ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 February 2013

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဦးသိန်းစိန်အား နော်ဝေနိုင်ငံမှ ဖိတ်ခေါ်



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဦးသိန်းစိန်အား နော်ဝေနိုင်ငံမှ ဖိတ်ခေါ်ခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ နော်ဝေးနိုင်ငံကို လာမယ်လို့ စနေနေ့ထုတ် နော်ဝေးနိုင်ငံ VG သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။


မြို့တော်အော်စလိုမှာ အချိန်အများဆုံးပေးသွားမယ့် ခရီးစဉ်အတွင်း နော်ဝေးဘုရင်နဲ့ အစိုးရအဖွဲ့အပြင် စီးပွားလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နော်ဝေးက ဆက်သွယ်ရေး နည်းပညာကုမ္မဏီတွေကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နော်ဝေးနိုင်ငံက တယ်လီနော်(Telenor) တယ်လီဖုန်းကုမ္မဏီဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ မနှစ်ကတည်းက မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးထားပါတယ်။

မကြာသေးမီ ရက်ပိုင်းက နော်ဝေးနိုင်ငံက မြန်မာအပေါ်တင်ရှိတဲ့ကြွေးမြီ နော်ဝေးခရိုနာ ၃.၂ ဘီလီယံ (အမေရိကန် ဒ်ါလာ ၅၃၄ သန်း) ကို လျှော်ပစ်လိုက်ပါတယ်။ ဒါဟာ နော်ဝေးနိုင်ငံရဲ့ ဖွံဖြိုးဆဲနိုင်ငံတွေအပေါ်တင်ရှိတဲ့ ကြွေးမြီတွေ လျှော်ပစ်တဲ့သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။

နော်ဝေးနိုင်ငံတွင် မြန်မာအများအပြားရှိပြီး အားလုံးနီးပါးမှာ အရည်အချင်းတစုံတရာကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြသူများမဟုတ်ပဲ ဒုက္ခသည်အမည်ခံကာ အသနားခံရောက်ရှိသွားသူများဖြစ်ပါတယ်။

 

 From : ဧရာဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ