ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 November 2012

မဆန့်ကျင်ကောင်းသော အရာနှစ်ခု


========================
ဤလောက၌ မဆန့်ကျင်ကောင်းသော အရာနှစ်ခုရှိသည်။
၎င်းမှာ - သဘာဝ နှင့် ဓမ္မပင်ဖြစ်၏။
(၁)သဘာဝ
========
...
ကျွန်ုပ်တို့နေထိုင်သော ဤကမ္ဘာကြီး၌ မြေထု၊ရေထု၊လေထု
သက်ရှိ၊သက်မဲ့ အားလုံးတို့သည် မည်သူတစ်ဦးတစ်ယောက်မှ
ဖန်ဆင်းထားခြင်းလည်းမဟုတ်၊ပြုလုပ်ထားခြင်းလည်း မဟုတ်ပေ။

ပြုလုပ်၍လည်းမရနှိုင်ပေ။သဘာဝအလျှာက် သူ့အလိုလိုပေါ်ပေါက်
လာခြင်းပင်ဖြစ်၏။ထိုသို့ပေါ်ပေါက်လာသော သဘာဝတရားကို
ဆန့်ကျင်ပါက သဘာဝ၏တုန့်ပြန်ဒဏ်ခတ်ခြင်းကို ခံကြရမည်ဖြစ်၏။
ဥပမာအားဖြင့် - မြေအောက်သယံဇာတများကို လိုအပ်သည်ထက်ပို၍
အသုံးချပါက မြေဆီလွှာများပျက်စီးကာ မီးတောင်ပေါက်ကွဲခြင်းများ၊
မြေငလျင်လှုပ်ခြင်းများဖြစ်ပေါ်လာရ၏။မြေပေါ်သယံဇာတဖြစ်သော
သစ်တောများပြုန်းတီးပါကလည်း ရာသီဥတုဖောက်ပြန်သောကြောင်း
အချိန်အခါမဟုတ် မိုးကြီးခြင်း၊ရေကြီးခြင်းများဖြစ်သည့်အပြင် တောတွင်း
၌နေသောရှားပါးသတ္တ၀ါတို့မှာလည်း မျိုးတုန်းပျောက်ကွယ်ကြရ၏။
ရေထဲတွင်နြူးကလီးယားလက်နက်ဆန်းများ စမ်းသပ်ဖောက်ခွဲမှုကြောင်း
ရေထုညစ်ညမ်း၍ ရေနေသတ္တ၀ါများ သေကြေပျက်စီးကြရ၏။
ဖန်လုံအိမ်ဓါတ်ငွေ့ အမြောက်အများထုတ်လုပ်မှုကြောင်း လေထုညစ်
ညမ်း၍ အိုဇုံးလွှာများပျက်စီးကာ လူနှင့်သတ္တ၀ါအများစုတို့မှာ
ရောဂါအသစ်အဆန်းအမျိုး ဖြစ်ကြရ၏။
သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံကြီးများတွင် သဘာဝဘေးအန္တရာယ် ကာကွယ်
တားဆီးရေးကို နှစ်ရှည်စီမံကိန်းများချ၍ လုပ်ဆောင်နေခြင်းပင်ဖြစ်၏။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် အဆိုးရွားဆုံးစာရင်း
တွင်နေရာယူထား၏။လက်တွေ့အားဖြင့် ကြည့်လျှင်လည်း သဘာဝကပ်ဆိုး
များဖြစ်ပေါ်နေသည်မှာ တစ်ခုပြီးတစ်ခုပင်ဖြစ်နေ၏။
ထိုသို့ဖြစ်ရခြင်းမှာ သဘာဝကိုဆန့်ကျင်သောကြောင်း သဘာဝ၏ဒဏ်ခတ်
ခြင်းကို ခံနေသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။
မည်သို့ဆန့်ကျင်နေပါသနည်းဟု မေးခွန်းထုတ်လာပါက ထိုအဖြေကို
စာရှုသူများ အသိပင်ဖြစ်၍ ကျွန်ုပ်အနေဖြင့် အကျယ်တ၀င့် မရေးလိုတော့ပါ။
ထိုထက်ပို၍ရေးမိပါက ကျွန်ုပ်သည်ပင်လျှင် သဘာဝကိုဆန့်ကျင်သူတစ်ဦး
ဖြစ်မှန်းမသိ ဖြစ်နေပေလိမ့်မည်။
(၂)ဓမ္မ (တရား)
==========
စတုသု အ ပါယေသုစ ၀ဋ္ဋ ဒုက္ခေသုစ
အ ပတမာနေ ကတွာ ဓါရေတီတိ ဓမ္မော။
(အပါယ်လေးပါးတို့၌လည်းကောင်း၊၀ဋ်ဒုက္ခအပေါင်းတို့၌လည်းကောင်း
မကျရောက်ရအောင် ဆောင်စေတတ်သောကြောင်း ဓမ္မဟုခေါ်သည်။)

နဟိဓမ္မော အ ဓမ္မော
ဥဘောသမ ၀ိပါကိနော
အ ဓမ္မော နိရယံ ဒေတိ
ဓမ္မောပါပေတိ သုဂတိံ။
(ဓမ္မဟုခေါ်သော ကုသိုလ်တရားနှင့် အ ဓမ္မဟုခေါ်သော
အကုသိုလ်တရားတို့သည် အကျိုးပေးချင်းမတူညီကြပေ။
အ ဓမ္မဟုခေါ်သော အကုသိုလ်တရားက အပါယ်လေးပါးသို့
ပို့ဆောင်စေတတ်ပြီး ဓမ္မဟုခေါ်သော ကုသိုလ်တရားက
လူ့ဘုံ၊နတ်ဘုံ၊ဗြဟ္မာဘုံ စသည့် သုဂတိဘုံသို့ ပို့ဆောင်တတ်၏။)

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ပိဋကတ်သုံးပုံ၊နိကာယ်ငါးရပ်၊
ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
သီးသန့်ဟောကြားခဲ့သော တရားမဟုတ်ပေ။
လောကလူသား အားလုံးနှင့်သက်ဆိုင်သော တရားပင်ဖြစ်၏။
ထိုတရားတို့သည် မြတ်စွာဘုရားရှင်၏ မူပိုင်တရားလည်းမဟုတ်၊
ကိုယ်ပိုင်တွေးခေါ်ယူဆထားခြင်းလည်းမဟုတ်ပေ။
မည်သူမပြု မိမိမှု ဆိုသည့် - အကြင်သူသည် ကောင်းမှုကိုပြုလျှင်
ကောင်းကျိုးကိုခံစားရမည်။မကောင်းမှုကိုပြုလျှင် မကောင်းကျိုးကို
ခံစားရမည်ဆိုသော လောကအမှန်တရားတစ်ခုပင်ဖြစ်၏။
ဤလောကအမှန်တရားမှာ မြတ်စွာဘုရားရှင်ပွင့်ထွန်းလာပြီးမှသာ
ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ကမ္ဘာဦးအစကပင် ရှိနေပြီးသားဖြစ်၏။
သို့သော်လည်း သတ္တ၀ါတို့မှာ အ၀ိဇ္ဖာ(မသိမှု)ကြောင်း လောကအမှန်
တရားကို မရှုမြင်နှိုင်ကြခြင်းသာဖြစ်၏။
မြတ်စွာဘုရားရှင်မှာ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်စွမ်းလာသော
ပါရမီစွမ်းအားကြောင်း သစ္စာလေးပါးတရားကို ကိုယ်တော်တိုင် ထိုးထွင်း
သိမြင်၍ လောကအမှန်တရားကို ဖော်ထုတ်ပြသ ဟောကြားနှိုင်ခဲ့ခြင်း
ပင်ဖြစ်၏။သို့ဖြစ်၍ ဓမ္မဟုခေါ်ဆိုအပ်သော လောအမှန်တရားကို
ဆန့်ကျင်ပါက ပစ္စုပ္ပာန်၊သံသရာနှစ်ဖြာတို့၌ ဆင်းရဲဒုက္ခရောက်ကြ
ရမည်မှာ အမှန်ပင်ဖြစ်ပါကြောင်းတင်ပြရင်း ဤဆောင်းပါးကို
အဆုံးသတ်လိုက်ရပါ၏။

အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်ရောစိတ်ပါ
ကျန်းမာချမ်းသာကြပါစေ...ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ...

စံအောင်မြင့်
ခေတ္တ / မလေးရှား
၁၆.၁၁.၂၀၁၂

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ