ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 November 2012

တောင်ကုတ်မြို့နယ် NLD ကျေးရွာအုပ်စု ညီလာခံများ ဆက်လက် ပြုလုပ်


မောင်ရမ္မာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျေးရွာအုပ်စု ညီလာခံများ ဆက်လက် ကျင်းပ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

“ တောင်ကုတ်မြို့နယ်မှာ NLD က ကျေးရွာအုပ်စု ညီလာခံတွေ ဆက်လို့ ပြုလုပ် နေပါတယ်။ ဒီနေ့ တပြိုင် တည်း ကျေးရွာအုပ်စု ၁၂ အုပ်စုမှာ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ အုပ်စုတွေမှာလဲ ဆက်လို့ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်စီး အဖွဲ့ဝင်
ကိုမင်းအောင်က နိရဉ္စရာသို့ ပြောသည်။
နိုဝင်္ဘာလ ၁၄ ရက်နေ့ တွင် တပြိုင်တည်း ညီလာခံကျင်းပခဲ့သော ကျေးရွာအုပ်စုများမှာ တရဂူကျေးရွာအုပ်စု၊ ညောင်ဖေါက်ကျေးရွာအုပ်စု၊ ကိုင်းရှည်ကျေးရွာအုပ်စု၊ ၀က်ကျိတ်ကျေးရွာအုပ်စု၊ မီးချောင်းထိုးကျေးရွာအုပ်စု၊ မောင်း ကျေးရွာအုပ်စု၊ ကျောက်ဆိတ်တောင်ကျေးရွာအုပ်စု၊ ဇမ်ဗူရာဇ်ကျေးရွာအုပ်စု၊ ပန်းတင်းအရှေ့ဘက် ကျေး ရွာအုပ်စု၊ နတ်ကန်ကျေးရွာအုပ်စု၊ လမူးမော်ကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာအုပ်စုတို့ ဖြစ်သည်။
ကျေးရွာအုပ်စု ကော်မီတီများကို ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး အပါအ၀င် ကော်မီ ၃ ဦး၊ ၅ ဦး စသည်ဖြင့် အဖွဲ့ဝင်အင်အား အနည်းအများကို မူတည် ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု သိရသည်။
ကျေးရွာအုပ်စုများတွင် ညီလာခံများကို ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့ နယ်စီး ဥက္ကဌ ဦးစိုးချစ်မောင်က နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ကျေးရွာအုပ်စု NLD ရုံးတွေ ဖွင့်ကတည်းကပင် ကျေးရွာအုပ်စုတွေမှာ ရှိတဲ့ အောက်ခြေ လူ တန်းစားတွေရဲ့  အခက်အခဲတွေကို တိုက်ရိုက်ဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်တာဆိုတော့ အခုလို ဖွင့် လှစ်ပြီးတဲ့ ကျေးရွာအုပ်စုတွေမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးဖို့ အတွက် လုပ်ငန်း ကော်မီတီတွေ ရွေးချယ်တင်မြှောက်နေတာ ဖြစ်ပါတယ် ” ဟု ဆိုသည်။
နိုဝင်္ဘာလ ၁၂ ရက်နေ့က တောင်ကုတ်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၃ ခုတွင် ကျေးရွာ အလုပ်အမှု ဆောင် ကော်မီတီဝင်များကို မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။
တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ညီလာခံကို ဒီဇင်္ဘာလအတွင်း ကျင်းပသွားရန် စီစဉ် နေသည်ဟုလည်း ကိုမင်းအောင်က ပြောသည်။
“ ကျန်တဲ့ ကျေးရွာအုပ်စုတွေကို ဒီလ ၁၆ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်။ ကျေးရွာ အုပ်စု ညီလာခံတွေ ကျင်းပပြီးတဲ့ နောက်ပိုင်း ဒီဇင်္ဘာလ အတွင်းမှာတော့ တောင်ကုတ်မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင်တွေကို ကျေးရွာ အုပ်စု အလုပ်အမှုဆောင်ကို အခြေခံပြီး ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြှောက်သွားမှာ ဖြစ်ပါတယ်။”
တောင်ကုတ်မြို့နယ်တွင် ကျေးရွာ အုပ်စု ၅၁ အုပ်စုရှိသည့်အနက်  ကျေးရွာအုပ်စု ၃၅ အုပ်စုတွင် ရုံးများ ဖွင့် လှစ်ထားပြီးဖြစ်သည်။


narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ