ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 February 2013

အာရှမြေမှ ပရိတ်သတ်များနဲ့ တွေ့ဆုံဖို့အရေး စိတ်လှုပ်ရှားနေတဲ့ ဖီးလ်ဂျုံးစ်


jones-2013
မန်ယူအသင်းရဲ့ နောက်ခံလူ ဖီးလ်ဂျုံစ်းဟာ အသင်းဖော်များရဲ့ ပြောစကားများ မှတစ်ဆင့် အာရှမြေမှ မန်ယူပရိတ်သတ် များရဲ့ တခဲနက်အားပေး မှုများကို သိခဲ့ရပြီးနောက် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖို့ကို စိတ်လှုပ်ရှားနေမိပြီး မစောင့်နိုင် လောက်အောင် ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ မနေ့က တနင်္လာနေ့မှာ အာရှမှာ ကစားမဲ့ ရာသီကြို ခြေစမ်းပွဲ ကစားမဲ့ ပွဲချိန်များကို ကြေငြာခဲ့ပြီး ဂျူလိုင်၂၃ရက်မှာ ယိုဂိုဟားမားနဲ့ ဂျူလိုင်၂၉ရက်နေ့မှာ ဟောင်ကောင်ကလပ် Kitchee FC အသင်းတို့နဲ့ ခြေစမ်းကစား ကြမှာ ဖြစ်ပါတယ်။
ဂျုံးစ်ဟာ မန်ယူကို ရောက်ရှိကာစ ၂၀၁၁ ဘောလုံးရာသီမှာတော့ မန်ယူအသင်းနဲ့အတူ အမေရိက ခြေစမ်းခရီးစဉ်ကို လိုက်ပါခွင့် ရခဲ့ပြီး မနှစ်ကရာသီမှာတော့ ဒဏ်ရာများကြောင့် အာဖရိက ခရီးစဉ်နဲ့ ရှန်ဟိုင်းခရီးစဉ်တွေကို လွဲချော်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် ယခုတကြိမ် အာရှခရီးစဉ်ဟာ ဂျုံးစ်အတွက် ပထမဆုံး ခရီးစဉ်  ဖြစ်လာမှာဖြစ်ပြီး သဲသဲလှုပ် အားပေးတတ်တဲ့  အာရှက ပရိတ်သတ်တွေနဲ့ ဆုံတွေ့ဖို့ကို ဂျုံးစ်က စိတ်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
ရီယိုရဲ့ ပြောစကားအရ ဆိုရင် ပရိတ်သတ်ထုကြီးက အာရှမှာ အရမ်းကို ကြီးမားတယ်လို့ သိရပါတယ်။ အဲဒီကို သွားဖို့ ကျွန်တော်တို့အတွက် အရမ်းကို စိတ်လှုပ်ရှားစေပြီး အတွေ့အကြုံ သစ်တွေလည်း ရရှိစေပါတယ်။ ပရိတ်သတ် တွေအနေနဲ့လည်း ကျွန်တော်တို့နဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခွင့် ရတဲ့အတွက် ပိုမိုကောင်းမွန် စေပါတယ်။ ဒီလိုပရိတ်သတ် တွေအတွက် တစ်စုံတစ်ခု ပြန်လည်ပြုလုပ် ပေးနိုင်ဖို့က အရမ်းအရေးကြီး တယ်မဟုတ်လား ” လို့ ဂျူံးစ်က အသင်းရဲ့ ၀ဘ်ဆိုဒ်ကို ဖွင့်ဟ ခဲ့ပါတယ်။
ဆက်လက်ပြီး “  ယူနိုက်တက်နဲ့ ပထမဆုံး လက်တွဲခဲ့တဲ့ ၂၀၁၁ခုနှစ်မှာပဲ ယူနိုက်တက်ဟာ ဘယ်လောက် ကြီးကျယ်တဲ့ ကလပ်လဲ ဆိုတာ ကျွန်တော့ကို သိသာစေ ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခမ်းနားကြီးကျယ်တဲ့ အသင်းတစ်သင်း ဆိုတာလောက်ပဲ သိထားပေမဲ့ ဒီလောက်ကြီးမားများပြားတဲ့ ပရိတ်သတ် ထုကြီးကို ပိုင်ဆိုင်ထား လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကျွန်တော်တို့ကို ရိပ်ခနဲ တစ်ချက်မြင်ရုံလောက်ပဲ ကြည့်ခွင့်ရဖို့ ဟိုတယ်ရဲ့ အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ ပရိတ်သတ်က တကယ့်ကို အများကြီးပါ။ ဒါဟာ အိပ်မက်ဆန်တဲ့ အဖြစ်အပျက် မျိုးတွေဆိုပေမဲ့ အတွေ့အကြုံတွေ အများကြီး တိုးစေပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ