ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

3 February 2013

ရန်ကုန်တွင် စီးပွားရေး ဇုန်များ အကောင်အထည် ဖော်ရန် စီစဉ် လျက်ရှိ



ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စီးပွားရေး ဇုန်ကြီးများ
ဆောင်ရွက်ဖို့ အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ စီးပွားရေး ဇုန်ကြီးများ အဖြစ် ဆောင်ရွက်မှု ကိုတော့ မင်းဓမ္မလမ်းနဲ့ ရှစ်မိုင် လမ်းဆုံ တို့မှာ ဆောင်ရွက်ဖို့ အတွက် သတ်မှတ် လျာထားတာ ဖြစ်ပါတယ်။

ဒီလို သတ်မှတ် လျာထားရာ မှာတော့ ရှစ်မိုင် လမ်းဆုံ အနီး မြိုင်ဟေ၀န် ပန်းခြံ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမနဲ့ ၀ိတိုရိယ ဆေးရုံ အနီးရှိ မြေလွတ်ရှိတဲ့ နေရာများမှာ အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက်မယ့် စီးပွားရေး ဇုန်များမှာ အဆင့်မြင့် ရုပ်ရှင်ရုံများ၊ အဆင့်မြင့် ဟိုတယ်များ၊ စီးပွားရေး အဆောက်အအုံများ၊ ကုမ္ပဏီ ရုံးခန်းများ စတာတွေကို ထည့်သွင်း ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခုလို ဆောင်ရွက်ဖို့ အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဒီဇိုင်း ရေးဆွဲ လျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ကိုတော့ နောက်ပိုင်းမှာ တင်ဒါခေါ် ယူမှုတွေ ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။


From : MRTV4
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ