ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 February 2013

၁၅ နှစ်ပြည့် ရခိုင်ပြည်တပ်မတော် စစ်ဦးချုပ်ဗိုလ်ချုပ်ခိုင်ရာဇာအပါအ၀င် ရခိုင်နန့်ကရင်ခေါင်းဆောင်များအား အိန္ဒိယအစိုးမှ သွီးအအီးဖြင့် လုပ်ကြံသတ်ဖြတ်ခံရနိ့ ၀မ်းနည်းအောက်မိန့်ဖွယ်အခမ်းအနားတစ်ရပ်ကို နယ်သာလန်နိုင်ငံတွင် ကျင်းပ


aa 1မင်းရာဇာ(လေးဝတီ)။           ။၁၅ နှစ်ပြည့် ရခိုင်ပြည်တပ်မတော်စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာအပါအ၀င် ရခိုင်နှင့်ကရင်ခေါင်းဆောင် ၆ ယောက်အား အိန္ဒိယအစိုးရထံတွင် သွီးအအီးဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံရရေနိ့
ဝမ်းနည်းအောက်မိန့်ဖွယ်အခမ်းအနားတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၁၁ ရက်နိ့က နယ်သာလန်နိုင်ငံ Ijssellanden 21 , Wijhe မှာ  ကျင်းပပြုလုပ်ခရေလို့ သတင်းရရှိပါသည်။
အခမ်းအနားကျင်းပခြင်းနန့် ပတ်သက်လို့ “ကျွန်တော်ရို့ ရဲဘော် ၃၆ ယောက်ကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချ အကျဉ်းချထားရေနိ့ ကျွန်တော်ရို့ခေါင်းဆောင် ဗိုလ်ချုပ် ခိုင်ရာဇာအပါအ၀င် ရခိုင်နန့်ကရင်ခေါင်းဆောင် ၆ ယောက်ကို တရားဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်လိုက်တေနိ့ ဖြစ်တေအတွက်နန့် ဒေပိုင်နိ့ရောက်တိုင်း ကျွန်တော်ရို့ရေ ၀မ်းနည်းအောက်မိန့်ဖွယ်နိ့တရက်အဖြစ် ထောင်ထဲမှာ အကျဉ်းကျနီစိုင်ကလည်း နှစ်စိုင်နှစ်တိုင်းကျင်းပခပါရေ။ ထောင်တွင်းမှာခါ အဂုပိုင် အခမ်းအနားမျိုးနန့် လုပ်ခွင့်မရဂေ့လေ့ ကျွန်တော်ရို့ ညဇာဖက် ထမင်းတထပ်မစားဘဲနန့် လုပ်ကြံခံလိုက်ရရေ ခေါင်းဆောင်တိကို အလေးပြု၊ နောက်ကျဆုံးလားရေ ရခိုင်ပြည်သူပြည်သားတိကို အောက်မိန့်ရေအထိမ်းအမှတ်ကို နှစ်တိုင်းကျင်းပလာရေအတွက်နန့် ဒေနှစ်မှာ ကျွန်တော်ရို့ခေါင်းဆောင်တိကို လုပ်ကြံခရေ ၁၅ နှစ်ပြည့်မြောက် အခမ်းအနားကို နယ်သာလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါရေ” လို့  ရဲဘော် ၃၄ ယောက်ထဲက ခေါင်းဆောင်တစ်ယောက်ဖြစ်တေ ဗိုလ်မှူးကြီး ဓညလင်းက ပြောပါသည်။
11ရခိုင်နှင့်ကရင်တော်လှန်ရေးရဲဘော်တိရေ အိန္ဒိယထောင်အတွင်း အကျဉ်းကျနီစိုင်ကာလကပင် ဖေဖေါ်ဝါရီလ ၁၁ နိ့ ကျရောက်တိုင်း ၀မ်းနည်းအောက်မေ့ဖွယ်အမှတ်တရအခမ်းအနားကို ၁၅ တိုင်တိုင် စိုင်ဆက်မပြတ် နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်ခကြောင်း ပြောဆိုပါသည်။
“ကျွန်တော်ရို့ ခေါင်းဆောင်တိကို အစိုင်ထာဝရ သတိနိန်ပြီးကေ သူရို့တိချမှတ်ခရေလမ်းစိုင်တိကို တသွေမတိန်းလိုက်နာပြီးကေ သူရို့၏ အသက်သွီးတိကို ခင်းပနာ ပီးဆပ်ခရေလမ်းစိုင်တိကို ကျွန်တော်ရို့ ဆက်လက်ပြီးကေ အကောင်အထည်လားပါဖို့၊ နောက်ရခိုင်ပြည်သူပြည်သားတိလည်း မမိန့်မပျောက်နိုင်အောင်အတွက် နှစ်စိုင်နှစ်တိုင်းကျင်းပလာခြင်းဖြစ်ပါရေ” လို့ ဆက်ပြောခပါသည်။
ရခိုင်ပြည်တပ်မတော်စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာအပါအ၀င် ရခိုင်နှင့်ကရင်ခေါင်းဆောင် ၆ ယောက်ကို ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ နိ့ အိန္ဒိယနိုင်ငံ အန်ဒမန်၊ နီကိုဘာကျွန်းစု လန့်ဖောလ်ကျွန်းမှာ အိန္ဒိယအစိုးရက သွီးအအီးဖြင့် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခရပါသည်။
ယင်းအခမ်းအနားကို နယ်သာလန်နိုင်ငံရောက်ရခိုင်အမျိုးသားတိအပြင် ရခိုင်နန့်ကရင်ရဲဘော်တိ ဖိတ်ကြားထားသူတိ  တက်ရောက်ခပြီး အိန္ဒိယနိုင်ငံတွင်လည်း ရခိုင်ကွန်မြူနတီမှ ဦးဆောင်ကျင်းပခရေလို့ သိရပါသည်။
OLYMPUS DIGITAL CAMERA
အိန္ဒိယနိုင်ငံမှာ ကျင်းပခရေ အခမ်းအနားကို တက်ရောက်ခရေ ရခိုင့်တပ်မတော်မှ ဗိုလ်မှူးညိုမင်းခိုင်က “စစ်ဦးစီးချုပ် ခိုင်ရာဇာရေ ခေတ်သစ်ရခိုင်တော်လှန်ရေးသမိုင်းမှာ စံထားလောက်တေပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးကေ ရှီမတိုးနိုင်ဖြစ်နိန်ရေ ရခိုင့်တော်လှန်ရေးကို သမိုင်းတခေတ်ဆန်းဖို့အတွက် ကြိုးစားခပါရေ။ ယေဂေ့လေ့ တော်လှန်ရေးလမ်းခရီးမှာ မမျှော်လင့်ဘဲ ကျဆုံးခလားခစွာရေ ရခိုင်တော်လှန်ရေးအတွက်ရာမက ရခိုင်တမျိုးသားလုံးအတွက် တိုင်းတာလို့မရရေ ဆုံးရှုံးမူတစ်ရပ်ဖြစ်ပါရေ။ သူ၏လုပ်ဆောင်ချက်တိရေ ကျွန်တော်ရို့ ရှီဆက်လားဖို့တော်လှန်ရေးခရီးအတွက် အင်အားတိ၊ မျှော်လင့်ချက်တိကို ပီးခရေလို့ ပြောချင်ပါရေ” လို့ ပြောပါသည်။
OLYMPUS DIGITAL CAMERA
၁၅ နှစ်ပြည့် ရခိုင်ပြည်တပ်မတော် စစ်ဦးချုပ်ဗိုလ်ချုပ်ခိုင်ရာဇာအပါအ၀င် ရခိုင်နန့်ကရင်ခေါင်းဆောင်များအား အိန္ဒိယအစိုးမှ သွီးအအီးဖြင့် လုပ်ကြံသတ်ဖြတ်ခံရနိ့ ၀မ်းနည်းအောက်မိန့်ဖွယ်အခမ်းအနားကို နယ်သာလန်နိုင်ငံနန့် အိန္ဒိယနိုင်ငံအပြင် နိုင်ငံတချို့မှာလည်း ကျင်းပခရေလို့ သတင်းရရှိပါသည်။


လေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ