ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 December 2012

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေး ရုံကြီး များတွင် အခ မဲ့ဆေးကုသခွင့်နှင့် ကျန်း မာရေး စစ်ဆေးခွင့်များ ရရှိတော့မည်


အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်း မာရေး စစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။


ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေး ကုသခွင့်နှင့် ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အသက် ကြီး လာရင် နာခြင်းဒုက္ခကို မလွဲမသွေ ခံစားကြရပါတယ်။ အထူးသဖြင့် အသက် ၇၀ ကျော် ဘိုးဘွား များအနေနဲ့ အိမ်မှာသားသမီးမရှိရင် ပိုပြီးဆိုးပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ ဘိုးဘွား များဆိုတာ အိမ်ရဲ့ကျက်သရေဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ကျက်သရေ ဖြစ်ပါတယ်။ ဘိုးဘွား များဟာ နာခြင်းဒုက္ခကိုခံရလို့ နိုင်ငံပိုင်ဆေးရုံတွေကို သွားရောက်တဲ့အခါမှာ ဆေးရုံက အပေါက်စောင့်၊ သူနာပြု တ ချို့၊ အသပြာဆရာဝန် စသူတွေက မချေမငံဆက်ဆံမှု၊ တစ်ခါ ငွေကြေး မတန်တ ဆ တောင်းခံမှုတွေက သူတို့ရဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရန်ကုန်မြို့ ရဲ့ လမ်းမများပေါ်မှာ ကြည့်မယ်ဆိုရင် အသက် ၆၀ ကျော် ၇၀ အရွယ် ဘိုးဘွားတွေ က ဆေးဖိုး ဝါးခအတွက် မကြာခဏဆိုသလို တောင်းရမ်းစားသောက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေးမြန်း ချင် တာကေ တာ့ ရန်ကုန်မြို့မှာ လမ်းတွေ၊ တံတားတွေ အများကြီးဆောက်ပါတယ်။ အဲဒီမှာ ဖြည့်စွက် ခွင့်ပြုငွေေ တွလည်း ထပ်တောင်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲချို့တဲ့တဲ့ အခြေခံ လူတန်း စားေ တွဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးအဘွားတွေကို နိုင်ငံပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ဆေး ကုသခွင့်နဲ့ အခမဲ့ဆေးစစ်ဆေးခွင့်တွေ ပေးနေပါသလား သိချင်ပါတယ်။ ရှိတယ်ဆိုရင်လည်း မည်သည့် အတိုင်းအတာထိ ရှိသလဲဆိုတာကို သိရှိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။


ယင်းမေးမြန်းချက်အပေါ်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာ သာ လူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေး အခြေ အနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှု တစ်ရပ် အဖြစ် ဆေးရုံ များမှာ ဆေး ပဒေ သာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွား လာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ် ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ် ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေ သကြီး ပြည် နယ်အဆင့်ေ ဆးရုံများ အတွက် ဆေးဝယ်ယူရန် ကုတင် အဆင့်အလိုက် ခွင့်ပြုငွေ ကျပ် သိန်းပေါင်း ၄၀၀ မှ ၁၅၀၀ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။

“ကျန်ရှိတဲ့ကုတင် ၂၀၀ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ် အဆင့် ဆေးရုံေ တွနဲ့ ကျေးလ က်ကျန်း မာေ ရးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာေ ရးဦးစီး ဌာ န၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမ က ကျေးလက် အထိပါ ငွေကြေး မတတ်နိုင်ေ သာ အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားေ တွပါ နိုင်ငံပိုင်ေ ဆးရုံတွေ မှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက် တာမြင့် သိန်း က ဆိုပါသည်။


အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆၀ နှင့်အထက် ဘိုးဘွား များ ကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ရုံးများတွင် လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ် အဆင့် ဆေးရုံ ၅၇ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးေ ငွဖြင့် လူ နာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁၀ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကု သပေးနိုင် ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေး အသုံးစရိတ်ငွေ ကို လေးဆ တိုးမြှင့် ပေးထားေ ကြာင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

Eleven

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ