ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

8 January 2013

Messenger ဂျာနယ်တွင် ဖော်ပြထားသော ပန်းပဲတန်း NLD မှ ၁၅ နှစ်အရွယ်ကျောင်းသူအား ပါတီရုံးခန်းတွင်း၌ မုဒိန်းကျင့်မှု



ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းမှာ ပီးခဲ့တဲ့ ၃ ရက်နေ့တုန်းက အမျိုးသမီးငယ်လေးတစ်ယောက်ကို မူးစေမေ့စေတဲ့ ဆေးခတ်ထားတဲ့ အချိုရေတိုက်ပီး တော့ ဒီချုပ်ပါတီဝင်တစ်ယောက်က အဓမ္မပြုကျင့်ခဲ့ကြောင်း volume3 No33. ၇- ၁ -၂၀၁၃ ရက်ထုတ် Messenger ဂျာနယ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ သတင်း မှာဖော်ပြထား တာက အဲဒီမိန်းကလေးကို NLD ပါတီဝင်ဆိုတဲ့ လူငယ်က အရင်ရက်တွေကတည်းက သံဗူး အချိုရေ တိုက်နေကျ... မိန်းကလေးငယ်ကလည်း သောက်နေကျ... အဲဒီနေ့ကလဲ အချိုရေတိုက်ပြန်တော့ မိန်းကလေးငယ် လည်း ခါတိုင်းလဲ သောက်နေကျဆိုတော့ ယုံယုံကြည်ကြည်သောက်မိလိုက်မှာပေါ့...သောက်လိုက်တော့ ထည့်ခတ်ထားတဲ့ဆေးရဲ့ အရှိန်နဲ့ မူးဝေ သတိလစ်သွားတဲ့အချိန်မှာ NLDပါတီဝင်အမျိုးသားက မိန်းကလေးငယ်ကို မဖွယ်မရာ အဓမ္မပြုကျင့်ခဲ့ပါတယ်။ မိန်းမငယ်လေး ရဲ့ထွက်ဆိုချက်တွေအရ သူမဆေးအရှိန်ပျယ်သွားလို့ သတိရချိန်မှာ သူမကိုယ်ပေါ်မှာ အ၀တ်အစားလဲ မရှိတော့ ပါဘူး... နောက်ပီး NLDပါတီဝင်ဆိုတဲ့ ထိုလူငယ်က သူမရဲ့ ဘေးမှာ ထိုင်နေတာကို သူမတွေ့လိုက်ရပါတယ်...နောက်ပီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့အချိန်မှာလဲ အဲဒီ NLDပါတီဝင်လူငယ်ရဲ့ အဓမ္မပြုကျင့်နေမှုကို သတိထားမိတဲ့အကြောင်း နဲ့ အဲဒီNLDပါတီဝင်အမျိုးသားလူငယ်က ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့ဆိုပီးတော့ အမျိုးသမီးငယ်ကို နှုတ်ပိတ်ပါသေးသတဲ့... အမျိုးသမီးငယ်လဲ တိုက်ခန်းအောက်ကိုပြေးဆင်းလာပီး အောက်ရောက်တော့ မိခင်ဖြစ်သူနဲ့ တွေ့တော့ ဖြစ်ရပ်မှန်အားလုံး သူမမိခင်ကို ပြန်ပြောလိုက်ပါတော့တယ်...
ကိုယ်ချင်းစာကြည့်ကြပါ... အဲဒီဖြစ်စဉ်က အမှန်တကယ်သာဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ မိန်းကလေးငယ်ကို သားကောင်ကို မြေခွေးချောင်းသလို စောင့်ပီးလုပ်ခဲ့တယ်ဆိုတာ သိသာပါတယ်... အရင်ရက်တွေကတည်းက အချိုရည်နေ့တိုင်း ဆက်တိုက်အယုံသွင်း
ပီးတိုက်ထားရမယ်... နောက်ပီးအဲဒီနေ့မှာ အချိုရေထဲကိုထည့်ပီး တိုက်ဖို့ ဆေးကအစ ကြိုတင်ပြင်ဆင်ထားရမှာပါ... တကယ်လို့ လူမိသွားလို့မုဒိန်းမှုလုပ်တာပါဆိုရင်တောင် ဒီလို ရန်ကုန်မြို့ထဲက NLD အဖွဲ့ချုပ် ရုံးခန်းလို နေရာမျိုးဟာ အဲဒီလို အဓမ္မပြုကျင့်စရာ အကောင်းဆုံးနေရာ (ဒါမှမဟုတ်) လျော့လျော့ပေါ့ပေါ့ပြောရရင် လိင်ဆက်ဆံစရာ နေရာတစ်ခု ဘာဖြစ်လို့ ဖြစ်သွားရတာလဲ... ...အဲဒီသူငယ်က လူငယ်NLDပါတီဝင်... လူငယ်ဆိုတာ လူကြီးတွေဆီကနေ အတုမြင်အတတ်သင် တတ်ကြပါတယ်... အဲဒီNLDရုံးချုပ်က လူကြီး ပါတီဝင်တွေဟာ ပါတီရုံးမှာ မိန်းမလိုက်စား၊ အရက်သောက်၊ ဖဲရိုက်လုပ်နေကြလို့ လူငယ်တွေအတုယူမှားတာလား...ဒါမှ မဟုတ် NLD ပါတီရုံးမှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြဆိုတဲ့ မင်းမဲ့ဒီမိုကရေစီရနေပြီလား .... အခုဟာက လူသိသွားလို့သာ ၊ လူမသိ သူမသိ ဒုစရိုက်တွေ ဘယ်လောက်ရှိနေပြီလဲ၊ အဓမ္မပြုကျင့်ခံရသည် ဖြစ်စေ၊ လူမိသွားတာ ပဲဖြစ်စေ ...လောလောဆယ် မိန်းမငယ်လေးတစ်ယောက်ကတော့ မိန်းကလေးတစ်ယောက်အတွက် အသက်ထက် တန်ဖိုးကြီးတဲ့ အရှက်ဆိုတာကို ပေးဆပ်လိုက်ရပါပီ... NLD ပါတီရုံးဆိုတဲ့နေရာက NLD ပါတီဝင်တွေအတွက် ပါတီ နာမည်ကို ခြုံကွယ်ယူပီးတော့ ဒုစရိုက်နွယ်မြက်တွေ ယှဉ်သန်စေစားရာ နေရာကြီးဖြစ်နေရင်တော့ ရဒက်မအေးဖွယ် ရှေ့ရေးနဲ့ အန်တီစုတို့ NLDအသိုက်ကို အေးအေးချမ်းချမ်းနားခိုဖို့ မဲပေးသူကျေးငှက်များ ဘယ်ပုံနဲ့ရဲရပါ့.... ပါတီနာမည်ထိခိုက်မှာစိုးရိမ်တဲ့အတွက် လက်ထပ်ခိုင်းမယ်လို့လဲ အတည်မပြုနိုင်တဲ့သတင်းတွေအရသိရပါတယ်... ဒါသာ တကယ်ဆိုရင် NLDပါတီဝင်ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့သိက္ခာအတွက်နဲ့ မိန်းကလေးငယ်တစ်ယောက်က သူ့ကိုယ်အနိုင်ကျင့်ခဲ့တဲ့လူကို လက်ထက်ရမယ် ဆိုတာကြီးကလဲ မဟုတ်သေးပါဘူး... ဒီကိုလဲ လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ တ၀ါးဝါး အော်နေတဲ့ NLDပါတီကြီး ကောင်းကောင်းပြန်လည်သုံးသပ်သင့်ပါတယ်... နောက်ပီး တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌတစ်ဦးဖြစ်တဲ့အန်တီစုက သူ့ပါတီတွင်းမှာတောင် ဒီလို မတရားပြုကျင့်မှုမျိုးကို မကာကွယ်မထိန်းသိမ်းနိုင်ပါရက်နဲ့....Rule of law ဆိုတာကို ဘယ်လိုနည်းနဲ့ ကျိုးစားပီးတော့ ဖေါ်ဆောင်နေသလဲဆိုတာ သံသယဖြစ်စရာတစ်ခုဖြစ်လာပါတယ်... အန်တီစုရေ....အန်တီစုကိုယ်တိုင် ဥက္ကဌလုပ်ပီး.... အန်တီနှုတ်ခမ်းဖျားလေးကနေ ခဏခဏ ရေရွတ်ပြနေတဲ့ တရားဥပဒေစိုးမိုးမှု ရှိစေရေးဆိုတဲ့ အထဲမှာ NLDပါတီဝင်တွေမပါလို့များလားလေ...


From : Red Star News


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ