ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 January 2013

ကချင်စစ်မီး နယ်စပ်ဖြတ်ကူးစက်မည်ကို တရုတ် စိုးရိမ်လာ


ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော
 တိုက်ပွဲများအတွင်း အိမ်နီးချင်း တရုတ်နိုင်
ငံထဲသို့ ဗုံးများကျရောက်ခဲ့ရာ အလား
တူဖြစ်ရပ်မျိုး ထပ်မံ မဖြစ်


ပေါ်စေရန် ဘေဂျင်းအစိုးရက တောင်းဆိုလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ကချင်လက်နက်ကိုင် ကေအိုင်အေ တပ်ဖွဲ့နှင့် မြန်မာအစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုဖြစ်ပွားရာ၌ တရုတ်
နိုင်ငံ၏ နယ်နမိတ် ထဲသို့ ဗုံးသုံးလုံး ကျရောက်ခဲ့ကြောင်း၊

သို့ဖြစ်ရာ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော တိုက်ပွဲများ နယ်စပ်ဒေသကို ဖြတ်ကျော်ပြန့်နှံ့
လာစေမှု မရှိစေရန် အသေအချာ လုပ်ဆောင်ပေးရန် မြန်မာအစိုးရကို တိုက် တွန်းပြောဆိုထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး Ms Hua Chunying ၏ ပြောကြားချက်ကို နိုင်ငံပိုင် Xinhua သတင်းဌာနက ကိုးကားဖော်ပြ သည်။

"အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် ထိရောက်တဲ့ဆောင်ရွက်ချက်တွေ အမြန်ဆုံးလုပ်ကိုင်ပေးဖို့ မြန်မာနိုင်ငံ ကို တရုတ်နိုင်ငံဘက်က တောင်းဆိုထားပါတယ်" ဟု ၎င်းကပြောကြားသည်။

တရုတ်နိုင်ငံဘက်သို့ ဗုံးများကျရောက်ခဲ့သောကြောင့် ထိခိုက် ဒဏ်ရာရရှိမှု တစုံတရာမရှိခဲ့ကြောင်း၊ သို့သော် အဆိုပါစစ်မက်ပဋိပက္ခအား ငြိမ်းချမ်းစွာ
ဖြေရှင်းရန် တိုက်တွန်းပါကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကချင်ပြည်နယ်တွင်း အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အထူးပင် စိုးရိမ်ပူပန် မိကြောင်း ပြီးခဲ့သည့် သတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သေး သည်။

 ထို့အတူ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများအတွင်း
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာခဲ့သော်လည်း
 လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာအချို့ ဆက်လက်ဖြစ်ပေါ်နေရာ
လက်ရှိ အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း Xinhua သတင်းဌာနက
 ရေးသားသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားသော နယ်စပ်ဒေသချင်း ထိစပ်လျက်ရှိသည်။

MTS
ကိုးကား - Xinhua

The Myanma Age

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ