ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 November 2012

ပါလက်စတိုင်းခေါင်းဆောင် သေဆုံးမှု ပြန်စစ်ရန် ရုပ်အလောင်း တူးဖော်


ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် သေဆုံးတာကို စစ်ဆေးဖို့အတွက် မြှုပ်နှံထားတဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်လိုက်ပြီ ဖြစ်ပါတယ်။
အခုလို ပြန်လည်တူးဖော်တာတွေ မလုပ်ဆောင်မီ ဆွီဒင်၊ ပြင်သစ်၊ ရုရှား ကျွမ်းကျင်သူတွေက အာရာဖတ်ဟာ အဆိပ်မိ သေဆုံးတာ ဟုတ်မဟုတ် ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းထားတဲ့ သဲလွန်စတွေကို ပေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အသက် ၇၅ နှစ်မှာ အာရာဖတ်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ယာဆာအာရာဖတ်
ပြင်သစ်နိုင်ငံက ဩဂုတ်လမှာ စုံစမ်းစစ် ဆေးတာတွေကို စတင်ခဲ့ပြီးတော့ ဆွီဒင်က
ကျွမ်းကျင်သူတွေက ရေဒီယို သတ္တုကြွ ပိုလိုနီယမ်-၂၁၀ ကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အာရာဖတ်ရဲ့ ဆေးမှတ်တမ်းတွေက သွေးသား ဖောက်ပြန်မှု ကြောင့် လေဖြတ်တာလို့ဆိုပါတယ်။
အဲဒီအချိန်တုန်းက အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ အာရာဖတ်ရဲ့ ဇနီးက ငြင်းပယ်ခဲ့ပေမယ့် အမှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် အလောင်းကို တူးဖော်ခွင့်ပေးဖို့ ပါလက်စတိုင်း အာဏာပိုင်တွေကို ခွင့်တောင်းခဲ့ပါတယ်။
အာရာဖတ်ရဲ့ အလောင်းဟာ အနောက် ဘက်ကမ်းမြို့ ရာမာလာက သမ္မတ အိမ်တော်မှာ ဂူဗိမာန်နဲ့ မြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒီလအစောပိုင်းက ဂူဗိမာန်ကို ဖွင့်ထားခဲ့တာလည်း ဖြစ်ပါတယ်။



DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ