ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 February 2013

အကောက်ခွန်ဝန်ထမ်းများအတွက် ဒဏ်ငွေမှ ဝေစုကျပ်သိန်း ၁၅၀၀ ရ



ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများထဲမှ အကောက်ခွန်ဆိုင်ရာဥပဒေများနှင့် မညီညွတ်သောကြောင့် ဒဏ်ရိုက်ရမှုပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ယင်းအမှုများရရှိသော ဆုကြေးကျပ်သိန်း ၁၅၀၀ ကျော်အား အကောက်ခွန်ဝန်ထမ်းများ ခံစားခွင့်ရရှိမည်ဟု အကောက်ခွန်ဦးစီးဌာန စီမံဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဇော်လင်းကပြောသည်။

ယင်းကဲ့သို့ ဥပဒေနှင့်မညီညွတ်၍ ဒဏ်တပ်ရိုက်သည့် ဒဏ်ကြေးငွေအားလုံးအပေါ်တွင် ၈၀ ရာခိုင်နှုန်းအား ပြည်ထောင်စုအစိုးရကို ပေးအပ်ရပြီး ၁၀ ရာခိုင်နှုန်းအား အရေးယူရန် အသိပေးသောသူနှင့် ၁၀ ရာခိုင်နှုန်းကိုသာ အရေးယူဖမ်းဆီးပေးသောအဖွဲ့မှ ခံစားခွင့်ရှိကြောင်း ၎င်းကပြောသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ ဒဏ်ကြေးတပ်ရိုက် အမှုပေါင်း ၃၄၁၄ ခုရှိခဲ့ပြီး ဒဏ်ကြေးငွေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှ သက်ဆိုင်ရာအရေးယူပေးသည့် ဌာနများအားပေးပြီး အကောက်ခွန်ဦးစီးဌာနအနေဖြင့် ငွေကျပ်သိန်း ၁၅၀၀ ရရှိမည်ဖြစ်သည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ရွေးယူဒဏ်ငွေနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင်ရောင်းချခြင်းတို့မှ ရရှိသော ငွေများအပေါ်တွင် ဆုကြေးခံစားခွင့်ကို တရားဝင်အမိန့်နှင့် ညွန်ကြားချက်များ ထုတ်ပြန်ထားကြောင်း အကောက်ခွန်ဦးစီးဌာန၏ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းကပြောသည်။
ထိုကဲ့သို့ ဒဏ်ကြေးငွေ၏ ၁၀ ရာခိုင်နှုန်းအား အကောက်ခွန်ဝန်ထမ်းများအတွက် ဆုကြေးငွေအဖြစ် ရရှိသည်ဆိုသောအချက်မှာ ဒဏ်ကြေးတပ်အရေးယူမှုများကို ပိုမိုဖြစ်စေသည့်အချက်ဟု မော်တော်ယာဉ်တင်သွင်းသူများကပြောသည်။
“သူတို့က ပါမစ်ရဲ့နာမည်မှာ ဦးပါပြီး B.L မှာ ဦးမပါတာကအစ ဒဏ်ရိုက်နေတော့ ဘယ်လာကောင်းတော့မှာလဲ”ဟု တစ်ပိုင်တစ်နိုင် ကားတင်သွင်းသူတစ်ဦးကပြောသည်။
“ဆုငွေနှင့်ပတ်သက်ပြီး အကောက်ခွန်က ၀န်ထမ်းတွေပဲ ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။ အကောက်ခွန်အနေနဲ့ သီးသန့်ဖမ်းတာပဲဖြစ်ဖြစ်၊ အကောက်ခွန်နဲ့ ပူးပေါင်းပြီးမှဖမ်းတဲ့ ရဲတို့၊ သစ်တော၊ သတ္တုတွင်း၊ နောက် ဒေသအာဏာပိုင်အဖွဲ့အစည်းတွေ အဲဒီကိစ္စတစ်ခုလုံးမှာပါတဲ့ လူတွေကို ကူညီသူအနေနဲ့လည်းကောင်း၊ ဖမ်းဆီးသူနဲ့လည်းကောင်း ရစေပါတယ်”ဟု ဦးဇော်လင်းက ဆက်လက်ပြောသည်။ အကောက်ခွန်ဦးစီးဌာန၏ ၀န်ထမ်းများအနေဖြင့် ဆုကြေးများ ခွဲဝေယူရာတွင် ညွန်ကြားရေးမှူးအဆင့်မှ ဓာတ်လှေကားမောင်းသူအဆင့်အထိ ပါဝင်ပြီး လစာနှုန်းထားအလိုက် ခွဲဝေကာ ညွှန်ကြားရေးမှူးတစ်ဦးမှာ ကျပ်နှစ်သိန်းသာ ရရှိကြောင်း ၎င်းမှပြောကြားသည်။

7DAY NEW

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ