ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 December 2012

ကချင်နှင့် ရခိုင်ဒုက္ခသည်များအတွက် အမေရိကန်ရောက် မြန်မာများ ကျပ်သိန်း ၃၀၀ ခန့် လှူဒါန်း


အမေရိကန်အခြေပြု ပြည်သူ့ဂုဏ်ရည် ဆုရွေးချယ်ရေး အဖွဲ့က ဖိတ်ကြားတဲ့ ခရီးစဉ်အတွင်း ဆွေးနွေးပွဲတွေမှာ တက်ရောက်သူတွေ ၀ိုင်းဝန်းထည့်ဝင်လှူဒါန်းတဲ့ အလှူ ငွေ ကျပ် ၂၉၁ သိန်းကို အနုပညာရှင်သုံးဦးက ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် လှူဒါန်းလိုက်ပါတယ်။
အနုပညာရှင်တွေ ဖြစ်တဲ့ ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့က အမေရိကန်ပြည်ထောင်စုဟောပြောပွဲ ရက် ၄၀ အတွင်း ရလာတဲ့ ငွေကျပ် ၂၉၁ သိန်းကျော်ကို သူတို့ကိုယ်စား သွားလှူဖို့ ၈၈ ကျောင်းသားများ အဖွဲ့နဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၁၄၅ သိန်းကျော် စီ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ကတော့ ရရှိလာတဲ့ ငွေတွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီ ပေးအပ်သွားမှာ ဖြစ်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကတော့ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးခန်းမှာ ကချင်ဒုက္ခသည်အတွက် လှူဒါန်းငွေကို လက်ခံခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးပြုံးချိုက ပြောပါတယ်။
“လှူဒါန်းထားတဲ့ ငွေကြေး၊ ပစ္စည်းတွေကို ကျနော်တို့ သွားတဲ့အခါမှာ ရရှိထားတဲ့ ရန်ပုံငွေတွေထဲကနေ စခန်းတွေကို ထိထိရောက်ရောက်ဖြစ်အောင်၊ စခန်းတွေ စုံအောင် လှူဒါန်းတာတွေ ရှိပါတယ်။ အခုလည်း ကျနော်တို့ဆီကတဆင့် လှူဒါန်းပေးဖို့ ဒီအလှူငွေတွေ လှူဒါန်းတာဖြစ်လို့ အဲဒေသတွေကို တတ်နိုင်သမျှ ထိထိရောက်ရောက် လှူဒါန်းနိုင်အောင် ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ဦးရဲလွင်၊ ဦးဆောင်းဦးလှိုင်နဲ့ ဆရာမသန်းမြင့်အောင်တို့ဟာ အမေရိကန်မှာ ရက်ပေါင်း ၄၀ ကြာမြင့်ခဲ့ပြီးတော့ ပြည်နယ် ၁၀ ခုက နေရာပေါင်း ၁၁ နေရာမှာ ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့တယ်လို့ ဦးရဲလွင်က ပြောပါတယ်။
ခရီးစဉ်အတွင်းမှာ ပြည်သူ့ဂုဏ်ရည် ဆုရွေးချယ်ရေးအဖွဲ့က ကောက်ခံပေးတဲ့ အလှူငွေကို သူတို့က လက်ခံပေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခရီးစဉ်အတွင်းက အခြေအနေကို ဦးရဲလွင်က “ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို လှူချင်တယ်ဆိုတော့ အဲဒီအခြေအနေတွေ၊ ကိုယ်တွေ့လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးတွေ ပြောပြတယ်။ ပန်းရဲ့လမ်းက သီချင်းဆိုပြီးတော့ လာရောက်ကြည့်သူတွေကို အလှူငွေကောက်ခံတယ်ဆိုတာ ပြောပြီးလုပ်တာ။ သူတို့ကလည်း မြန်မာပြည်ကို လှူဖို့ ရည်ရွယ်ချက်နဲ့ မြန်မာတွေ စုစည်းပြီး လှူတယ်။



DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ