ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 November 2012

ရည်ရွယ်ချက်မရှိသော်လည်း မလုပ်သင့်တဲ့ အနေအထားနဲ့ ရိုက်ခဲ့တဲ့ဓာတ်ပုံကြောင့် အလုပ်ထုတ်ခံရသူ


အမေရိကန်ပြည်ထောင်စု၊ မန်ဆက်ချူးဆက်ပြည်နယ်နေ လင်ဇီစတုန်းဆိုသူ အမျိုးသမီးသည် သူ၏ ဖွဘွတ် စာမျက်နှာတွင် အာလင်တန် နိုင်ငံတော် စစ်သင်္ချိုင်းတွင် လက်ခ လယ်ထောင် ၍ ပြက်ရယ်ပြောင်သော အပြု အမူ ပါ သည့် ယခုဓာတ်ပုံကိုဝေမျှခဲ့သည့်အတွက် သူနှင့် ယင်းဓာတ်ပုံကို ရိုက်ပေးခဲ့ သည့် သူငယ် ချင်းဖြစ် သူ တို့ နှစ်ဦးစလုံး အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ဝ ရက်က သူတို့နှစ်ဦးသည် နိုင်ငံတော် စစ်သင်္ချိုင်းတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ကို ဝေမျှခဲ့ပြီး ယင်းပုံကိုအရင်းပြု၍ နေ့တွင်းချင်း မှာပင် တစ်မုဟုတ်ချင်း ဖွဘွတ်တွင် မှတ်ချက်ပေးသူများ အကြား အုတ်ေ အ်ာသောင်းတင်း ဖြစ်သွားခဲ့ပါတယ်။ လင်ဇီသည် ဓာတ်ပုံကို ဝေမျှပြီး မကြာမီအချိန် အတွင်း မှာပဲ ဓာတ်ပုံ ကို ဖျက်လိုက်သော်လည်း နှောင်းလွန် သွားခဲ့ပါပြီ။

လင်ဇီသည် ဓာတ်ပုံကို ရိုက်စဉ်က ရယ်စရာ ဟာသအနေဖြင့် ရိုက်ကူးခဲ့ပေ မယ့် အကြောင်းအကျိုး မညီ ညွတ် ဘဲ ဓာတ်ပုံကို ကြည့်မိတဲ့သူများရဲ့အမြင် မှာ နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့တဲ့ စစ်သည်တော် များ ကို စော်ကား မှု တစ်ရပ်အနေနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ မကြာမီမှာပဲ ဖွဘွတ်ပေါ်မှာ လင်ဇီ အလုပ်ပြုတ်ရေး လှုပ်ရှားမှု တစ်ရပ်ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ နောက် ဆုံးမှာတော့ သူတို့နှစ်ဦးရဲ့ အလုပ်ရှင် အထိ နားပေါက်ပြီး ထိုနေ့ညမှာပဲ အလုပ်ရှင်က သူတို့ နှစ်ဦးစလုံးကို အလုပ်ထုတ်ခဲ့ပါတယ်။

ဒါကြောင့် ယခုလို အင်တာနက်ခေတ်၊ ဖွဘွတ်ကဲ့သို့ လူမှုရေးဝက်ဘ်ဆိုဒ်များ မွစာကြဲနေချိန် မှာ ကောင်းသ တင်းနှင့် ဆိုးသတင်းတို့၏ ပျံ့နှံ့မှုသည် တစ်ခ ဏ တစ်ဒင်္ဂလေး အတွင်းမှာပင် အထွဋ်အ ထိပ်ရောက်နိုင် တာမို့ ဖွဘွတ်သုံးစွဲ သူများအနေဖြင့် မိမိတို့ဝေ မျှမည့် ခြင်းရာကောင်းဆိုး တို့ကို ဝေမျှခြင်း မပြုမီ အကြောင်းနှ င့် အကျိုး၊ အကောင်းနှင့် အဆိုးတို့ကို ချင့်ချိန်ကာ အသိ ကပ်၍ သတိ ချပ်ကြရန် အကြံပြုရေး သား လိုက်ရပါကြောင်း.....။


---
မောင်သြ
Ref: capecodtoday.
Photo courtesy of Lindsey Stone.
Shwelone.com (ရွှေလုံး)

1 comment:

facebook မှကြည့် ချင်ရင် like လုပ်ပါ