ၍ အိမ်ထောင်ပြုခြင်း။
ဆိုလိုသည်မှာ တစ်ဦးနှင့်တစ်ဦး အသက်(၁၀)စုနှစ်တစ်ခုထက် ပို၍ကွာဟသူတို့
အိမ်ထောင်ပြုကြခြင်းပင်ဖြစ်သည်။ဤသို့အိမ်ထောင်ပြုကြလျှင်...
ယောက်ကျားဖြစ်သူက အသက်ပို၍ကြီးနေပါက မိန်းမဖြစ်သူအား နှမလို၊တူမလို၊
သမီးလို အချစ်မျိုးထားရှိရမည်။မိန်းမဖြစ်သူက အသက်ပို၍ကြီးနေပါက
ယောက်ကျားဖြစ်သူအား မောင်လို၊တူလို၊သားလို စိတ်မျိုးထားနှိုင်မှသာလျှင်
အိမ်ထောင်ရေးသည်လည်း အရှည်သဖြင့် ခိုင်မြဲကြလိမ့်မည်ဟု ယူဆမိပါသည်။
ဤသို့မဟုတ်ပါဘဲ ကြီးသူကငယ်သူကို ငယ်နိုင်သဘောမျိုးဖြင့် အစစအရာရာ
ချုပ်ချယ်ခြင်း၊အမိန့်ပေးစကားပြောဆိုခြင်း၊နေရာတကာ သ၀န်တိုနေခြင်း
စသည့် ဖိနှိပ်ချုပ်ချယ်မှုများနေပါက တစ်ဖက်သားမှာ လွန်စွာစိတ်ထိခိုက်နေ
ရပြီး ထိုအိမ်ထောင်ရေးသည် သူ့အတွက် အချုပ်အနှောင်သဘောမျိုးဖြစ်နေ
ပါလိမ့်မည်။ချစ်ခြင်းမေတ္တာတရားဆိုသည်မှာ လွန်စွာမှနုညံ့သိမ်မွေ့ နက်နဲသည့်
အရာဖြစ်၍ မြေရှင်ပဒေသရာဇ်စံနစ်မျိုး၊ကျေးပိုင်ကျွန်ပိုင်ရှင်စနစ်မျိုး၊စစ်မိန့်ပုံစံ
မျိုး ထိမ်းချုပ်၍ရသော အရာမဟုတ်ပေ။ထိုကဲ့သို့ ထိမ်းချုပ်ပါက ရူပဗေဒ
သဘောတရားအတိုင်း Action(သက်ရောက်မှု) - Re-action (တန်ပြန်သက်မှု)
ဟုဆိုသော ဖိနှိပ်မှု၏ဆန့်ကျင်ဖက် တွန်းကန်မှု ဆိုးကျိုးများ ဖြစ်လာပေလိမ့်မည်။
ဤနေရာ၌ အခန့်သင့်၍ နတ်သျှင်နောင်နှင့် ရာဇဓါတုကလျာ အကြောင်း
အနည်းငယ် နှိုင်းယှဉ်ပြပါမည်။ရာဇဓါတုကလျာမှာ နတ်သျှင်နောင်ထက်
အသက်(၁၈)နှစ်ပိုကြီး၏။ဤမျှလောက် အသက်ကွာဟနေပါသော်လည်း
နတ်သျှင်နောင်မှာ ရာဇဓါတုကလျာအားနတ်သမီးနှင့်မခြား လှပကြော့ရှင်း
သည်ဟုတင်စား၍ သူ၏အချစ်ကို ရတုတစ်ပုဒ်စပ်ဆိုထား၏။
ဤအချက်ကို သုံးသပ်ကြည့်ပါက ရာဇဓါတုကလျာက နတ်သျှင်နောင်အပေါ်
မောင်လို၊တူလို၊သားလို မေတ္တာမျိုးပေးနှိုင်သောကြောင်း ဖြစ်ပေလိမ့်မည်။
အနှစ်ချုပ် ပြောချင်သည်မှာ မည်သည့်နည်းနှင့်မဆို အိမ်ထောင်တစ်ခုတည်
ဆောက်ပါက တစ်ပါးသူ၏ချစ်ခြင်းမေတ္တာတရားကိုလိုချင်ပါလျှင် မိမိက
အရင်ပေးဆပ်ရပေလိမ့်မည်။ဤသို့မဟုတ်ပါဘဲ မိမိထံမှ ပဲရွေးမျှတောင်
ခြစ်ခြင်းမေတ္တာတရားကို အရင်းအနှီးမစိုက်ထုတ်ဘဲ သူတစ်ပါးထံမှအချောင်
သဘောမျိုးလိုချင်ပါက စစ်မှန်သောချစ်ခြင်းမေတ္တာတရားကို မည်သည့်အခါမျှ
ရနှိုင်လိမ့်မည်မဟုတ်ပေ။အိမ်ထောင်ရေးလည်း အရှည်သဖြင့်ခိုင်မြဲဖို့ရာ
မဖြစ်နှိုင်ကြောင်း တင်ပြရင်း ဆရာဝန်တင်ရွှေရေးထားသော အိမ်ထောင်ရေး
ဗဟုသုတ စာစုလေးနှင့် ဤဆောင်းပါးကို အဆုံးသတ်ရပါသည်။

အိမ်ထောင်ရေး မပြိုကွဲစေသော နည်းလမ်းကောင်း
=================================
တစ်ယောက်အကြိုက်ကို တစ်ယောက်ကလိုက်ပါ။
ငါးပုဏ္ဏားဟင်းကြိုက်သူကို ငါးပုဏ္ဏားဟင်းသာ ချက်ကျွေးပါ။
ငါးသလောက်ဟင်း ချက်မကျွေးပါနှင့်။
ဤသည်မှာ အရေးကြီးသော Main ခလုတ်ကို ရထားသည်နှင့်တူ၏။

ဆရာဝန်တင်ရွှေ

မှတ်ချက် = ယခုကျွန်ုပ်ရေးထားသောဆောင်းပါးမှာ ကျွန်ုပ်၏ကိုယ်ပိုင်
အတွေးအခေါ်များသာဖြစ်ပါ၍ ရာနှုန်းပြည့်မှန်ကန်လိမ့်မည်ဟု မဆိုလိုပါ။
အကြောင်းမှာ ချစ်ခြင်းမေတ္တာတရားသည် အလွန်တစ်ရာမှ နက်နဲသည့်
ကိစ္စတစ်ခုဖြစ်နေပါ၍ ကျွန်ုပ်သိထားသောအသိမှာ ဧရာမသဲသောင်ပြင်ကြီး
တစ်ခုမှ အမှုန်အမွှားသဲပွင့်သဲပွင့်ငယ် အဆင့်သာရှိသောကြောင်း
လိုအပ်သည်များကို ဖြည့်စွက်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ...

စံအောင်မြင့်

ခေတ္တ / မလေးရှား

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ