ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 February 2013

မနက် ၆ နာရီထ စာကျက်တဲ့ ၇တန်းကျောင်းသူ ၇နာရီမှာ ဆွဲကြိုးချသေတာတွေ့ရ




ကယားပြည်နယ်၊ လွိုင်ကော်  မြို့၊ မိုင်းလုံးရပ်ကွက်တွင် သတ္တမ တန်းကျောင်းသူတစ်ဦးကြိုးဆွဲချ ကာသေဆုံးသောဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေထိုင်ပြီးလည်း ကောင်း၊ ရပ်ကွက်အတွင်းရှိအမှတ်  (၄) အခြေခံပညာအထက်တန်း ကျောင်းမှ သတ္တမတန်းကျောင်းသူ   မ——(ခ) မ——(၁၈ နှစ်) ဖြစ် သည်။
အဆိုပါနေ့ နံနက် ၇ နာရီ  အချိန်ခန့်က သေဆုံးသူ၏ မိခင် ဖြစ်သူသည်နေအိမ်အောက်ရှိမီးဖို  ချောင်၌ ထမင်း၊ ဟင်းချက်ပြုတ် ပြီးနောက်နေအိမ်အပေါ်ထပ်သို့ ဆွမ်းတော်တင်ရန်တက်ရောက်သွား စဉ်သမီးဖြစ်သူ၏စာကျက်သံမကြား  ရ၍ အိပ်ခန်းအတွင်းသို့ဝင်ရောက်   ကြည့်ရှုရာသမီးဖြစ်သူမှာ နေအိမ် အိပ်ခန်းအတွင်းစာကြည့်စားပွဲဘေး ထုပ်တန်း၌ အဖြူရောင်ချည်ကြိုး  ဖြင့် ကြိုးဆွဲချလျက်သေဆုံးနေ သည်ကိုတွေ့ရသည်ဟုဆိုသည်။
မ—–(ခ) မ—–သည် မောင်နှမလေးဦးရှိသည့်အနက် အထွေးဆုံးသမီးဖြစ်ကြောင်း၊ သတ္တမတန်းတွင် ပညာသင်ကြား နေခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ကြောင်း  အခြားအတန်းများတွင်လည်း စာမေးပွဲကျရှုံးခဲ့ဖူးကြောင်း၊ စာညံ့ ၍ ကျောင်းမထားလိုတော့သော် လည်း မ—-(ခ) မ—-က ကျောင်းအပ်ပေးရန် ပူဆာသဖြင့်  ကျောင်းအပ်ပေးခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖခင်ဖြစ်  သူကွယ်လွန်ခဲ့ပြီး နောက်အဖမဲ့  သမီးဖြစ်၍ အလိုလိုက်ခဲ့ကြောင်း၊  အခင်းဖြစ်ပွားသည့်နေ့ နံနက် ၆ နာရီအချိန်ခန့်က မ—-(ခ) မ—–သည် အိပ်ရာမှထပြီးနေအိမ်  အောက်သို့ဆင်းကာမျက်နှာသစ် ခဲ့ပြီး စာကျက်ခဲ့သေးကြောင်း မိခင်  ဖြစ်သူကပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လွိုင်ကော်ရဲစခန်းမှ ဒုရဲအုပ်ထွန်း ထွန်းဝင်းက အခင်းဖြစ်ရပ်သို့သွား ရောက်စုံစမ်းစစ်ဆေးခဲ့ပြီး သတင်း  ပေးတိုင်ကြားရာ လွိုင်ကော်ရဲစခန်း  က သေမှုသေခင်းအမှတ် ၁/၂၀၁၃  ကို ရေးဖွင့်လျက် စခန်းမှူးရဲအုပ် လေးအောင်က ဆက်လက်စုံစမ်း  စစ်ဆေးကြောင်း သိရသည်။

HOT NEWS

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ