ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 February 2013

(၁၅) နှစ်မြောက် ခိုင်ရာဇာနိ့ အခမ်းအနားကို ရက္ခိုင့်တပ်မတော်၊ ရှိတန်းစစ်မြီပြင်စခန်းတစ်နီရာ၌ ပြုလုပ်ကျင်းပ


arakan armyမျိုးသာဂီ။ ။၂ဝ၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နိ့တွင် ကျရောက်လာသည့် (၁၅) နှစ်မြောက် ခိုင်ရာဇာနိ အခမ်းအနားကို ရက္ခိုင့်တပ်မတော်၊ ရှိတန်းစစ်မြီပြင် တစ်နီရာ၌ တော်လှန်ရီးအနှစ်သာရဟိစွာ ပြုလုပ်ကျင်းပလားခကြောင်း စစ်ရုံးချုပ်မှ ဒေဂနိတွင် ပြောကြားလိုက်သည်။

အခမ်းအနားသို့ ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်၊ မဟာမိတ်အဖွဲ့များ၊ စစ်ရုံးချုပ်မှ တာဝန်ဟိပုဂ္ဂိုလ်များ၊ စစ်ကြောင်းမှူးများနှင့် စစ်သည်၊ စစ်မယ်များ တက်ရောက်အလေးပြုခကတ်ကြောင်း သိဟိရသည်။
ဒုတိယစစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် “ခိုင်ရာဇာ၏ ပီးဆပ်စွန့်လွှတ်မှုများ၊ တောက်ပြောင်သော သူရဲကောင်းစိတ်ဓာတ်နှင့် လုပ်ရည်ကိုင်ရည်စသည်ရို့ကို အကျယ်တဝင့် ချီးကျူးပြောကြားပြီး မျိုးဆက်သစ်ရဲဘော်များ အနီဖြင့် ခိုင်ရာဇာ၏ လုပ်ရပ်များကို စံနမူနာထားကာ အားကျအတုယူ လိုက်နာကျင့်သုံးကတ်စီလိုကြောင်း၊ ခိုင်ရာဇာအပါအဝင် ခေါင်းဆောင်ကြီးများ လျှောက်လှမ်းခသည့် မပြီးဆုံးသိမ့်ရေ အမျိုးသားတော်လှန်ရီး တာဝန်တိကို လက်ဆင့်ကမ်းပြီးကေ ဆက်လက်ထမ်းဆောင်လားကတ်ရဖို့ဖြစ်ကြောင်းနှင့် တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုကတ်ရန်” တိုက်တွန်း ပြောကြားခကြောင်း သိဟိရသည်။
စစ်ရုံးချုပ်မှလာသော သတင်းတစ်ရပ်အရ NUPA (ဘင်္ဂလားဒေ့ခ်ျ) ပါတီမှာ ရက္ခိုင့်တပ်မတော်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ရီးအတွက် သဘောတူ နားလည်မှုများကို လက်မှတ်ရီးထိုးထားပြီး ရခိုင်ပြည်တပ်မတော်မှ လက်ကျန် စစ်သည်အင်အား များကိုလည်း ရက္ခိုင့်တပ်မတော်၊ စစ်ရုံးချုပ်၏ စီမံခန့်ခွဲမှုအောက်သို့ တရားဝင်လွှဲပြောင်းထားပြီးဖြစ်ကြောင်း သိဟိရသည်။
ရခိုင်ပြည်တပ်မတော်ကို ကမကထပြုတည်ထောင်ခသူ ခေါင်းဆောင်ကြီး စစ်ဦးစီးချုပ်ခိုင်ရာဇာသည် ၁၉၉၈-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နိတွင် ရန်သူစစ်တပ်မှ အိန္ဒိယအစိုးရထောက်လှမ်းရီးကို အသုံးချကာ ယုတ်မာသောနည်းလမ်းဖြင့် ကောက်ကျစ်စဉ်းလဲစွာ လုပ်ကြံသတ်ဖြတ်ခမှုကြောင့် ကျဆုံးခရသော်လည်း ခိုင်ရာဇာ အပါအဝင် သူရဲကောင်းခေါင်းဆောင်များ၏ နာမည်နှင့်ဂုဏ်ဒြပ်မှာ ရက္ခိုင်ပြည်သူရို့၏ ရင်ထဲ၌ မိန့်ပျောက်မရနိုင်ဘဲ အစဉ်ထာဝရရှင်သန် နီမည်သာဖြစ်ပေသည်။
(Share Arakan News Facebook စာမျှက်နှာမှ လေးဝတီက ကူးယူဖော်ပြသည်)

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ