ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 November 2012

ဗိုလ်မှူးယူနီဖောင်းဖြင့် အယောင်ဆောင် လိမ်လည်သူများ ဖမ်းမိ


၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်း နား လမ်းရှိ ““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး အဖြူရောင် ယာဉ် သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင် ဦးတင့်ဆွေ (၆၄)နှစ်အား ““ဗိုလ်မှူး က ရွှေပေါင်ချင်လို့””ဟု ပြောဆိုခဲ့သည်။ 
 
ထို့နောက် ယာဉ်ပေါ်မှ ဗိုလ်မှူး ၀တ်စုံဖြင့် လူတစ်ဦးဆင်းလာပြီး ““တပ်ပြောင်းရွှေ့ ရမည်ဖြစ် သဖြင့် ငွေ လိုကြောင်း၊ ရွှေ ဟန်းချိန်း ၁ ကုံးအား ငွေကျပ် ၁၈ သိန်းဖြင့် ပေါင်လိုကြောင်း”” ပြော သဖြင့် ဦးတင့်ဆွေ က ရွှေထည်အား ယူကြည့်ကာ မှတ်ကျောက် တင် စစ်ဆေးခြင်းမပြုဘဲ ဘောင် ချာဖြတ်၍ ငွေကျပ် ၁၈ သိန်း အား ပေးခဲ့သည်။ ငွေရလျှင် ကားအား အမြန်မောင်းနှင် ထွက်သွားသဖြင့် ကားနံပါတ်အား မှတ်သား ထားပြီး ရွှေထည် အား စစ်ဆေးရာ အတုဖြစ်နေကြောင်း သိရှိရ၍ မအူပင် ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြား ခဲ့သည်။
ဖုန်းသတင်းရလျှင်ရခြင်း ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေရာ ၁၁၀၀ အချိန်တွင် ၎င်းကားနှင့် လူများအား ဖမ်း ဆီး ရမိခဲ့ပြီး စစ်ဆေးချက်အရ နယ်ခြားစောင့်တပ်မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူး တစ်ဦးဖြ စ်ကြောင်း ပြောဆိုသဖြင့် သက်ဆိုင်ရာတပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတပ်မှ မဟုတ်ကြောင်း၊ ၎င်းအ မည်ဖြင့် မရှိကြောင်း သိရှိရပြီး လိမ်လည်ရာ၌ အသုံးပြုခဲ့သည့် ဗိုလ်မှူးဝ တ်စုံ အပြည့်အစုံ၊ ကော်စေ့ဖြင့် ပစ်ရ သည့် ပစ္စတိုအနက်ရောက် သေနတ်အတု ၁လက်၊ လိမ်လည် သွားသည့် ငွေကျပ် ၁၈ သိန်းနှင့် ယာဉ် တို့အား သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်၍ ဗိုလ်မှူးအယောင်ဆောင်ပြီး လိမ်လည်သူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့ နယ်နေ သူ များ ဖြစ်သည့် မြင့်နိုင်ဦး(ခ) သိန်းနိုင်(၄၂)နှစ်၊ ကျော်လွင်ဦး(၃၈)နှစ်၊ ကြူဇင်(၅၁)နှစ်နှင့် ခင်မောင်တင် (၅၂)နှစ် တို့ ၄ ဦး အား ၁၃၄၅ အချိန် မအူပင်ရဲစခန်း(ပ)၁၇၂/၂၀၁၂ ပြစ်မှုပုဒ်မ ၁၄၀/ ၁၇၀/ ၄၂၀/၃၄ ဖြင့် အမှု ဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


မြ၀တီမှ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ