ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 December 2012

မြောက်ဦးမြို့နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်မှု မရှိသူများကို ရဲသားများ လိုက်လံ ဖမ်းဆီးနေ





MraukOoArrestedယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့၊ မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာ အရေးအခင်းတွင် ပါဝင်သူများကို သာမကပဲ ပါဝင်ပတ်သက်မှုမရှိသူများပါ ရခိုင်ပြည်နယ် ဒု-ပြည်နယ်မှူးမှ နာမည်စရင်းများကိုပေးပြီး ရဲ ကွပ်ကဲရေးမှူးနှင့် ရွာဥက္ကဌကို ဖမ်းဆီးကာပို့ခိုင်းနေကြောင်း သိရသည်။
ဒေသခံများကို ဖမ်းဆီးရာတွင်
မည်သည့်ဖမ်းဝရမ်းမှ မပါဘဲ ဖုန်းဖြင့်လှမ်းဆက်ပြီး ဖမ်းခိုင်းနေပုံကို မြောက်ဦးမြို့ ဒေသခံတစ်ဦးက " ကျွန်တော်တို့ ပန်းမြောင်းရွာနှင့် မြောက်ဦးမြို့နယ်က အထူးသဖြင့် ပုရိန်နဲ့ နီးသော တခြားရွာများမှ ဒေသခံတွေကို ပုရိန်ကုလားရွာက ကုလားတွေက အရေးအခင်းနဲ့ ပတ်သက်မှုမရှိပဲနဲ့ အရင်ကတည်းက သူတို့ နယ်တစ်ဝိုက်မှာ မကျေမနပ်ဖြစ်နေတဲ့သူတွေ၊ စီးပွားရေးအရ ပြေလည်တဲ့သူတွေရဲ့ နာမည် တွေ၊ ပြီးတော့ သူတို့အလွတ်ရနေတဲ့နာမည်တွေကို ရေးပြီးတော့ ရဲသားတွေကိုတိုင်နေပါတယ်။ အခု လိုက်ဖမ်းနေတဲ့ သူတွေထဲမှာ အရေးအခင်းနဲ့ ဘာမှ မဆိုင်တဲ့သူတွေလည်း အများကြီးပါနေကြပါတယ်။ အခုက စစ်ဆေးတဲ့ အဆင့်မဟုတ်တော့ပဲနဲ့ လိုက်ပြီးတော့ ဖမ်းနေတဲ့အဆင့်ကို ရောက်နေပါတယ်။ ပထမ တစ်ခေါက် ဖမ်းတုန်းက ပုရိန်နဲ့ယိုင်သည် အရေးအခင်းမှာ ပါဝင်တဲ့သူဆိုပြီး ဖမ်းဆီးသွားတာ လူ (၂၀) ကျော်ရှိသွားပါပြီ။ သူတို့အားလုံးကို စစ်တွေ အမှတ် (၁)စခန်းမှာ ထားပါတယ်။ သူတို့ကိုလည်း စစ်ဆေးဖို့ခေါ်တာ ဆိုပြီးတော့ ဖမ်းလိုက်တာ ဖြစ်ပါတယ်။ အခု ဒေသခံတွေကလည်း သူတို့က နမူနာပြထားတော့ အပြင်ကို မထွက်ရဲဘဲနဲ့ တိမ်းရှောင် နေကြပါတယ်။ " ဟု ပြောသည်။
ဒေသခံတွေက ဒု-ပြည်နယ် ရဲမှူးအမိန့်ပေး လုပ်ဆောင်ခိုင်းမှုကြောင့် မြန်မာနိုင်ငံက ဥပဒေကို အယုံအကြည် ကင်းမဲ့နေကြပြီး ဥပဒေလမ်းကြောင်းနဲ့ ညီညွတ်မှု မရှိကြောင်းကို "ဒေသခံတွေက မြန်မာနိုင်ငံက ဥပဒေကို အယုံအကြည်မရှိကြတော့ပါဘူး။ ဒု-ပြည်နယ်မှူးနဲ့ ရဲတွေကလည်း ကုလားတွေတိုင်တဲ့အတိုင်း ဥပဒေရဲ့ လမ်းကြောင်းနဲ့ မညီညွတ်ပဲ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ဖမ်းနေကြပါတယ်။ သူတို့က ရုံးကိုတင်ရမဲ့ကိစ္စကို မတင်ပဲနဲ့ စစ်တွေကို တစ်ခါတည်း ဖမ်းခေါ်သွားတာဆိုတော့ စစ်ဆေးဖို့ အခေါ်ခံရတဲ့သူတွေက ကြောက်နေကြပါတယ်။ သူတို့က ဒေသခံတွေကို စစ်ဆေးဖို့ လာခေါ်တုန်းကလည်း ဘာဝရမ်းမှ မပါပါဘူး။ ပန်းမြောင်းမှာဆိုရင် ပန်းမြောင်း ရဲကွပ်ကဲမှူးနှင့် ဥက္ကဌကို ဖုန်းဆက်ပြီး နာမည် စာရင်းတွေကို ပေးလိုက်တယ်။ ပြီးတော့ အဲဒီနာမည် စရင်းအတိုင်း လူတွေကို ပို့လိုက်ဆိုပြီးတော့ ဖမ်းခိုင်းနေတာပါ။ ပထမတစ်ခေါက် ဖမ်းသွားတဲ့ သူတွေမှာက တိုက်ပွဲမှာဒဏ်ရာရထားတဲ့သူတွေလည်း ပါတယ်ဆိုတော့ သက်သေအထောက်အထား ခိုင်လုံတယ်။ ရဲတွေက ကုလားတွေကိုကျတော့ တစ်ယောက်မှ စစ်ဆေးမေးမြန်းဖို့ ခေါ်တာ တွေမရှိပါဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွာကို အကြမ်းဖက် မီးရှို့မှုမှာ ပါဝင်သူတွေဆိုပြီးတော့ နာမည်စရင်းတွေပေးပြီး တိုင်ထားတာပါ။ အဲဒီနာမည်စရင်းထဲမှာ အရေးအခင်းနဲ့ ဘာမှမသက်ဆိုင်တဲ့သူတွေ အများကြီးပါဝင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ကုလားတွေက ဒု-ပြည်နယ်မှူးကို လာဘ်ငွေတွေ၊ အကျွေးအမွေးတွေ လုပ်ပေးတာတွေ ရှိပုံရပါတယ်။ ကျွန်တော်တို့သိတဲ့ ကုလားတရားခံတွေကိုလည်း ရဲကိုတိုင်ထားတာတော့ ရှိပါတယ်။ ရဲတွေ ကျွန်တော်တို့ကို ခေါ်ပြီး စစ်ဆေးမေးမြန်းတုန်းက ဖြောင့်ချက်ပေးတာတွေတော့ ရှိပါတယ်။ အမှန်တကယ်ဆိုရင် အရေးအခင်းမှာ ကျွန်တော်တို့ မြင်တာကတော့ ကုလားတွေကို ဦးဆောင်ပြီးတော့ အိမ်တွေကို မီးကွင်း တွေနဲ့ ပစ်နေတာကို တွေ့ရတယ်။ ရခိုင်အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကို သူတို့ဘာသာမီးရှို့ပြီးတော့ ထွက်ပြေး သွားကြတယ်။ အဲဒီအချိန်မှာ လေကတိုက်နေတော့ ရခိုင်အိမ်တွေကို မကူးပဲနဲ့ သူတို့အိမ်တွေပဲ မီးလောင်သွားတယ်။ အရေးအခင်းမှာ ပါဝင်တဲ့ကုလားတွေရဲ့နာမည်တွေကို အတိအကျပြောပြီးတော့ တိုင်တာပါ။ ဒါပေမဲ့ ရဲတွေက သူတို့ကို အရေးယူလား မယူဘူးလားဆိုတာကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ အခု ကုလားတွေတိုင်တဲ့ အချိန်ကျတော့ ကျွန်တော်တို့ဆီကို ကိုယ်တိုင်လာပြီး စစ်ဆေးတာမျိုးမဟုတ်ပဲနဲ့ ရဲကွပ်ကဲရေးမှူးနဲ့ ဥက္ကဌကို လူနာမည် တွေပေးပြီးတော့ လာပို့ခိုင်းနေတာ ဖြစ်ပါတယ်။" ဟုပြောသည်။
မြောက်ဦးမြို့နယ်တွင် ဒု-ပြည်နယ်မှူး အောင်ကျော်ဦးမှ ပန်းမြောင်းကျေးရွာမှ ရဲကွပ်ကဲရေးမှူးနှင့် ဥက္ကဌထံသို့ ကုလားများပေးသော နာမည်စရင်းအတိုင်း ဖမ်းကာပို့ခိုင်းနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်းနေရ ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခအတွက် ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ လာရောက်ပြီး စစ်ဆေးမေးမြန်းခြင်းများလည်း မရှိသေးကြောင်း သိရသည်။




Arakan Time

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ