ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 December 2012

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေး




လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။


မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပေးခဲ့အပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို နိုင်ငံတကာပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ၊ ဒီစီမံကိန်းက လူထုနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ်စေမှုတွေနဲ့ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ဆိုတာတွေကို ကော်မရှင် အဖွဲ့ဝင် ၁၆ ဦး အသီးသီး တာဝန်ယူရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေ လ နဲ့ ချီ ကြာမြင့်လာခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါ်ခင်စန်းလှိုင်က ဒီစီမံကိန်းကို စုံစမ်းရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ တင်ပြခဲ့တာကို လွှတ်တော်က အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။



 

From : rfa

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ