ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 November 2012

ရွှေမြွေဟောက် စစ်ဆင်ရေးတွင် မြန်မာပါဝင်မည်ဆိုက စင်္ကာပူ ကြိုဆို



အမေရိကန်ဦးဆောင်ပြီး ဒေသတွင်း နိုင်ငံပေါင်းစုံပူးပေါင်းစစ်ရေးလေ့ကျင့်သောရွှေမြွေဟောက် Cobra Gold စစ်ဆင်ရေးတွင် မြန်မာပါဝင်မည်ဆိုက စင်္ကာပူအနေဖြင့် ကြိုဆိုကြောင်း စင်ကာပူ အကြီးတန်း ကာကွယ်ရေးဝန်ကြီး ချန်ချုဆင်း က ယနေ့ပြောကြားကြောင်း Asia One သတင်းတွင်ဖော်ပြထားသည်။

ပုံမှန်အားဖြင့် အမေရိကန်-ထိုင်းပူးတွဲ၍ နှစ်စဉ် ထိုင်းနိုင်ငံတွင်လေ့ကျင့်သောစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံ အနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သလဲဟူသော ပါလီမန်အမတ်တစ်ဦး၏ အမေးကို ဖြေကြားရာတွင် ယခုကဲ့သို့ ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်နှင့်တောင်ကိုရီးယားတို့က ပူးပေါင်းလေ့ကျင့် ပြီး ဘရူနိုင်း၊ လာအို၊ တရုတ်၊ နယ်သာလန်၊ ရုရှ၊ တောင်အာဖရိက၊ သီရီလကာင်္နှင့် ယူအေအီးတို့ကလေ့လာသူ အနေဖြင့် တတ်ရောက်ခဲ့ကြသည်။

နောက်တစ်ကြိမ် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုတွင် မြန်မာကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း အောက်တိုဘာလ က ကြေညာခဲ့သည်။

ယခုကဲ့သို့ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခြင်းသည် တရုတ်နှင့် ကင်းကွာအောင်ပြုလုပ်ခြင်းဖြစ်သည်ဟု Reuter သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

ရွှေမြွေဟောက် စစ်ဆင်ရေးသာမက အခြားသော ဒေသတွင်းလုံခြုံရေးနှင့် ပတ်သက်သောစစ်ရေး လေ့ကျင့်မှုများ တွင်လည်း မြန်မာကို ဖိတ်ခေါ်သွားမည်ဟု ဝန်ကြီးက ပြောသည်။
 

 Myanmar Express

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ