ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 November 2012

ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာတွင် စစ်တပ်က စပါး ရိတ်သိမ်းသွားသော လယ်မြေဧကများကို မြို့နယ် ဦးစီးမှူးရုံးက ယနေ့တွင် ကွင်းဆင်း  စစ်ဆေးနေသည်ဟု သတင်း ရရှိသည်။
စစ်တပ်က ရိတ်သိမ်းပြီး စပါးများကို တပ်ရင်းသို့ ကားဖြင့် သယ်ယူနေစဉ် (ဓါတ်ပုံ- RSV)
“ ဟုတ်ကဲ့။ မြို့နယ် ဦးစီးမှူးရုံးနဲ့ မြို့နယ်မြေတိုင်း ဦးစီးမှူးရုံးက လာရောက် တိုင်းတာနေပါတယ်။ စစ်တပ်က ရိတ်သိမ်းသွားတဲ့ လယ်ဧက ဘယ်လောက်ရှိတယ်ဆိုတာကို အခု တိုင်းတာနေပါတယ်။ စစ်တပ်ကတော့ ဒီကနေ့မှာ စပါးရိတ်သိမ်းတာလည်း မရှိသလို တစ်စုံတစ်ရာ ဟန့်တားမူ လုပ်တာလည်း
မရှိပါဘူး” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ စစ်သားများသည် ယမန်နေ့ထိ ပြည်သူများ ထွန်ယက်စိုက်ပျိုးထားသော စပါးခင်းများကို လာရောက် ရိတ်သိမ်းခဲ့သည်ဟု ဆိုသည်။
“ စစ်တပ်က မနေ့ကလည်း လာရောက် ရိတ်သိမ်းပါတယ်။ ပီးရင် အဲဒီ လယ်မြေတွေဟာ စစ်တပ်ပိုင် ဆိုပြီးလည်း ဆိုင်းဘုတ် (၂) ခု ထောင်သွားပါတယ်။ တစ်ခုက ကားလမ်းရှေ့မှာ ဖြစ်ပြီး နောက်တစ်ခုက အုတ်တောင်ပြင် ရွာဘက်က ထောင်ပါတယ်။ တပ်နယ်မြေဆိုပြီး ရေးထားပါတယ်” ဟု ဒေသခံ ပြောသည်။
ပြိန်းချောင်းနှင့် အနီးတ၀ိုက်ကျေးရွာများမှ လယ်သမားများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော လယ်ဧက  ၆၀၀ ကို ခမရ ၅၃၉ မှ တပ်ရင်းချရန် အတွက်ဟု အကြောင်းပြကာ သိမ်းယူသွားခဲ့ပြီး  လယ်သမားများ လက်ကျန် လုပ်ကိုင် စားသောက်နေသော ဧက ၁၂၀ ကိုလည်း စစ်တပ်ပိုင် လယ်မြေများ ဖြစ်သည်ဟု ဆိုကာ စစ်သားများက လက်နက် ကိုယ်စီဖြင့် လာရောက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က စပြီး စပါးများကို လာရောက် ရိတ်သိမ်းနေသည်ဟု ဆိုသည်။
စစ်တပ် မိသားစုများက ပြည်သူများ ထွန်ယက်စိုက်ပျိုးထားသော စပါး စိုက်ခင်းများကို တက်ရောက် ရိတ်သိမ်းနေစဉ် (ဓါတ်ပုံ- RSV)
လယ်သမား စိုက်ပျိုးထားသော စပါး စိုက် ဧက ၁၂၀ တွင် ယအခု စစ်တပ်က ဧက ၅၀ ခန့် ရိတ်သိမ်း ယူဆောင်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ စစ်တပ်က တရားလက်လွန် အနိုင်ကျင့်မူကို သည်းမခံနိုင်သဖြင့် လယ်သမားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌများထိ တက်ရောက် တိုင်ကြားခဲ့သည်။
ထိုသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဆည်မြောင်းဝန်ကြီး ဦးကိုကိုနိုင်သည် အဆိုပါကျေးရွာသို့ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် မြို့နယ်ဦးစီးမှူးရုံးနှင့် မြေစာရင်းမှ စစ်တပ်က ရိတ်သိမ်း သွားသောစပါး စိုက်ခင်းများကို တိုင်းတာနေသော်လည်း ကျေးရွာသားများမှာမူ  စစ်တပ်က ၀င်ရောက် ရန်ရှာမည်ကို အထူး စိုးရိမ်နေကြသည်ဟု သတင်း ရရှိသည်။

narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ