ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 January 2013

မအူပင်မြို့၌ NLDညီလာခံကျင်းပမည့်နေ့တွင် ဆန္ဒပြရန်ရှိနေ


ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြ
မည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်း
ခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊

၈ ရက်နေ့တွင် ပြောကြားသည် ။

" အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်
သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို
 ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလောဆယ်တော့ မြိ့နယ်ညီလာခံ
လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။

ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့
 ခွင့်ပြုမိန့် တောင်းထားတာပါ ။

ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော်
ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံကျင်းပရေးကော်
မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စား
လှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပပြီးစီးချိန်အထိ ပါတီဝင်အဖြစ်မှ
ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇)
ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ်
ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင်
ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်း
တဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ(၁၈)ရက်နေ့က ထုတ်ပေးထားတာ ၊ ကျွန်တော်တို့
ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊

 ညီလာခံက (၂၈)ရက်နေ့ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်း
လိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒလည်းပြရော ခွင့်ပြုမိန့်မရှိတော့
 ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။

သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမလုပ်ဖြစ်တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာ
ကတော့ ရှိသင့်ပါတယ် ။ ဒါပေမယ့် လိုအပ်တာထက် ပိုနေရင်တော့ မကောင်းပါဘူး
 " ဟု ပြောကြားသည် ။

အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံကျင်းပရေးကော်
မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စု
အနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီ
လာခံကိုလည်း

ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း
ဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဒေါက်တာအေးကြူ
ကလည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက်ကနေ လိမ္မာပါးနပ်စွာ
ကိုင်တွယ်သွားမှာပါ ။ ဒီတိုင်းပြည်က မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ ။

မအူပင်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း သဘောတူညီထား
ပြီးသားပါ။ သူတို့ဆီကနေ နှုတ်ကတိ ရထားပါတယ် ။

 ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေ
အတိုင်းဆို အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။

 မအူပင်မှာတင် မရရင်တိုင်းဝန်ကြီးချုပ်အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် "
ဟု ပြောကြားခဲ့သည် ။

မအူပင်မြို့တွင် ကြားဖြတ်ရွေးကောက်ပွဲပြီးစီးချိန်မှစ၍ NLD ပါတီတွင်း
မကျေလည်မှုများစတင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှ ကိုင်တွယ်စီမံမှု ညံ့သောကြောင့်
ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက၎င်း၏
အမြင်ကို ပြောကြားသည် ။

ထက်နောင်နောင်
The Myanma Age


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ