ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

5 February 2013

ပါရာပိုက် အုန်းလက်ကာပြီးကေ အုန်းသီးရောင်း၊ ခရုခွံရောင်းရေအဖြစ် မရောက်ဇီသျှင်


ngapali-beach-myanmar copyအဂုအခါ ရခိုင်ပြည်ကို ရခိုင်လူမျိုးတိ တန်ဖိုးထားရေပိုင် လူမျိုးခြားတိကလေး ရခိုင့်သယံဇတ၊ ကမ္ဘာ့ပထ၀ီဝင် အနီအထား ကုန်သွယ်ရေး စီပွါးရေး ပထ၀ီနိုင်ငံရေးအရ တန်ဖိုးထား စိတ်ပါဝင်စားမူတိ ဟိလာကတ်လို့ ရင်းနှီးမြုပ်နှံလာကတ်ပါရေ ကောင်းခြင်းမင်္ဂလာဟိရေပိုင် ဆုံးရှူံးလားဖို့စွာတိလေး မရွီမတွက်နိုင်လို့ မြင်တွိနီရပါရေ။

အကျွန်ရို့ ရခိုင်ပြည်စွာ အဂုအချိန်မှာ အကြီးအကျယ် ဆင်းရဲပြီးကေ လုပ်စားစရာမဟိ ရခိုင်ပြည်မှာ ရခိုင်သားတိ ဘ၀ရက်တည်လို့ မရနိုင်ရေအဆင့်ထိ ရောက်ဟိနီပါရေ။ ယင်းဟာနန့်ဇု မွီးရပ်မြီကို စွံ့ပိုက်ပြီးကေ ဗမာပြည်အနှံ့နန့် နိုင်ငံတကာရို့ကို  ရခိုင်လူမျိုးတ၀က်ကျော်လောက် ရွိ့ပြောင်းထွက်လားကတ်ရပါရေ။ အဂုအချိန်မှာတော့ခါ ရခိုင်ပြည် ပြန်ပြီးကေ စီးပွားရေး နလံထူဖို့ ဖြစ်နီစွာကို အားလုံး ကြားသိမြင်တွိ့နီကတ်ရပါရေ။
ရခိုင်လူမျိုး ဒေသခံတိ အနီနန့် ရင်းနှီးမြုပ်နှံရေ လုပ်ငန်းရှင်တိကို ကြိုဆိုရပါဖို့ ယေမှရာ ကိုယ့်အရပ်ကိုယ့်ဒေသမှာ အလုပ်အကိုင် ပွားများပြီးကေ အလုပ်အကိုင်အခွင့်အလမ်းတိ ရလာကတ်ပါဖို့ ကိုယ့်ရပ်ကိုယ့်ဒေသမှာ အလုပ်အကိုင်ဟိကေ ဇာသူလည်း ရခိုင်ရိုးမကို ကျော်ပြီးကေ မလားဆိုစွာ သေချာပါရေ။ ရခိုင်ပြည်ကို ရခိုင်လူမျိုးလောက် သျှစ်တေလူ ကမ္ဘာမှာ မဟိနိုင်ပါ။ ယေကေ့လည်း ကိုယ့်လူမျိုး ကိုယ့်မြီကို စနစ်တကျ သျှစ်တတ်ဖို့ အဂုအချိန်မှာ ပိုလို့ အရေးတကြီး လိုအပ်လာပါရေ။ အဂုရခိုင်ပြည်အနှံ့မှာ သဘာဝသယံဇာတကြောင့်တကြောင်း၊ ရီ မြီ ပထ၀ီအနီအထားကြောင့်တကြောင်း တရက်ပြီးတရက် မြီကြီးတန်ဖိုးဟိလာနီပါရေ။ ယင်းစွာတိကို အခွင့်ကောင်းယူပြီးကေ အာဏာပါဝါ အမျိုးမျိုးသုံးပြီးပနာ ဆင်းရဲနှိမ့်ကျနီရေ ရခိုင်လူမျိုးတိဘားက မရရအောင် ဖေသာ၊ အာဏာတိနန့် လူမျိုးမတူ မသမာရေလူတိက အတင်းအဓမ္မ လိမ်ပနာယူနီစွာတိ၊ တောသူတောင်သားတိက အနာဂါတ်ကို ကြည့်နိုင်စွမ်း မဟိရေခါ ဆင်းရဲခြင်းတိကို မခံစားနိုင်ကတ်လို့ ဖေသာ စကေစကေရောင်းနီကတ်စွာတိ၊ ယင်းစွာတိကို ကာကွယ်ဖို့အတွက် ရခိုင်ပြည်မှာ ရခိုင်လူမျိုးတိအတွက် မှန်မှန်ကန်ကန် ရပ်တည်ပီးနိုင်ရေ ကာကွယ်နိုင်ရေ ရခိုင်လူမျိုးတိကို ကိုယ်စားပြုရေ အစိုးရလည်းမဟိ။ ယေကေလေး ဇာပင်ဖြစ်ဖြစ် ဒေမြီကြီးကို ကာကွယ်ဖို့ ရခိုင်မြီကို ရခိုင်ရို့ ကမ္ဘာတည်ဟိသမျှကာလပတ်လုံး ထိန်းသိမ်းပိုင်ဆိုင်ထားဖို့က ရခိုင်လူမျိုးတိအတွက် မဟာတာဝန်ကြီးတစ်ခု ဖြစ်ပါရေ။ ရခိုင်ရို့မှာ ကိုယ်ပိုင်မြီရာပျောက်လားဖို့ဆိုကေ ရခိုင်လူမျိုးရပ်တည်မူဟာလေး မခိုင်မြဲပါ သိက္ခာလည်း မဟိဖြစ်လားပါဖို့။ ဇာနိုင်ငံ ဇာအရပ်ကပင် လာလာ ဇာစက်ရုံ အလုပ်ရုံပင် လာဆောက်ဆောက် ရခိုင်မြီကြီးကို ရခိုင်သားတိ ထာဝရပိုင်ဆိုင်ထားရဖို့ လိုပါရေ။
ရခိုင်ပြည် သံတွဲမြို့နယ်က မဇင်၊ ဇီးဖြူကုန်း၊ ငပလီ၊ ရွှေဝါဂျိုင် ကမ်းခြီတောက်လျောက်ကို ခေတ်အဆက်ဆက်ကပင် ယင်းရွာတိက ရခိုင်လူမျိုးတိ ပိုင်ဆိုင်လာခပါကတ်ပါရေ ဒေနီရာတိကို အပန်းဖြေစခန်းလုပ်လိုက်တေခါ ဒေသခံ ရခိုင်လူမျိုးတိပိုင်ဆိုင်ရေ နီရာမြီကြီးတိအားလုံးရေ လူမျိုးခြားတိလက်ထဲသို့ ရောက်လားခပါရေ။ ရခိုင်သားပိုင် ဟော်တယ်ကို မပြောကေ့ ဘန်ကလိုသျှေ တလုံတောင် မဟိပါ။ နိုင်ငံတကာနန့် မြန်မာတနိုင်လုံးက လာကတ်တေ အာဂန္တုတိရောက်တေအချိန်မှာ အကျွန်ရို့ ရခိုင်သားရခိုင်သမတိက ပင်လယ်ကမ်းစပ်မှာ “ပါရာပိုက်(မဏ္ဍပ်ထိုး) အုန်းလက်သျှေကာပြီးကေ အုန်းသီးရောင်း၊ ခရုခွံရောင်း” ပြီးကေ ဘ၀ရပ်တည်ဖို့ စီးပွားသြှာရရေ ဘ၀ကို ရောက်လားကတ်ရပါရေ။ ဒေပိုင်သျှောင် မဖြစ်ရအောင် သင်္ခန်းစာယူပြီးကေ စောင့်ရှောက်ကတ်ပါ။ သြဇာဟိရေလူတိ အသိပညာသျှင် အတတ်ပညာသျှင်တိနန့် ဖေသာ ဒင်္ဂါး တတ်နိုင်ရေ ရခိုင်သားတိ အားလုံး စုပေါင်းပြီးကေ ရခိုင်မြီကို ရအောင်ကြိုးစားကတ်ပါ။ စီးပွားရင်းနှီးမြုပ်နှံကတ်တေ ကုမ္ပဏီတိ ကော်ပိုရေးရှင်းကြီးတိကို နှစ်တိုနှစ်ရှည် စာချုပ်တိနန့် ငှါးပြီးကေ လုပ်နိုင်ကတ်ကေတော့ ရခိုင်ပြည် ရခိုင်လူမျိုးတိအတွက် ကကောင်းတန်ဖိုး ဟိပါဖို့ ထင်မိပါရေ။
ဒေမြီကို အကျွန်ရို့ ရခိုင်တိစွာ လွန်ခရေနှစ်ပေါင်း ၅၀၀၀ ထောင်ကျော်က ရခိုင်သမိုင်းမစတင်ခင် ရှီးဘဝေသဏီကပင် ဓါးမဦးသျှ ပိုင်ဆိုင်လာကတ်ပါရေ ယင်းလောက် နီထိုင် ပိုင်ဆိုင်စောင့်ရှောက်ထိန်းသိမ်း ကာကွယ်လာကတ်တေ ရခိုင်တိဟာ ဒေနိန့် စီးပွါးရေးဇုံတိနန့် အခြားအခြား လုပ်ငန်းတိလုပ်လာပြီးကေ လုပ်ကိုင်ခါမှ ကိုယ့်မြီကိုယ်မပိုင်ဆိုင်နိုင်ယာ ဆိုစွာတော့ မဖြစ်ဇီသျှင်ပါ။ ။
ကျကျမ်းမမာ သျသျမ်းသာသာ ဟိနိုင်ကတ်ပါဇီ။
အောင်လွင်
၀၁ ၊ ၁၂ ၊ ၂၀၁၃
hoi

hotelလေးဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ